Monday, 28 May 2012

ဇော်ပိုင် မွေးနေ့မှာ ထွက်မယ့် ကိုယ်ပိုင်သံစဉ်အခွေသစ် `ပင်လယ်မြို့ပြ´

ပရိသတ်တွေ တမေးတည်းမေးနေကြတဲ့ ဇော်ပိုင်ရဲ့ တစ်ကိုယ်တော်အခွေအသစ်က  မေလ ၃၁ ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။  ၂ဝဝ၉ခုနှစ်ကတည်းက စတင်ပြင်ဆင်နေတဲ့ ဇော်ပိုင်ရဲ့ အခွေသစ်နာမည်ကိုတော့ ‘ပင်လယ်မြို့ပြ’လို့ ပေးထားတာဖြစ်ပါတယ်။ အဲဒီအခွေမှာ ဘယ်သူတွေဝင်ရေး ပေးထားလဲဆိုတော့ ”သံစဉ်တွေ အကုန်ကတော့ ကိုယ်ပဲရှာထားပြီး အိမ်မှာအကြမ်းလုပ်ထားတာ။    ပြီးတော့မှကိုယ်နဲ့လက်တွဲနေကျ တေးရေးဆရာတွေဖြစ်တဲ့ ဇဝါ၊ ကိုရွှေ၊ ငယ်ဆူး၊ Rခိုင်၊ ဖိုးကာ၊ ကေအေတီ၊ ကိုမြင့်မိုးတို့ကိုအပ်တယ်။ ကိုယ်ကိုတိုင် စာသားရော၊သံစဉ်ရောရေးတာက တစ်ပုဒ်ပါတယ်။ ကျန်တာကတော့ တေးရေးတွေက စာသားထည့်ပေး တာပေါ့” လို့ဇော်ပိုင်ကပြောပါတယ်။
PTL စတူဒီယိုမှာ IC နဲ့တီးထားတဲ့ ဇော်ပိုင်ရဲ့ ကိုယ်ပိုင်သံစဉ်ခွေသစ်ထဲမှာတော့  ကန်ထရီးရော့ခ် ပုံစံတွေ အများဆုံးပါဝင်မှာ ဖြစ်ပါတယ်။ စီစဉ်နေတာ ၃နှစ်နီးပါးကြာ သွားတဲ့ ဇော်ပိုင်ရဲ့အခွေသစ်ထဲမှာမကြိုက်လို့ ပြန်ဖြုတ်လိုက်ရတဲ့ သီချင်းမျိုးတွေကောရှိလား ဆိုတော့ ”အဲဒါမျိုး တော့မရှိပါဘူး။ သီချင်းကvည်းအရင်ကဆို အပိုရွေးသေးတယ်။ အခုခွေကတော့ စရွေးကတည်းက ကွက်တိပဲပြီးတော့ ဒီအခွေထွက်မှာကမေလ ၃၁ရက်ကိုယ့်မွေးနေ့မှာ ဆိုတော့ မွေးနေ့ အမှတ်တရဖြစ်အောင် လည်း လုပ်တာပါပါတယ်´´လို့ ပြောတဲ့ဇော်ပိုင်က ဒီအခွေလုပ်နေချိန်မှာပဲ သားဦးလေး ရွှေပိုင်ကိုလည်း မွေးဖွားခဲ့တာကြောင့် သားအတွက် သီချင်းကောပါသေးလား ဆိုတော့ ဒီအခွေကစီစဉ်တာလည်း ကြာပြီဆိုတော့ သားအတွက် ရေးထားတာတော့ မပါပါဘူးလို့ ဇော်ပိုင်က ပြောပါတယ်။ `ပင်လယ်မြို့ပြ´ကိုယ်ပိုင်သံစဉ် အခွေသစ်ထဲ မှာ အသက်အရွယ်အပိုင်းအခြားအရ သီချင်းပုံစံတွေ ဘယ်လိုပြောင်းသွားနိုင်လဲဆိုတော့ “ပြောင်းလဲလာတဲ့ ဂီတပုံစံသဘော တရားအရတော့ရှိတာပေါ့။ကိုယ့်ပုံစံတော့ မပျောက်ပါဘူး။ ကိုယ့်အသံနဲ့ လိုက်ဖက်တဲ့ပုံစံမျိုးတွေပါ။
‘မြို့အဝင်ည’ထဲက သီချင်းပုံစံတွေလိုဖြစ်မှာပါ”လို့ ဇော်ပိုင်ကပြောပြီး ‘ပင်လယ်မြို့ပြ’ အခွေကိုတော့ မေလ ၃၁ ရက်နေ့မှာ The Sun Music က ဖြန့်ချိမှာဖြစ်ပြီး အဲဒီနေ့မှာ ပရိုမိုးရှင်းလုပ်ဖြစ်၊ မလုပ်ဖြစ်ကတော့ စဉ်းစားတုန်းပဲလို့ပြောပါတယ်။

No comments:

Post a Comment