အမြင့်စံကြပေမဲ့
အပွင့်ရံရတဲ့ ဘ၀ပါလေ ... ။
ဟန်မပြင် မာန်မ၀င်တတ်ပါပေါ့
မပန်ချင် ဆံပင်ထက်မှာတော့
ပန်းခက်သာဝေ ... ။
လေအဝှေ့မှာဖြင့်
မြေငွေ့ကို ခိုလှုံစမ်းချင်လို့
နန်းသခင် ပင်အိုထက်ဆီက
သက်ဆင်းလို့ ခ-ကာကြွေ
ကျလေပေါ့ မြေထက်။
မညည်းရက်ပါ
နီးလျက်သာ ဝေးသူမို့
ဆွေးပူကာ မနေအားပါဘူး
တပါးသူ ဆွတ်ချူလှမ်းပါမှ
ပန်းမာလာ လှမ်းကာသာ အခေါ်ခက်တယ်
ကွယ် ... မြေခ-ကြွေရွက် ... ။ ... ။
ကဗျာလေးကော ပုံလေးကော ကောင်းတယ်
ReplyDeleteလန်းတယ်ဗျာကဗျာလေးက
ReplyDeleteစိန်ခဲရေ
ReplyDeleteမညည်းရက်ပါ
နီးလျက်သာ ဝေးသူမို့
ဆွေးပူကာ မနေအားပါဘူး
တပါးသူ ဆွတ်ချူလှမ်းပါမှ
ပန်းမာလာ လှမ်းကာသာ အခေါ်ခက်တယ်-----အဲဒီလိုလေးသုံးထားတာကောင်းတယ်
ခင်မင်တဲ့ sis jasmine
ကဗျာကောင်းလေးပဲ အားပေးခဲ့ပါတယ်
ReplyDeleteအဲဒီကဗျာကို မျှဝေတာဆိုရင် မူရင်းရေးသူရဲ့လင့်ခ်ကို credit ပေးသင့်ပါတယ်ရှင်။
ReplyDeleteရွက်ကြွေကဗျာလေးက ကျမကိုယ်တိုင် ရေးခဲ့တာပါ။
မူရင်းလင့်ခ်က ဒီမှာပါ။
http://maydar-wii.blogspot.co.uk/2011/01/blog-post_21.html