Tuesday, 17 April 2012

ဒေါ်အောင်ဆန်းစုကြည်က မိခင်ဒေါ်ခင်ကြည်၏ နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ်နှစ်ဆန်းတရက်နေ့ကကျေးလက်ဖွံ့ဖြိုးရေး ကံစမ်းမဲဖွင့်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးလက်ဖွံ့ဖြိုးရေး ကံစမ်းမဲဖောက်ရာတွင် မဲပေါက်သော ကော့မှူးမြို့နယ် ကမာမတ်ကျေးရွာမှ လူကြီးတဦးအား ဒေါ်အောင်ဆန်းစုကြည်က ဆုငွေပေးအပ်နေစဉ်။

 နှစ်ဆန်းတရက်နေ့က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကံစမ်းမဲ ဖောက်ရာ ပထမဆုအဖြစ်
ကမာမက်ကျေးရွာက ရရှိသွားခဲ့ပါတယ် ဒ်ါအောင်ဆန်းစုကြည်က မိခင်ဒေါ်ခင်ကြည်၏ နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုဧပြီလ၁၆ရက်နေ့ကထူထောင်ထားခြင်း ဖြစ်သည်။

 ဖောင်ဒေးရှင်း၏ရန်ပုံငွေထဲမှ ကျပ်သိန်း ၃၀၀ ကိုဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်မှ ကျေးရွာအုပ်စုပေါင်း ၆၂ စုတွင် ကံစမ်းမဲသုံးခု
ဖောက်ခဲ့ရာ ပထမဆု ကျပ် ၁၇၅ သိန်းကို ကမာမက်ရွာက လည်းကောင်း၊ ဒုတိယဆု ကျပ် ၇၅ သိန်းကို ဆတိုင်မွန်ရွာ က လည်းကောင်း၊ တတိယဆု ကျပ် သိန်း ၅ဝ ကို ပုပ္ပါးရွာက လည်းကောင်း အသီးသီး ရရှိသွားခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းနဲ့ ကပ်လျက်မှာရှိတဲ့ စင်မှာ အခမ်းအနားဖွင့်တယ်။ ပြီးတော့ ရွာသုံးရွာ ကံစမ်းမဲကို ၆၂ အုပ်စု ကိုယ်စားပြုပြီးတော့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ မဲနှိုက်ပေးပါတယ်။ ပထမဆု ကမာမက်က ရသွားပါ တယ်။

1 comment:

  1. လက်ခုပ်တီးခဲ့ ပါကြောင်း....

    (ဒုတိယ)

    ReplyDelete