ယခုနှစ် သင်္ကြန် အတွက် ဆောက်လုပ် လျက်ရှိတဲ့ သင်္ကြန်မဏ္ဍပ် တွေကို သင်္ကြန်မကျမီ ၂ ရက်အလိုမှာ အပြီး ဆောက်လုပ် သွားရမှာ ဖြစ်တယ်လို့ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီ ရဲ့ တရားဝင် ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ထုတ်ပြန် ထားရာမှာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုကို သစ်သား အသစ် အကောင်း နဲ့သာ အသုံးပြုဖို့နဲ့ ထု/ဗျက် ပြည့်တဲ့ သစ်မာတွေ ကိုသာ အသုံးပြုဖို့၊ ထောက်တိုင်တွေ ကိုလည်း အသေးဆုံး လေးပေ ပတ်လည် ဆိုဒ်ကို အသုံးပြုဖို့ ကြမ်းခင်း ယက်မတွေ ကိုလည်း ၅ ပေအရှည် အသုံးပြုဖို့နဲ့ ဗို့၊ နပ်တွေ ကိုလည်း အသုံးပြုဖို့ လမ်းညွှန် ထားတာ ဖြစ်ပါတယ်။ဒါတင်မကပဲ ဆောက်လုပ်တဲ့ မဏ္ဍပ်ရဲ့
ခံနိုင်ဝန်အားဟာ လူ ၂၅၀ ဦးအထိ ခံနိုင်ရည်အောင် တွက်ချက် တည်ဆောက်ဖို့နဲ့ ဆောက်လုပ်ပြီး မဏ္ဍပ်ကြီး တွေပေါ်မှာ လူဦးရေ ၂၅၀ ထက် ပိုမိုတင် ဆောင်ပေးမှု မပြုဖို့ သတ်မှတ် ထားပါတယ်။ ဒါ့အပြင် ရေကစား နေစဉ် ကာလ အတွင်း မဏ္ဍပ် ၁ ခု အတွက် လယ်သမား ကျွမ်းကျင် လုပ်သား အနည်းဆုံး ၅ ဦး အဆင့်သင့် ထားပေးဖို့နဲ့ လိုအပ်တဲ့ အရံအပို ပစ္စည်း သစ်သား၊ ရိုက်သံ၊ ဗို့၊ နပ် စတာတွေ ကိုလည်း အဆင့်သင့် ထားရှိဖို့ အတွက် စည်းကမ်း သတ်မှတ်ကာ မဏ္ဍပ်ရဲ့ ကြံ့ခိုင်ရေး တွေကို ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ သတ်မှတ်ချက် တွေကို လိုက်နာဖို့ လမ်းညွှန် ထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment