Monday, 16 April 2012

နောင်နှစ်တွေသင်္ကြန်ရက်လေးကိုကြိုဆိုမယ်ဆိုရင်လေ

သင်္ကြန်ပွဲတော်ဆိုတာ ယဉ်ကျေးသိမ့်မွေ့တဲ့ ပွဲတော်။ သန့်ရှင်းစင်ကြယ်ဆေးတဲ့ အတိတ်နမိတ်တို့ဖြစ် ရေစင်ဖျန်းပက်ခြင်း၊ဦးခေါင်းဆေးမင်္ဂလာပြုလုပ်ခြင်းတို့ဖြစ် ကျက်သရေမင်္ဂလာတိုးပွားလာသည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ကြတယ်။
ထိုနေ့လေးကို အသိအမှတ်ပြုကာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လာခဲ့ကြတယ်။
ထိုသင်္ကြန်ရက်လေးမှာ လူတိုင်း စိတ်ရွှင်လန်းနေကြသည်။ခုတော့ သင်္ကြန်ရက်လေးတွေ ငိုကုန်ပြီ။သူ့ရဲ့ အရာရာကို သန့်စင်စေတဲ့ ရေတွေမှာ သွေးတွေနှောခဲ့ပြီ။
ကိုကွဲဒီကွဲ အသံတွေကြောင့် သင်္ကြန်ရက်လေး ရင်မှာ နာကျင်နေတယ်။

ကြည်စင်နေတဲ့ ရေမှာ ရောမွှေခဲ့တဲ့ ယမကာတွေသောက် ဆွဲလား၊ရမ်းလား ၊ရုန်းကန်အော်ဟစ် ထိုးကြိတ်နေကြတဲ့ မြင်ကွင်းတွေကြောင့် သင်္ကြန်ရက်လေး မျက်နှာငယ် ညှိုးမှိန်နေရရှာတယ်။
မလုံ့တစ်လုံ အရှက်မဲ့ ခန္ဓာတွေကြောင့် သင်္ကြန်ရက်လေး တိတ်တခိုးရှက်နေရရှာတယ်။
ဒီသင်္ကြန်တိုတိုတွင်းမှာ ပေးလိုက်ရတဲ့ သိက္ခာတွေ၊ ဘဝအမှောင်ကျမှုတွေ ၊ အညွှန့်ကျိုးသွားခဲ့ရှာတဲ့ ပန်းပွင့်လေးတွေ ၊ လူသိရှင်ကြား အရှက်ကွဲသွားခဲ့ရတဲ့ ဇာတ်လမ်းတွေ၊ လူမသိ သူမသိ ပြီးဆုံးသွားခဲ့ရတဲ့ တိုးတိုးတိတ်တိတ်ဇာတ်လမ်းတွေဒီလို..ဒီလို မျိုးစုံ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို သင်္ကြန်ရက်လေး ရင်နာနာနဲ့ နှုတ်ပိတ်စွာ ကြည့်နေရရှာတယ်။ဟိုမှသည် စိုစွတ်နေတဲ့ ရေတွေက ရိုးရိုးရေစင်တွေလား မျက်ရည်တွေလား မဝေခွဲတတ်တော့ပြီ။နှစ်ဟောင်းက အညစ်အကြေးတွေကိုဆေးကြော ၊ သစ်လွင်မှုတွေနဲ့ တောက်ပြောင်ဖူးခဲ့သည့် သင်္ကြန်ရက်လေး ယဉ်ကျေးမှု အသရေဖျက် လူသားမဆန် အချို့သော လူသားတွေကြောင့်ဒါဟာယဉ်ကျေးတဲ့တို့နိုင်ငံက မြန်မာသင်္ကြန်ပါလို့ကမ္ဘာအရပ်ရပ်မှာ ရောက်နေကြတဲ့ မြန်မာလူမျိုးတွေ ကမ္ဘာကို လက်ညှိုးထိုးပြဖို့ လက်တွန့်နေကြပြီ။အတိုအဟိုက် အကွဲအပြတ်တွေ ဝတ်ကာ အိနြေ္ဒသိက္ခာကို မကြောက်မရွံရဲရဲဝံ့ဝံ့စွန့်လွတ်ခဲ့သူ မြန်မာအမျိုးသမီးတွေရေသင်္ကြန်ရက်လေးရှက်လို့အမြန်ဆုံးပြီးဆုံးစေချင်ပြီ။ဒီတစ်နှစ်ပြီးလို့
 နောင်နှစ်တွေသင်္ကြန်ရက်လေးကိုကြိုဆိုမယ်ဆိုရင်လေ မြန်မာ့ဂုဏ်ကို ဖော်ကြူးပေးနိုင်တဲ့အမျိုးသား/သမီးကောင်းလေးတွေ အဖြစ် တွေ့မြင်ခွင့်ရပါစေနော်။ရာဇဝင်မှာ စာအဖြစ်သာ ကျန်ရစ်ခံရတော့မည့် ရိုးရိုးယဉ်ယဉ် သင်္ကြန်ဆင်လေး ဆက်လက်ရှင်သန်နိုင်အောင်စွမ်းဆောင်ပေးကြပါနော်လို့အမျိုးကိုချစ်သူတွေတိုင်းမိမိအမျိုးကိုသိသည်အမျိုးကိုသိသူတိုင်း
မိမိမျိုးရိုးဂုဏ်ကို မြင့်မားအောင် ဖော်ထုတ်ပေးနိုင်ကြပါစေလို့....

3 comments:

  1. ဖတ်သွားတယ် ဒိန်ခဲရေ...အဲ မွှားလို့ စိန်ခဲရေ။ အားပေးသွာတယ်။ ထောက်ခံသွားတယ်။

    ခင်မင်တဲ့
    အလွမ်းမြို့

    ReplyDelete
  2. ဟုတ်တယ်ကိုစိန်ခဲရေ.....သင်္ကြန်မှာ စိတ်ဆင်းရဲစရာတွေတွေ့တာများနေတယ်....နောက်နှစ်သင်္ကြန်တွေကိုစိန်ခဲပြောသလို မြန့်မာဂုဏ်ကိုဖော်ကြူးမဲ့ အမျိုးသား\အမျိုးသမီးကောင်းလေးတွေအဖြစ် တွေ့မြင်ချင်ပါတယ်.....

    ReplyDelete
  3. လုံးဝထောက်ခံပါတယ်

    ReplyDelete