Sunday, 22 April 2012

McDonald's ဟမ္ဘာဂါဆိုင္မ်ား ရဲ့ အံ့သြစရာကောင်းတဲ့ (၁၂) ချက်

ရွှေဝါရောင် M စာလုံးကြီးကြီး ဆိုင်းဘုတ်ကိုမြင်တာနဲ့ ကမ္ဘာကျော် မက်ဒေါနား (McDonald's) ရဲ့ ဟမ်ဘာဂါကို ချက်ခြင်းသိကြပါတယ်။ မက်ဒေါနား ဟမ်ဘာဂါကုမ္ပဏီရဲ့ ဒီနှစ် ပထမသုံးလပတ် ရောင်းကြေးဟာ ဒေါ်လာ ၆.၅၄ ဘီလီယံ ရှိပြီး ရောင်းအား ၇.၃% မြင့်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဒေါနားနဲ့ ပတ်သက်ပြီး လူအများမသိသေးတဲ့ အံ့သြစရာကောင်းတဲ့ အချက်လေးတွေ ရှိကြပါတယ်။ ကဲ.. ကြည့်ကြရအောင် ဘာတွေများလဲလို့ ..။
 
။ နေ့စဉ်နေ့တိုင်း မက်ဒေါနားဆိုင်တွေကို ရောက်လာတဲ့ ဧည့်သည်တွေ ၆၂ သန်း ရှိပါတယ်။ ဒီအရေအတွက်က အင်္ဂလန်နိုင်ငံရဲ့ လူဦးရေထက် ပိုပါတယ်။

။ စက္ကန့်တိုင်းမှာ မက်ဒေါနား ဟမ်ဘာဂါ အလုံးပေါင်း ၇၅ လုံး ရောင်းနေရပါတယ်။

။ တစ်ရက်တိုင်းမှာ မက်ဒေါနားက လူပေါင်း ၆၈ သန်းကို ကျွေးပြီး ကမ္ဘာ့လူဦးရေရဲ့ ၁% ရှိပါတယ်။

။ မက်ဒေါနားရဲ့ နှစ်စဉ်ရောင်းရငွေက ဒေါ်လာ ၂၇ ဘီလီယံဖြစ်ပြီး ကမ္ဘာပေါ်မှာ နံပတ် ၉၀ မြောက်အကြီးမားဆုံး စီးပွားရေးဖြစ်ပါတယ်။

။ စုစုပေါင်း အလုပ်သမား ၇၆၁၀၀၀ ရှိပြီး Luxembourg မြို့ လူဦးရေထက် များပါတယ်။

။ ကုမ္ပဏီရဲ့ ခန့်မှန်းချက်အရ အမေရိကန် အလုပ်သမားရဲ့ ၈ ယောက်ထဲမှာ ၁ ယောက်က မက်ဒေါနားမှာ အလုပ်လုပ်ဖူးပါတယ်။

။ မင်းသမီး Sharon Stone ၊ အဆိုတော် Shania Twain နဲ့ Pink ၊ တီဗီလူရွှင်တော် Jay Leno တို့အားလုံး နာမည်မကျော်ကြားခင်မှာ မက်ဒေါနားမှာ အလုပ်လုပ်ခဲ့ ကြပါတယ်။

။ Research International ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ မက်ဒေါနားရဲ့ M လိုဂို နဲ့ ခရစ်ယာန်ဘာသာ Cross တံဆိပ် အမှတ်အသား ကို ပြသရာမှာ ဖြေဆိုသူရဲ့ ၈၈%က မက်ဒေါနားကို သိကြပြီး ၅၄% လောက်ကသာ Cross အမှတ်အသားကို သိကြပါတယ်။

။ အင်္ဂလန် Slough မြို့မှာ အင်္ဂလန်ဘုရင်မ ပိုင်ဆိုင်တဲ့ မက်ဒေါနားဆိုင်ခွဲလေး တစ်ခုလည်း ရှိပါတယ်။

၁၀။ လာမဲ့ ၃ နှစ်အတွင်းမှာ မက်ဒေါနားက တရုတ်ပြည်ရဲ့ မြို့တိုင်းမှာ တစ်နေ့ကို တစ်ဆိုင် ဖွင့်သွားမယ်လို့ ဆိုပါတယ်။

၁၁။ မက်ဒေါနားက နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ delivery ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှု ရှိပါတယ်။

၁၂။ အမေရိကန်လူမျိုးများဟာ တစ်နှစ်ထဲမှာ မက်ဒေါနားဟမ်ဘာဂါကနေ အမဲသားအချိန် ပေါင် ၁ ဘီလီယံ စားသုံးကြပြီး၊ အဲဒါဟာ နွားအကောင်ရေ ၅.၅ သန်းနဲ့ ညီမျှပါတယ်တဲ့


face book စာမျက်နှာမှ သိသမျှ

4 comments:

  1. သိခွင့်ရလို့ ကျေးဇူးပါ

    ReplyDelete
  2. it is pronounced as "mac-dol-nalds", Not "Madonna" like the signer's name.
    just a correction.

    ReplyDelete
  3. မလေးရှားမှာလဲ အဲဒီဆိုင်ရောင်းကောင်းတယ် ၂၄ နာရီဆိုင်တွေလဲရှိတာကိုး

    ReplyDelete
  4. အေးဗျာ ..... အဲ့ဆိုင်တွေ အဲ့ဒါကြောင့် ရောင်းကောင်းနေတယ် ထင်ပါရဲ့ ...
    အလကားပေးနေသလိုပဲ .... တန်းစီ ရတယ် ... လေ .... ။

    ReplyDelete