Tuesday, 12 June 2012
လောကကြီးဟာ သင်၏ကြေးမုံပြင်
အခြားသူများမှာ သင်တွေ့မြင်ရတဲ့ ထူးကဲကောင်းမွန်မှုတွေဟာ သင့်ရဲ့ ကောင်းမွန်မှုလည်း ဖြစ်ပါတယ်။ အခြားသူများမှာ တွေ့မြင်နေရတဲ့ အပြစ်အနာတွေဟာ သင့်ရဲ့ အပြစ်အနာအဆာ လည်းဖြစ်ပါတယ်။ တကယ်တော့ တစ်စုံတစ်ရာ သဘောမပေါက်ခင် အဲ့ဒီအကြောင်း သိနေရပါမယ်။အခြားသူများမှာ သင်မြင်နေရတဲ့ဖြစ်နိုင်ခြေတွေဟာ သင်ရဲ့ဖြစ်နိုင်ခြေလည်း ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ အလှအပတွေဟာ သင့်ရဲ့ အလှအပလည်းဖြစ်ပါတယ်။
သင့်ပတ်ဝန်းကျင်က လောကကြီးဆိုတာ
သင်ဘယ်လိုလူစားလဲဆိုတာ ပြသနေတဲ့ ကြေးမုံပြင်တစ်ချပ်၊ ရောင်ပြန်ဟပ်မှုတစ်မျိုးပါ။သင့်ရဲ့လောကကြီးကို
ပြောင်းလဲပစ်ဖို့ဆိုရင် သင်ကိုယ်တိုင်လည်း ပြောင်းလဲပစ်ရပါမယ်။ ပြစ်တင်ပြောဆို မှုဟာ အရာကိစ္စတွေကို ပိုပြီးဆိုးရွားစေပါတယ်။ သင်ပြုလုပ်သမျှ အရာရာတိုင်း သင့်အပေါ်မှာပဲ တာဝန်ရှိပါတယ်။ အခြားသူတွေမှာ သင်မြင်နေရတဲ့ အရာရာတိုင်းဟာသင့်မှာလည်းပဲ မြင်နေရတတ်ပါတယ်။အခြားသူများမှာရှိတဲ့ အကောင်းဆုံးအရာတွေကိုပဲ ရူမြင်တတ်ပါစေ။ သင်လည်းပဲ အကောင်းဆုံးဖြစ်လာလိမ့်မယ်။
အခြားသူများကို ပေးကမ်းစွန့်ကြဲဖို့ကြိုးစားပါ။ သူတို့ကလည်း ပြန်ပြီး ပေးကမ်းပါလိမ့်မယ်။ အလှအပကို နားလည်ခံစားနိုင်ဖို့ကြိုးစားပါ။ သင်လည်းပဲ လှပလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်ပါက ချီးကျူးပေးလိုက်ပါ။ သင်လည်းပဲ တီထွင်ဖန်တီးနိုင်ပါလိမ့်မယ်။ချစ်တတ်ဖို့ကြိုးစားပါ။ သင်လည်းပဲ အချစ်ခံရပါလိမ့်မယ်။ နားလည်ပေးဖို့ကြိုးစားပါ။ သင့်ကိုလည်း နားလည်မှုပေးပါလိမ့်မယ်။ နားထောင်တတ်ဖို့ကြိုးစားပါ။ သင့်စကားကိုလည်း နားထောင်ပေးပါလိမ့်မယ်။ သင်ကြားပေးဖို့ကြိုးစားပါ။ သင်လည်း တတ်မြောက်လာပါလိမ့်မယ်။ကြေးမုံပြင်ကို သင့်ရဲ့ အကောင်းဆုံးမျက်နှာ ပြသလိုက်ပါ။
သင့်ကိုပြန်ကြည့်နေတဲ့ မျက်နှာကိုတွေ့မြင်ရလျှင် ပျော်ရွှင်သွားပါလိမ့်မယ်။
နေလင်းအောင် ဘာသာပြန်ဆိုထာသည်ကို သိသမျှ ပြန်လည်မျှဝေပေးပါတယ် ။
Subscribe to:
Post Comments (Atom)

ကြေးမုံပြင်ကို သင့်ရဲ့ အကောင်းဆုံးမျက်နှာ ပြသလိုက်ပါ။
ReplyDeleteသင့်ကိုပြန်ကြည့်နေတဲ့ မျက်နှာကိုတွေ့မြင်ရလျှင် ပျော်ရွှင်သွားပါလိမ့်မယ်။
ဒိန်ခဲရေ...လာရောက်ဖတ်သွား မှတ်သွားတယ်။
ခက်တစ်ခါ တစ်ရံ တစ်ရံ ကြေးမုံပြင်က မှန်ဘီလူးများသွားလား မသိ
ကိုယ့်ကိုယ်ပြန်ကြည့်တဲ့ မျက်နှာက အမုန်းတွေပါနေတယ်။အဟီး..သရဲ...သရဲ ဆိုပြီး
ခင်မင်တဲ့
အလွမ်း
ကောင်းတယ် ဗျို့ ...
ReplyDelete