Thursday, 15 March 2012

အရစ်ကျရောင်းမည့်GSM ဖုန်းများ


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးမည့် GSM ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီးတွင် ဧပြီလ ၉ ရက်နေ့မှ စတင်ကာ ABC ၃ ဖုန်းအရောင်းဆိုင်က ဘဏ်စာရင်းဖွင့်ထားခြင်း အပါအဝင် အာမခံပေးမည့်သူ ရှိရင် မလိုဘဲ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည် နှစ်သိန်းတန်ဖုန်းနှင့် သုံးသောင်းတန်ဖုန်းဟန်းဆက် ပူးတွဲအတွက် ကျပ်နှစ်သိန်း သုံးသောင်း၊ ဝန်ဆောင်ခ အဖြစ် လစဉ် ကျပ်တစ်သောင်း၊ စုစုပေါင်း ကျပ်နှစ်သိန်း ခုနှစ်သောင်းကို လေးလအတွင်း အရစ်ကျ ပေးရမည် ဖြစ်ကြောင်း၊ စတင်ဝယ်ယူသည့် လတွင် ခြောက်သောင်းကျပ် ပေးသွင်းရန် လိုအပ်ပြီး လစဉ် ၅၂၅၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းစနစ်ဖြင့် ဖုန်းဝယ်ယူလိုသူများ မတ်လ ၁၂ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ မြေနီကုန်း (ဓမ္မာရုံလမ်း)၊ အလုံ (ဆင်မင်းလမ်း) နှင့် ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်းရှိ ABC ဆိုင်ခွဲများတွင် လူကိုယ်တိုင် ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်ပြီး မတ်လ ၁၂ တစ်ရက်အတွင်း စာရင်းပေးသွင်းသူ ၈၅ ဦး ရှိပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အာမခံသူ ထောက်ခံပေးမည့်သူ မရှိဘဲ ရောင်းချရာတွင် ငွေများ ပုံမှန် မပေးသွင်းပါက ဖုန်းလိုင်းကို ပိတ်မည် ဖြစ်ကြောင်း အဆိုပါ ဖုန်းအရောင်းဆိုင်ထံမှ သိရသည်။ ကျပ်ငါးသိန်းတန် ဖုန်းများ ရောင်းချစဉ်ကပင် အရစ်ကျစနစ်ဖြင့် ဖုန်းရောင်းချခြင်းများကို ရန်ကုန် မြို့တော်တွင်းရှိ နာမည်ကျော် ဖုန်းအရောင်းဆိုင်ကြီးများနှင့် ဘဏ်များ ချိတ်ဆက်ကာ ရောင်းချ ပေးခဲ့ရာတွင် အာမခံမည့် ဘဏ်စာရင်းရှိသူ တစ်ဦး လိုအပ်သည်။
ယခု နှစ်သိန်းဖုန်း ကိုလည်း ၎င်းတို့က ယခင်အတိုင်း ဆက်လက် ရောင်းချပေးမည် ဖြစ်ကြောင်း DO CO MO၊ လူကြီးမင်း၊ ဖလားဝါး မိုဘိုင်းလ်၊ E-lite စသည့် ဖုန်းအရောင်းဆိုင်များနှင့် ဘဏ်များထံမှ စုံစမ်းသိရှိ ရသည်။ အဆိုပါဆိုင်ကြီးများက ရောင်းချမည့် ယင်းစနစ်တွင်လည်း ဝယ်ယူမည့် ငွေ၏ ၃၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း စသည်ဖြင့် ဘဏ်ပေါ် မူတည်ကာ ကနဦး ပေးသွင်းရပြီး ကျန်ငွေကို ၆ လအတွင်း ပေးချေရသည့် စနစ်ပင် ဖြစ်သည်။

1 comment:

  1. ဝမ်းသာစရာသတင်းလေးနော်ကိုစိန်ခဲရေ

    ReplyDelete