ဦးဇော်ဇော် မှ ကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့သည်
သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀ လှူဒါန်းခဲ့သည်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် ထောက်ပံလူဒါန်းငွေများကို ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး စခန်းများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့ နှင့် အနုပညာရှင်အချို့သည် ဇွန်လ ၁၃ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ မြို့တော်ခန်းမတွင် သွားရောက် လှူဒါန်းကြပါသည်
ထို့နောက် အလှူရှင်များသည် အာဂျိတ်တောင် ကယ်ဆယ်ရေးစခန်း၊ တပ်ဦးပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများ၊ စောင်များ၊ အ၀တ်အထည်များ၊ ပန်းကန်များ၊ ခေါက်ဆွဲခြောက်များ နှင့် အခြား လိုအပ်သောပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဦးအောင်ကိုဝင်း (နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀ ဦးဇော်ဇော် (ဥက္ကဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀ ဦးရန်ဝင်း (ဥက္ကဌ၊ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀ ဦးဖြိုးကိုကိုတင့်ဆန်း (ဥက္ကဌ၊ နေပြည်တော် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀ ဦးလှဌေး (ပိုင်ရှင်၊ ဇွဲကပင်ဘောလုံးအသင်း) ကျပ်သိန်း ၂၀၀ ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀ ဒေါက်တာစိုင်းဆမ်ထွန်း (ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်) ကျပ်သိန်း ၁၀၀ ဦးသူရိန် (ဥက္ကဌ၊ ဇေယျာရွှေမြေဘောလုံးအသင်း) ကျပ်သိန်း ၁၀၀ ဦးအောင်မိုးကျော် (ပိုင်ရှင်၊ ဟံသာဝတီ ဘောလုံးအသင်း) ကျပ် သိန်း ၁၀၀ ဦးဝမ်စိန် (ဥက္ကဌ၊ မောရ၀တီ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀ ဦးလှမျိုး (အောင်မြင်သူ ကုမ္ပဏီအုပ်စု) ကျပ်သိန်း ၂၀၀ ဦးကျော်ဟိန်း (ချယ်ဟိန်း ကုမ္ပဏီ) ကျပ်သိန်း ၂၀၀ Fresh Air Con ကျပ်သိန်း ၁၀၀ လူငယ်မီဒီယာသမားများ ကိုယ်စားပြု ကျပ်သိန်း ၅၀ Eleven Media Group ကျပ်သိန်း ၂၀ ပေါ်ပြူလာ ဂျာနယ် ကျပ်သိန်း ၂၀ သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀ ဒါရိုက်တာ ၀ိုင်း ကျပ် ၁၅ သိန်း အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း ကျပ် သိန်း ၅၀၀၀ ခန့်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
(ရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသော ပြည်သူများအား ကူညီထောက်ပံရေးအဖွဲ့ (ယာယီ) သည် နာရေးကူညီမှုအသင်း (စစ်တွေ)မှ ဦးဆောင်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ အမည်ဖြစ်ပါသည်။ အဆိုပါအဖွဲ့သို့ ဆက်သွယ် လှူဒါန်းလိုသူများအနေဖြင့် ဖုန်း ၀၄၃-၂၂၄၇၅၊ ၀၉၈၅၀၀၉၄၄၊ ၀၉၈၅၀၀၂၄၁ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။)
Eleven Media Group မှ သိသမျှ ။


No comments:
Post a Comment