Saturday 9 June 2012

Facebook ကိုဘာအတွက် သုံးမှာလဲး.....?

                                                                                                                       
 လူမှုကွန်ရက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်က လူတွေရဲ့ နေ့စဉ်လူမှုဘဝရဲ့အစိတ်အပိုင်း ဖြစ်လာသလို၊ ပညာရေး စီးပွားရေးလုပ်ငန်းတွေမှာပါ သြဇာပိုလွှမ်းလာ သည်။ ဖေ့စ်ဘွတ်သာ တိုင်းပြည်တစ် ပြည်ဆိုရင်၊ တရုတ်နဲ့ အိန္ဒိယပြီးရင် တတိယအကြီးဆုံး တိုင်းပြည်ဖြစ် လိမ့်မည်။ အခုလက်ရှိ နေ့စဉ် ဖေ့စ်ဘွတ်သုံးတဲ့ လူဦးရေ သန်း ၈ဝဝ ရှိပြီး၊ ၇ဝ ရာခိုင်နှုန်းကျော်က အမေရိကန်ပြည်ထောင်စု အပြင် ဘက်က ဖြစ်သည်။ ဖေ့စ်ဘွတ်ပေါ် မှာ ဘာသာစကား ၇ဝ ကျော်ဖြင့် အသုံးပြုနေကြသည်။  ဖေ့စ်ဘွတ် အသုံးအများဆုံး ငါးနိုင်ငံအနက် နှစ်နိုင်ငံက အစ္စ လာမ်နိုင်ငံတွေ ဖြစ်သည်။ အင်ဒိုနီး ရှားက နံပါတ် ၂ ဖြစ်ပြီး တူရကီက နံပါတ် ၅ ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်အတွင်း အာရပ်   နိုင်ငံ တွေမှာ ဖေ့စ်ဘွတ် သုံးသူ ၇၉ ရာခိုင်နှုန်းမြင့်လာခဲ့သည်။

 နောက် ဖေ့စ်ဘွတ်သုံးစွဲသူ အရေအတွက် အမြန်ဆုံးတိုးတက် လာတဲ့ နိုင်ငံတွေကတော့ ဘရာဇီး၊ အိန္ဒိယ နဲ့  မက္ကဆီကိုတို့ ဖြစ်သည်။  မကြာခင်က မင်နီဆိုးတား တက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Gerald Fry နဲ့အဖွဲ့က စတန်းဖို့ဒ်တက္ကသိုလ် စက်မှုပန်းခြံ ကြီးထဲက   ဖေ့စ်ဘွတ်ရုံးချုပ်ကို အလည်သွားခဲ့သည်။ ဖေ့စ်ဘွတ်ရုံး ချုပ်မှာ အလုပ်သမား ၇ဝဝ ကျော် ရှိသည်။ နောက် အဲဒီနဲ့ သိပ်မဝေးနဲ့ Menlo Park က ဖေ့စ်ဘွတ် ရုံးမှာလည်း အလုပ်သမား ၄ဝဝ ခန့်ရှိ သည်ဟု ဆိုသည်။

အဲဒီ အံ့သြဖွယ်ကောင်းတဲ့ နည်းပညာ စီးပွားရေးလုပ်ငန်းမှာ အသိပညာလုပ်သား ၁၁ဝဝ ကျော် လုပ်ကိုင်နေပြီး၊ လုပ်ငန်း တန်ဖိုးက ဒေါ်လာ ၅ဝ ဘီလျံ။ ဘိုးအင်း လေ ယာဉ်ကုမ္ပဏီရဲ့ ငွေကြေးပမာဏ
ထက်များနေပြီး General Motors ကားကုမ္ပဏီရဲ့တန်ဖိုးပမာဏလောက် ရှိနေသည်။ ဒါပေမဲ့ ရုပ်ဝတ္ထုပစ္စည်း ပိုင်း နေရာယူမှုက အဲဒီ ကုမ္ပဏီကြီး နှစ်ခုထက် ဖေ့စ်ဘွတ်က အတော် နည်းသည်။ ပါမောက္ခ Gerald Fry က ဖေ့စ်ဘွတ်ကို ပညာရေးအတွက် အသုံးပြုနိုင်ပုံနဲ့ အလွဲသုံးနိုင်ပုံတို့ကို သူ့ကျောင်းသား တွေနဲ့ ဆွေးနွေးခဲ့ သည်။

အင်္ဂလိပ်စကား မပြောတဲ့ နိုင်ငံ တွေက ကျောင်းသားတွေအတွက် ဖေ့စ်ဘွတ်ကနေ အင်္ဂလိပ်စာ ရေးဖို့ ဖတ်ဖို့ လေ့ကျင့်ဖို့အတွက် ကောင်း မွန်တဲ့ အခွင့်အလမ်းဖြစ် သည်ဟု ဆိုသည်။ နောက် ဖေ့စ်ဘွတ်ပေါ်က တန်ဖိုးရှိတဲ့များစွာသော ရုပ်ပုံတွေကို  presentation တွေအတွက် အသုံး ချနိုင်သည်။ ပုံနှိပ်ထုတ်ဝေမှုတွေ လုပ် နိုင်သည်။ အံ့သြဖွယ်ကောင်းတဲ့ ပထမကမ္ဘာစစ်လောက်က ပုံတွေကို တောင် ပြန်တင်ရှယ်ယာလုပ်ကြ သည်။

ဖေ့စ်ဘွတ်ကနေ ကမ္ဘာအနှံ့က ယဉ်ကျေးမှုမတူ ဒေသမတူသူတွေနဲ့ အဖိုးတန် အင်ဖော်မေးရှင်းတွေမျှဝေ ခြင်း ဆွေးနွေးခြင်းဖြင့် အသိပညာ အင်အား (intellectual power)ကို ထူထောင်နိုင်သည်။ နောက် ဖေ့စ် ဘွတ်မှာ သုတေသနတွေ (elec-tronic surveys) လည်း လုပ်နိုင် သေးသည်။ ဖေ့စ်ဘွတ်ကို အလွဲသုံးမှုက တော့ အလွန်အမင်းဆိုးကျိုးတွေကို ဖြစ်စေနိုင်တဲ့ ဆိုက်ဘာအနိုင်ကျင့်မှု ဗိုလ်ကျမှု (cyber bullying) ဖြစ် သည်။ အထူးသဖြင့် ဆယ်ကျော် သက်တွေရဲ့ ပုဂ္ဂိုလ်ရေးသိက္ခာ ထိခိုက်အောင် ပြုမူခြင်း ဖြစ်သည်။ ဆိုက်ဘာလူဆိုးတွေက မိန်းက လေးငယ်တွေရဲ့ဖေ့စ်ဘွတ်အကောင့် ကို ဖောက်ထွင်းချောင်းမြောင်း (hack)၊ ဖွဖို့ ကြံစည်ခြင်း   ဖြစ်သည်။ နောက်ထပ် ဆိုးကျိုးတစ်ခုက တော့ ဘိန်းစွဲသလို ဖေ့စ်ဘွတ် စွဲနေ ခြင်း (Facebook addiction) ဖြစ် သည်။ လူတစ်ဦးချင်းစီက သူတို့ရဲ့ အဖိုးတန်အချိန် အများစုကို ဖေ့စ် ဘွတ်ပေါ်မှာတင် အချိန်ဖြုန်းပစ်ခြင်း ပင်။ နောက် အသုံးပြုသူတွေဟာ အတိုကောက်စာလုံးတွေ ရေးခြင်း (how r u?) ဖြင့် ဘာသာစကား အလေ့အကျင့် ဆိုးကို အမြဲထိစပ်နေ ခြင်း ဖြစ်သည်။

လေ့လာမှုတစ်ခုအရ ဗြိတိန်က မိန်းကလေးငယ်တချို့ဟာဖေ့စ်ဘွတ် ဟာ သူတို့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်ပိုင်းတစ်ခုပဲ၊ ဘယ်လောက် အရေးကြီးသလဲဆိုရင် မိဘ ထက်တောင် အရေးပါတယ်လို့ဖြေဆိုကြ သည်။ ကြောက်လန့်ဖွယ်အဖြေပါပဲ။ တကယ်တော့ ဖေ့စ်ဘွတ်ဟာ အသွားနှစ်ဖက်ပါတဲ့ဓားလိုဖြစ်သည်။ ပညာရေး သမားတွေနဲ့ ဆရာတွေက နည်းပညာသစ်တွေနဲ့ ယဉ်ပါးအောင် ကျောင်းသားတွေ ဘယ်လိုအသုံးပြု ရမလဲဆိုတာ ဖေ့စ်ဘွတ်ကတစ်ဆင့် အကူညီပေးနိုင်သည်။ ငယ်တဲ့သူ တွေက အသက်ကြီးတဲ့သူတွေထက် နည်းပညာနဲ့ လူမှုမီဒီယာတွေ ဘယ် လိုအသုံးပြုရမယ်ဆိုတာ နောကျေ နေပေမယ့် ပညာရေး၊ အချိန်နဲ့ဘဝ အတွက် ဘယ်လိုအကျိုးရှိရှိ သုံးရ မလဲဆိုတာသိဖို့ ဆရာတွေကကူညီ ပေးနိုင်သည်။

ဥပမာ- မကြာခင်က ချီကာဂိုရှိ North Western University ကို ရောက်လာတဲ့ ပထမနှစ် ကျောင်း သားတွေကို ဖေ့စ်ဘွတ်ကဲ့ သို့သော ဆော့ဖ်ဝဲသစ်တွေကို စနစ် တကျ  ဘယ်လိုအသုံးပြုမလဲဆိုတာ ဝေဖန် သုံးသပ်ဆွေးနွေးမှုတွေလုပ်ခိုင်းသည်။ အဲဒီလို ဆွေးနွေးသုံးသပ်မှုတွေ လုပ်မထားရင်၊ ဖေ့စ်ဘွတ်ကို အသိ ပညာအတွက် အသုံးပြုမှုထက်၊ အလွယ်တကူ လမ်းကြောင်းလွဲ အချည်းအနှီးအသုံးပြုမှုတွေ ဖြစ် လာနိုင်သည်ဟု ပါမောက္ခ Gerald Fry က ပြောဆိုသည်။


 ဝင့်ထန်း (မောက္ခ ပညာရေးမဂ္ဂဇင်း) မှ သိသမျှ ။

1 comment: