အာဒမ်ရယ် ဧ၀ရယ် ဒသရယ်’ ဇာတ်ဝင်ခန်းများ
စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် မြန်မာ ဇာတ်ကားသုံးကား ပြသရန်
စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဇွန်လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရှိရ သည်။
‘‘စင်ကာပူနိုင်ငံမှာ မြန်မာရုပ်ရှင်ပွဲတော် ပြုလုပ်ဖို့ ကမ်းလှမ်းထားပါတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ နိုင်ငံတကာ ဆက်သွယ်ရေးအဖွဲ့နဲ့ ဆက်သွယ်ကမ်းလှမ်းလာတာပါ။ ကျွန်တော်တို့အနေနဲ့လည်း မြန်မာ ဇာတ်ကားတွေကို နိုင်ငံတကာ အထိကျယ်ပြန့်စေလိုတဲ့ ဆန္ဒအပြည့်အ၀ ရှိသလို စင်ကာပူလိုမြန်မာတွေ အများအပြားရှိတဲ့ နိုင်ငံမျိုးမှာ လုပ်ခွင့်ရမှာ ဖြစ်တဲ့အတွက်ပိုပြီး စိတ်ဝင်စားပါတယ်။ ဘယ်နှရက်လုပ်မယ်၊ ဘယ်နှပွဲပြမယ် ဆိုတာကတော့ အခုမှ ညှိနှိုင်းဆွေးနွေးနေကြတုန်းပါပဲ။ ပြမယ့် ဇာတ်ကားတွေကိုတော့ အကြမ်းဖျင်းရွေး ချယ်ထားပါပြီ’’ ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ နိုင်ငံတကာ ဆက်သွယ်ရေးအဖွဲ့မှ ဦးဝင်းကြည်က ရှင်းပြခဲ့သည်။
ထို့အပြင် ဒါရိုက်တာဝိုင်း က လည်း ‘‘အခုချိန်မှာနိုင်ငံတကာ ကို သွားဖို့ဆိုတဲ့ကိစ္စက ကဏ္ဍတိုင်း အတွက် အရေးကြီးနေပါပြီ။ ကျွန်တော်တို့ အနုပညာရှင်တွေအနေနဲ့လည်း ဒီလိုအချိန်မျိုးမှာ မျက်စိဖွင့် နားစွင့်ပြီး ကိုယ့်ဘက်ကပြင်ဆင်နိုင်တဲ့ အတိုင်းအတာကို အစွမ်းကုန်ပြင်ဆင်ကြရမှာပါ။ အခုကျွန်တော် တို့တွေ နိုင်ငံတကာကိုသွားပြီး လေ့လာမှုတွေလုပ်မယ်၊ အားလုံးပေါင်းစည်းပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ Workshop တွေ လုပ်ရပါမယ်။ အခုလို ရုပ်ရှင်ပွဲတော်တွေ လုပ်ဖို့ဆိုတာလည်း လိုအပ်တဲ့ အချက်တစ်ခုပါပဲ’’ ဟု သူ၏အမြင်အား ပြောပြခဲ့သည်။
စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် တို့ ပါဝင်သည့် ‘အာဒမ်ရယ် ဧ၀ရယ် ဒသရယ်’ဇာတ်ကား၊ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးပြီး သရုပ်ဆောင်ပြေတီဦး၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်တို့ပါဝင်သည့် ‘ကျွန်တော့်ယောက္ခမနှင့်သူ၏ ဗိုင်းရပ်စ်များ’၊ ဒါရိုက်တာခင်စောမျိုး ရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ နေအောင်၊ မေသန်းနု၊ သက်မွန်မြင့်၊ လှအဉ္ဇလီတင့်တို့ပါဝင်သည့် ‘အမေ့ ကျေးဇူးဆပ်ဖူးချင်တယ်’ စသည့် ဇာတ်ကားသုံးကားအား ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ ယင်းဇာတ်ကားများအနက် ‘အာဒမ်ရယ် ဧ၀ရယ်ဒသရယ်’ ရုပ်ရှင်ဇာတ်ကား မှာ စင်ကာပူနိုင်ငံ၌ တစ်ကြိမ်ပြသခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ELEVEN media group မှ သိသမျှ ။
ဒါရိုက်တာဝိုင်းဆိုရင်ကောင်းမှာပါ
ReplyDelete