အမျိုးသမီးအများစုဟာ ဒေါက်မြင့်ဖိနပ်ကို အမြတ်တနိုးစီးကြပါတယ်။ ဒေါက်မြင့်စီးလိုက်မှပဲ မိန်းကလေးများရဲ့ တင်၊ရင် ခြေတံစသဖြင့်ပိုကြွ၊ပိုလှလာတယ်လို့အထင်ရှိနေတာအမျိုးသမီးအများစုပါ။ဒါပေမယ့် ဒေါက်မြင့်ဖိနပ်စီးလို့ ကျန်းမာရေးကိုဘယ်လိုထိခိုက်တယ်ဆိုတာသိထားသင့်ပါတယ်။ဒေါက်မြင့်ဖိနပ်စီးတဲ့အတွက်အနည်းဆုံး ခြေမပေါ်မှာ အနာစိမ်းပေါက်တာ၊ နောက်ကြွက်သားနဲ့အရိုးကိုဆက်သွယ် ပေးထားတဲ့အရွတ်ကိုပျက်ဆီးစေတာ၊ ခြေချောင်းလေးတွေ
ပျက်စီးတာ စသဖြင့် ဖြစ်ပွားစေ ပါတယ်။
အဓိက ဖြစ်ပွားစေတာကတော့ ပုံမှာ ပြထားတဲ့အတိုင်း ball of the foot လို့ ခေါ်တဲ့ ခြေမနဲ့ ခြေဖ၀ါးအရိုးကို ဆက်ထားတဲ့ နေရာကို တကိုယ်လုံးက ဖိအားတွေ ကျရောက်ပြီး အဲဒီ အရိုးဆုံလည် ပျက်ဆီးတာတွေ၊ အရိုး ကျီးပေါင်းတက်တာတွေ၊ နောက် အရိုးအတက်ပေါက်တာတွေနဲ့ ခြေထောက်ပုံသဏ္ဍန် ပျက်စီးတာတွေ လည်းဖြစ်စေပါတယ်။
ဒေါက်က မြင့်လေ လေ ဖိအားက အဲဒီ အရိုးဆုံလည်အပေါ် တကိုယ်လုံးရဲ့ဖိအားက သက်ရောက်လေဖလဖြစ်ပါတယ်။
နောက်ထပ် ဆိုးကျိုးကတော့ ဒူးနဲ့ ကျောကိုပါ ထိခိုက်လာနိုင်တာပဲဖြစ်ပါတယ်။ မကြာခဏ အကြောတက်တာ၊ ခါးကိုက် တာတွေလည်းဖြစ်စေပါတယ်။ ၊ အမြဲလိုလို ဒေါက်မြင့်ဖိနပ်ကို စီးမယ် ဆိုရင်တော့ ခြေထောက်ကို ဆိုးဆိုးဝါးဝါး ပျက်စီးစေ မှာ အသေအချာပါဘဲ။
ကိုယ့်ကိုယ်ကို ကျန်းမာစေချင်တယ် တကယ် လှစေချင်တယ်ဆိုရင်တော့ ဒေါက်မြင့်ဖိနပ် မစီးတာ အကောင်းဆုံးပါဘဲ။
သိလာသမျှ မျှဝေထားခြင်းပါ ။
ဟီးဟီး ကန်ဒီလည်း ဒေါက်မြင့်အရမ်းကြိုက်တာ..
ReplyDeleteအဲ့လောက်အမြင့်ကြီးတော့ သိပ်မစီးပါဘူး..
မြင့်တယ်ဆိုရုံပေါ့ ဟီး xD
လမင်းတို့တော့ လုံးဝမစီးပါ ဟီး အရပ်ပုတော့စီးချင်သားပဲ
ReplyDeleteမစီးတာကောင်းပါတယ်လေ :)
သများကြောက်တယ် စီးရဲဘူး
ReplyDeleteလှချင်ရက် စက်စက်ယို၊ ဒုက္ခတွေက ပို ဆိုတာ ဒါမျိုးပေါ့။ ကိုယ်တွေတော့ နာလည်း လှချင်တဲ့စိတ်လေးကြောင့် လူကြားထဲ အပြုံးမပျက် စီးရတာ..း)
ReplyDeleteခင်မင်စွာဖြင့်
မြတ်ပန်းနွယ်