Friday, 23 March 2012

ညီတော်အာနန္ဒာ၏ တစ်သက်တာ မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ပြည်ပသို့ ဓမ္မဒါနဖြန့်ဝေမည်

ပြည်ပရှိ ဗုဒ္ဓဘာသာဝင်များနှင့် လေ့လာသူများအတွက် ဓမ္မဒါနဖြန့်ချိရန် ရည်ရွယ်၍ ညီတော်အာနန္ဒာ၏ တစ်သက်တာ မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ လှူဒါန်းရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
ယင်းစာအုပ်၏အမည်မှာ The Shadow of Lord Buddha ဖြစ်ပြီး အခကြေးငွေဖြင့် ရောင်းချခြင်းမပြုဘဲ ဓမ္မဒါနဖြစ်ကာ ပြည်ပသို့ အဓိကဦး တည်လှူဒါန်းသွားမည်ဟု ဒေါက်တာ သန်းအေးက ပြောပြခဲ့သည်။
“ဒီစာအုပ်ကို ဘာသာပြန်ဆိုဖို့ အတွက် စတင်သူကတော့ တောင်အာဖရိကနိုင်ငံတော် ဆေးတက္ကသိုလ် မှာ ပိုးမွှားဗေဒဆိုင်ရာ ဌာနမှူးဖြစ်ခဲ့တဲ့ ဒေါက်တာဖြူဖြူစိန်ပါ။ သူက ၂၀၀၇ ခုနှစ်လောက်မှာ ဒီစာအုပ်ကို စပြီး ဘာသာပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ သူက ကင်ဆာနဲ့ ဆုံးသွားတဲ့အ
ခါ သူငယ်ချင်းဖြစ်တဲ့ ကျွန်တော့်ဆီကို ၂၅ ရာခိုင်နှုန်းလောက် ဘာသာပြန်ထားတဲ့ဒီစာအုပ်က ရောက်လာပါတယ်။ ဒီစာအုပ်ကိုဘာသာပြန်ဖြစ်ခဲ့ပြီး ပြည်ပမှာရှိတဲ့သူတွေကိုလှူဒါန်းချင်တဲ့ရည်ရွယ်ချက်ကို ပြောရရင် နိုင်ငံခြားကို ရောက်တဲ့အခါ အဓိကတွေ့ရတာက နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်တွေ အပါအ၀င် ဗုဒ္ဓဘာသာဝင်ဆိုတဲ့သူ အတော်များများဟာ ငါးပါးသီလလောက်ကိုသာဘာသာတရားလို့ထင်မြင်နေကြတာကို တွေ့ရတယ်။မိရိုးဖလာဗုဒ္ဓဘာသာဆိုတာမျိုးကိုသာ တွေ့ရတယ်။ ဒါကြောင့် အခုလိုစီစဉ်ဖြစ်တာပါ” ဟု စာအုပ်ကိုဘာသာပြန်သူ ဒေါက်တာသန်းအေးက ပြောပြခဲ့သည်။
လက်ရှိတွင် ရိုက်နှိပ်ထားသည့် အုပ်ရေ ၁၁၀၀ ကို ဟောင်ကောင်၊ မလေးရှား၊ အင်္ဂလန်၊ အမေရိကန် နိုင်ငံများရှိ တက္ကသိုလ်များ၊ စာကြည့်တိုက်များနှင့် နိုင်ငံတကာ ဗုဒ္ဓဘာသာသာသနာရေးအဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်းရန် စီစဉ်ထားပြီး ပြည်တွင်းတွင်မူ သာသနာရေးဦးစီးဌာန၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်နှင့် ပရိယတ္တိစာသင် တိုက်များသို့ လှူဒါန်းသွားမည်ဟု သိရသည်။The Shadow ofLordBuddhaစာအုပ်ကို၂၀၀၇ခုနှစ်မှ၂၀၁၁ခုနှစ်အထိ ပြန်ဆိုခဲ့ပြီး အပြည် ပြည်ဆိုင်ရာဗုဒ္ဓဘာသာစံချိန်စံညွှန်းစာလုံးပေါင်းသတ်ပုံများဖြင့်အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။
ညီတော်အာနန္ဒာ၏ တစ်သက်တာ မှတ်တမ်းစာအုပ်သည် ဂေါတမ မြတ်စွာဘုရား၏ ဒုတိယဗောဓိဝါတော် ၂၅ ၀ါအတွင်း မြတ်စွာဘုရား၏အနီးတွင်အမြဲမပြတ်ရှိနေခဲ့သည့်ညီတော်အာနန္ဒာ၏မှတ်တမ်းသဖွယ် ရေးသားထားသည့် စာအုပ်ဖြစ်ကာ မူရင်းရေးသားသူမှာ ၀ဏ္ဏသီရိဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် ၀န်းကျင်တွင် ပထမဦးဆုံး ထုတ်ဝေခဲ့ကြောင်း သိရသည်။           

No comments:

Post a Comment