ဆုလက်ခံရယူခဲ့သည်။
ထို့ပြင်အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ PROJECT REACH မှာ မေလ ၂၅ ရက်မှ ၂၇ ရက် အထိ ခင်းကျင်းပြသခဲ့ သည့် ‘ပထမဆုံး ထွက်ပေါက်’ (First Break-out) အမည်ရှိ ပန်းချီပြပွဲတွင် ရုပ်ရှင်သရုပ် ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ စသည့် ဘွဲ့ဂုဏ်ထူး အမျိုးမျိုးတွင်သူ ဦးကျော်သူက အများပြည်သူ ရှေ့မှောက်၌ ပထမဆုံး ပွဲဦးထွက်ခြေလှမ်းအဖြစ် ပြသခဲ့သော ပန်းချီပြပွဲ ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို မေလ ၂၅ရက်နေ့ ညနေ၆နာရီမှ ည၈နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ဆီဆေးပန်းချီကား ၂ဝ ကျော် ခင်းကျင်းပြသခဲ့ရာ နယူးယောက် မြို့ရှိ အနုပညာ စိတ်ဝင်စား သူများနှင့် ဦးကျော်သူ ကိုလေးစားသူ ပရိသတ် ၇ဝ ခန့်တက်ရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ဖွင့်ပွဲ နေ့ရက်မှာပင် အမေရိကန်ဒေါ်လာ ၇၄ဝဝ တန်ဖိုးရှိ ပန်းချီ ကား ၉ ကား ရောင်းချခဲ့ရပြီး ပန်းချီကား အများစုမှာ တစ်စုံတစ်ရာကို နင့်နင့် သီးသီး ခံစားနေရသူ တစ်ဦးက ရင်ဖွင့် ပြောပြချင်နေသော စကားသံများ အား စုတ်ချက်တွေ ဖြင့် ဖွင့်ဆိုပြသနေသည်ဟု တက်ရောက် ကြည့်ရှုသူ များကထင်မြင်၊ ခံစား ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုပြပွဲဖြစ်မြောက်ရေးတွင် မင်းကျော်ခိုင်၊ ကျော်စွာသန့်နှင့် ချောအိသိမ်းတို့၏ art@apart ကစီစဉ်ပေး ခြင်းဖြစ်ပြီး PROJECT REACH မှ ပြခန်းနေရာကို တာဝန် ယူခဲ့ကြောင်း သိရသည်။ ဦးကျော်သူသည် ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ ပန်းချီကားများကို တစိုက်မတ်မတ်ရေး ဆွဲဖြစ်ခဲ့ပြီး သူ့မွေးနေ့တွင် တစ်ကြိမ်နှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက် မွေးနေ့တွင် တစ်ကြိမ် ရန်ကုန်နေအိမ်၌ မိတ်ဆွေ သင်္ဂဟများ၊ အနုပညာရှင်များ ကိုဖိတ်ကြား ပြသခဲ့ဖူးကြောင်း သိရသည်။
ဦးကျော်သူက ပန်းချီကားများကို ကင်းဘတ်စ အတိုင်း မြန်မာပြည်က ယူ ဆောင်လာခဲ့ပြီး နယူးယောက် မြို့ရောက်ခါမှ ဘောင်သွင်းကာ ပန်းချီကား အဖြစ် ဖန်တီးဖြစ် ရာ၊ ရွှေဝါကကူညီပေးခဲ့ကြောင်း၊ ကြော်ငြာ ဒီဇိုင်းကို ထွေးကျင်၊ ပို့စကတ်ကို ကျော်စွာသိန်း၊ ပြခန်းကိစ္စကို ချောအိသိမ်းနှင့် အခမ်းအနားကိစ္စကို
စိုင်းခေးတို့က အကူ အညီ ပေးခဲ့ကြောင်း သိရသည်။

No comments:
Post a Comment