ပြင်သစ်နိုင်ငံ Orsay museum ကိုသွားရောက် လေ့လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်
ပြင်သစ်သမ္မတဟောင်း Nicolas Sarkozနဲ့ ဇနီးတို့မှ ဒေါ်အောင်ဆန်းစုကြည်အား တည်းခိုရာဟိုတယ်မှာ လာရောက်တွေ့ဆုံစဉ်..
ပြင်သစ် ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ Claude Bartoloneနှင့် တွေ့ဆုံစဉ်
ပြင်သစ်လွှတ်တော် ဥက္ကဋ္ဌ Senate Jean-Pierre Belနှင့် တွေ့ဆုံစဉ်
ကမ္ဘာ့အလယ်မှာမြန်မာလူမျိုးတွေဂုဏ်ရောင်ထွန်းပြောင်နိုင်အောင်စွမ်းဆောင်ခဲ့တဲ့ကျွန်တော်တို့
ပြည်သူလူထုခေါင်းဆောင်ကို ကျွန်တော်တို့ အားလုံး ထိုက်ထိုက်တန်တန် ကြိုဆိုဂုဏ်ပြုကြမယ်
ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်
ပြန်လည်ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အား လူအမြောက် အများဖြင့် ကြိုဆိုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်
လမ်းတလျှောက်ဝဲယာတွင်အင်္ကျီအနီရောင်များဝတ်ဆင်ကာခွပ်ဒေါင်းအလံနှင့်မြန်မာနိုင်ငံအလံများ ကိုင်ဆောင်၍Nပည်သူများကကြိုဆိုရန်စီစဉ်နေသည်ဟုစီစဉ်နေသူတဦးဖြစ်သည့်နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်ပြောသည်။
“ပြည်သူလူထုကြီးကို ကိုယ်စားပြုပြီး နိုင်ငံအတွက် ဂုဏ်ယူဖွယ် ဆောင်ရွက်ခဲ့သူကို ပြည်သူ တသန်းခန့်က ဂုဏ်ပြုကြိုဆိုကြမှာပါ” ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ပြန်ရောက်ရန်နှစ်ရက်အလိုတွင်ကြိုဆိုမည့်လူပေါင်းသိန်းဂဏန်းအထိ စာရင်းရရှိထားသည်ဟုဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့်အတူ စီစဉ်နေသူများက ပြောသည်။
“အခုတောင် စာရင်းပေးထားတဲ့ သူတွေက အတော်များနေပြီ။ အချို့ဆိုဟိုတယ်တခုလုံးက ဝန်ထမ်းတွေက ကြိုဖို့ရှိပါတယ်” ဟု generation wave မှ တာဝန်ရှိသူတဦးက ပြောသည်။
အနောက်နိုင်ငံများတွင်နိုဘယ်ငြိမ်းချမ်းရေးဆုအပါအဝင်ဂုဏ်ထူးဆောင်ဘွဲများလက်ခံရယူပြီးပါလီမန်များ၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကတလေးတစားကြိုဆိုဂုဏ်ပြုခြင်းခံရသောမြန်မာ့ ဒီမိုကရေစီခေါင်းဆောင်အားပြည်သူများကလည်းဂုဏ်ယူစွာကြိုဆိုကြသည်ကိုကမ္ဘာကသိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။
ယခုကဲ့သို့ကြိုဆိုရေးစီစဉ်ရာတွင်လူမှုရေးအဖွဲ့အစည်းများအပါအဝင်GWaveမှလူငယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ပြင်သစ်ခရီးစဉ် ရုပ်သံပေါင်းချုပ်
ဒီမိုဝေယံ မှ သိသမျှ ။
No comments:
Post a Comment