Friday, 29 June 2012

နိုင်ငံရေးပါတီ ၇ ခုစုပေါင်း၍ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်

 
ပြည်ခိုင်ဖြိုးနှင့် အန်အယ်လ်ဒီပါတီ အပါဝင် နိုင်ငံရေး ပါတီ ရ ခုမှ ပါတီဝင် အယောက် ၄၃ ဦးသည် ဂျပန်နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်မှာ ဇူလိုင်လ ၂ ရက်မှ ၁၀ ရက်နေ့ အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

''ဒီနိုင်ငံမှာ ပါတီတွေ ဘယ်လိုပဲ ကွဲပေမဲ့ သူများနိုင်ငံမှာတော့ စည်းလုံး ညီကြောင်းကို ပြရမှာပါ'' ဟု အဆိုပါ ခရီးစဉ်ကို ဦးဆောင် စီစဉ်သူ ပြည်ခိုင်ဖြိုးပါတီမှ အထွေ ထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
  
အဆိုပါ ခရီးစဉ်ကို ဂျပန်အစိုးရမှ တရားဝင်ဖိတ်ကြားခြင်းဖြစ်ကာ ဂျပန်နိုင်ငံ၏ လွှတ်တော်များ အပါဝင် အထင်ကရနေရာများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင့် ဂျပန်နိုင်ငံ၏ အုပ်ချုပ်ရေး စနစ်များ ကို လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရသစ်လက်ထက်တွင်ဂျပန်နိုင်ငံအနေဖြင့် ကြွေးမှီးများကို လျှော်ပြစ်ခြင်း၊ တရားဝင် အထောက်အပံ့များ ပြန်လည်ပေးအပ်ခြင်းနှင့် လူမှုရေး အကူအညီများကို ပြန်လည်ပေး အပ်ခဲ့သည်။

ယမန်နှစ်ကလည်း နိုင်ငံရေး ပါတီ ၆ ခုမှ လူ ၂၀ ဦး ပါဝင်သော အဖွဲ့သည် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်မှာ အောင်မြင် ပျော်ရွှင်သော ခရီးစဉ် တစ်ခု ဖြစ်ခဲ့ကြောင်း ဦးဌေးဦး က ဆက်ပြောသည်။

အဆိုပါခရီးစဉ်သို့ ပြည်ခိုင်ဖြိုးပါတီမှ ၁၃ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၁၀ ဦး၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီမှ ၅ ဦး၊ တိုင်းရင်းသားစီးလုံးညီညွှတ်ရေး ပါတီမှ ၄ ဦး၊ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေး ပါတီမှ ၄ ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ၃ ဦးနှင့် မွန်ဒေသ လုံး ဆိုင်ရာ ဒီမိုကရေစီပါတီမှ ၃ ဦးတို့ သွားရောက် ကြမည်ဖြစ် သည်။
theyangontime မှ သိသမျှ ။
 

No comments:

Post a Comment