Wednesday 11 April 2012

နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယိုများမှ ဆူနာမီသတိပေးချက် ထုတ်ပြန်လျှက်ရှိ ဧပြီ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်-ညနေ ၆နာရီ

နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယိုများမှ ဆူနာမီသတိပေးချက် ထုတ်ပြန်လျှက်ရှိ
ဧပြီ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်-ညနေ ၆နာရီ
အင်ဒိုနီးရှား နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်ထန်သော ငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆူနာမီရေလှိုင်းများ မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ရောက်ရှိလာနိုင်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ရန် မိုးလေ၀သ ဋ္ဌာနမှ သတိပေးချက် ညနေ ၅ နာရီဝန်းကျင်တွင် စတင် ထုတ်ပြန်သည်။ 
ကြေညာချက်ထုတ်ပြန်သည့်နောက်၂နာရီအတွင်းဆူနာမီရေလှိုင်းများ ရောက်ရှိလာနိုင်သည်ဟုလည်း ဖေါ်ပြပါရှိသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ အက်ဒမန် ကမ်းရိုးတန်းတလျှောက် နေထိုင်သူများအား ဆူနာမီ ဘေးမှ တိမ်းရှောင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ဖူကက်လေဆိပ်ကိုလည်း ယာယီပိတ်ထားသည်ဟု သတင်းဖေါ်ပြချက်များ အရသိရသည်။ ညနေ ၅ နာရီဝန်းကျင်အချိန် ပြင်ခရိုင်မြို့ခံ ဦးအာရ်ဇားသို့ ဆက်သွယ်မေးမြန်းရာတွင် ရေဒီယို နားထောင်လျှက်ရှိသော်လည်းသတိပေးကြေညာချက် မကြားသိရေသေးကြောင်း YPI သို့ပြောသည်။ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင်ကြောင့်
မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ ဆူနာမီလှိုင်းလာနိုင်ခြေ ရှိသည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ကြိုတင် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါသည်။ အဆိုပါ သတိပေးချက်ကို ရေဒီယို၊ ရုပ်သံလိုင်းများမှ တစ်ဆင့် ဆက်တိုက် ထုတ်လွှင့်သွားမည်ဟုလည်း သိရပါသည်။ မလေးရှားနိုင်ငံတွင်လဲ အထပ်မြင့်အဆောက်အဦးပေါ် နေထိုင်သူများသည် ပြင်းထန်သည့် ငလျှင်လှုပ်ခပ်မှုများကို သိသာစွာ ခံစားခဲ့ရကြောင်း သိရပါတယ်။

1 comment: