Sunday, 17 June 2012

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရခိုင်ပြည်နယ် ကယ်ဆယ်ရေး ခြေလှမ်းများ

ရခိုင်ကယ်ဆယ်ရေး ပထမခြေလှမ်း

ရခိုင်ပြည်နယ်တွင်အိုးမဲ့အိမ်မဲ့ရှောင်ပြေးကြရင်းစားဝတ်နေရေးအတွက်အခက်အခဲဖြစ်နေခဲ့ကြသည့် ဒုက္ခသည်မိသားစုဝင်ညီအစ်ကိုမောင်နှမများတို့အားလူသားချင်းစာနာထောက်ထားသည့်အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဒု-ဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်ဦးဆောင်သည့်အဖွဲ့သည်၁၆.၆.၂၀၁၂ ရက်နေ့နံနက်(၇း၃၀)နာရီဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Mandalay ဖြင့် စတင်ထွက်ခွာခဲ့ပြီး နံနက် (၉း၀၀) နာရီအချိန်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။

 စစ်တွေမြို့နာရေးကူညီမှုအသင်းရှိနာယကကြီးများ၊ဥက္ကဋ္ဌဦးသန်းရွှေနှင့်အတွင်းရေးမှူး ဦးအောင်ကျော်ဇံတို့၏ အကူအညီ ဖြင့် အဓိဋ္ဌာန်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၆၅)၊ သံကျောင်း (ဦးရဲကျော်သူ) ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၂၂၃)၊ ရွာကြီးမြောက် အ.မ.ကကျောင်း ကယ်ဆယ်ရေးစခန်းတွင်အိမ်ထောင်စု (၆၆)၊ မြစ်ချေကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၇၀)၊ အာသောကာရုံကျောင်းကယ်ဆယ်ရေးစခန်းတွင်အိမ်ထောင်စု(၃၈)၊ထီးစွဲကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၅)၊ ဆင်ကူးကျောင်း ကယ်ဆယ်ရေးစခန်းတွင် (၁၄၁)၊ ဂြစ်ဘတ်ကျောင်း ကယ်ဆယ်ရေး စခန်းတွင်အိမ်ထောင်စု(၄၉)၊ကျားရုပ်ကျောင်းကယ်ဆယ်ရေးစခန်းတင် အိမ်ထောင်စု (၄၀)၊ တန်ဂိုး ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၃၀)၊ စစ်ကဲကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၉၅)၊ ပုသိမ်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၅၀)၊ ရွှေစေတီကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၂၂၇)၊ ပုညာရာမကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင် စု (၃၅)၊ ယက္ခောက်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၃၆) စုစုပေါင်းကယ်ဆယ်ရေးစခန်း (၁၅) ခု၊ အိမ်ထောင်စုပေါင်း (၁၄၄၀)အတွက် တစ်အိမ်ထောင်လျှင် (၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း အလှူငွေ (၇၂) သိန်းကျပ်အား ဒုက္ခသည်မိသားစုများ၏ လက်ဝယ်သို့ ပထမခြေလှမ်းအဖြစ် ကူညီ ထောက်ပံ့ပေးနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွက် စေတနာရှင်များ လှူဒါန်းလိုပါက နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ - ၈၆၄ ၀၂၂၀ သို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
ရခိုင်ကယ်ဆယ်ရေးစတင်

ရခိုင်ပြည်နယ်ရှိမောင်တောမြို့၊ဘူးသီးတောင်မြို့နှင့်စစ်တွေမြို့များတွင်ဖြစ်ပွားပေါ်ပေါက်ခဲ့သည့်ဆူပူအကြမ်းဖက်မှုများကြောင့်
လူနေအိမ်များမီးလောင်ဆုံးရှုံးခဲ့ပြီးလတ်တလောဒုက္ခနှင့်ရင်ဆိုင်နေကြရသည့်ဒေသခံပြည်သူဒုက္ခသည်များအား
ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျှက်ရှိသည့်ကယ်ဆယ်ရေးစခန်းများရှိဒုက္ခသည်များအားလူသားချင်း စာနာထောက်ထားသောစိတ်ဓါတ်များဖြင့်နာရေးကူညီမှုအသင်း(ရန်ကုန်)မှသိန်း(၂ဝဝ)ကျပ် မတည်ခဲ့သည်။ ဦးစောညီစံနှင့်အသင်းသား(၄)ဦးအဖွဲ့သည်ယမ်ယမ်ခေါက်ဆွဲခြောက်(၂ဝဝဝဝ)ကျော်၊အဝတ်ထုတ်(၆ဝ)ထုတ်၊ကွေကာအုပ်(၅ဝဝဝ)ထုတ်နှင့်
ဘီစကစ်(၁ဝဝဝဝ)ကျော်အစရှိသည့်ကုန်ပစ္စည်းများအား(၂၄ပေ)မော်တော်ယာဉ်ပေါ်သို့တင်ဆောင်၍၁၄.၆.၂ဝ၁၂(ကြာသပတေးနေ့) ည(၉း၃ဝ)နာရီအချိန်တွင်ဘုရင့်နောင်ပွဲရုံမှစတင်ထွက်ခွာခဲ့သည်။(၂၄ ပေ မော်တော်ယာဉ်အား ရွှေပြည်သစ် ကားဂိတ်မှ ကိုတင်အုန်းမှ စစ်တွေခရီးစဉ် အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။)
၁၅.၆.၂ဝ၁၂(သောကြာနေ့)နံနက်(၇း၃ဝ)နာရီလေယာဉ်ဖြင့်စစ်တွေမြို့သို့ထွက်ခွာရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဒု-ဥက္ကဌဒေါ်သန်းမြင့်အောင်၊အလုပ်အမှုဆောင် ဦးဖြိုးကိုကိုနှင့်ဒေါ်နှင်းနှင်းယုတို့သည်နာရေးကူညီမှုအသင်း(ရန်ကုန်)မှနံနက်(၆းဝဝ)နာရီအချိန်တွင်စတင် ထွက်ခွာခဲ့ကြသော်လည်းနံနက်(၁၁းဝဝ)နာရီအချိန်တွင်ဒု-ဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်နှင့်အဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ပြန်လည်ရောက်ရှိလာခဲ့ပြီးစစ်တွေမြို့တွင်ရာသီဥတု အခြေအနေကြောင့်လေယာဉ်ဆင်းသက်နိုင်ရန်ခက်ခဲသဖြင့်၁၅.၆.၂ဝ၁၂(စနေနေ့)နံနက်(၇း၃ဝ)နာရီလေယာဉ်ဖြင့် တစ်ရက်နောက်ကျ၍ထွက်ခွာမည်ဖြစ်တော့သည်။နာရေးကူညီမှုအသင်း(ရန်ကုန်)သည်အများပြည်သူတို့အားတတ်စွမ်းရွေ့ ကူညီဖေးမပေးဆပ်ခဲ့ကြသလိုဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံ၊လူသားနှင့်သက်ရှိသတ္တဝါအားလုံးကမ္ဘာကြီးမှာငြိမ်းချမ်းစွာအတူတကွ မြတ်နိုးစွာချစ်ခင်ကြရင်ကမ္ဘာလောကကြီးငြိမ်းချမ်းသာယာ၍သောကကင်းဝေးစေရန်အစဉ်ထာဝရ ဆုတောင်းမေတ္တာပို့သကာဗြဟ္မစိုရ်တရားလေးပါးအားလက်ကိုင်ပြု၍နိုင်ငံအဝှမ်းဆက်လက်ချီတက် ပေးဆပ်သွားပါတော့မည်။

No comments:

Post a Comment