ယဉ်ကျေးပေ့ ချစ်စဖွယ်
နှစ်လို့ဖွယ် ကကြိုးသွယ်လျ
မျှစ်စို့သဖွယ် လှမျိုးကြွယ်စွ
ပိတောက်နဲ့အပြိုင် ပါ့
လှနိုင်ပါပေ့ မြန်ပြည်ဝယ်
ရေစင်နဲ အေးချမ်းစေ
မေတ္တာဝေ ဆုမွန်တောင်း
စုပေါင်းလို့ ပျော်ကြလေ
မောင်နှမတွေ ရိုးရာထိန်းကြ
ဘေးမတိမ်းနဲ့ ဒို့အမွေ
ရှောင်ကြစေ သေရည်အရက်
အရှက်မဲ့စွာ ၀တ်ဆင်တာ
မဟာရက်မြတ် ချင့်ချိန်အပ်လှ
စောင့်အပ်သီလ သက်ကြီးများကို
ခြေသည်း လက်သည်း ဖြီးသင်လှီးဖြတ်
ဆံညှပ် ခေါင်းလျှော် ကိုသိုလ်တော်ယူ
အလှုတော်ပွဲ သဲသဲခြိမ့်ခြိမ့်
စည်ကားလိမ့် သင်္ကြန်
ရေတွေစိုရွှဲ နွဲပေါ့ပျော်ပျော်
အခါတော်ရက်အတွင်း
သင်္ကြန်ကို အသက်သွင်းပြီး
မင်္ဂလာအပေါင်းနဲ နှစ်သစ်မှာ
အတာရေလို အေးချမ်းပါစေ။
မြန်မာ့ယဥင်္ကျေးမှု့ကိုပုံဖော်ထားပြီး ရှောင်ရန်ဆောင်ရန်လေးတွေပါပါအောင်ရေးနိုင်တာ ချီးကျူးတယ် ကိုကြီးစိန်ခဲရာ....
ReplyDelete