ဒုတိယကမ္ဘာစစ် နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ ဗြိတိသျှ အထက်အောက် ပါလီမာန်ရဲ့ Westminster Hallမှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့  နိုင်ငံရပ်ခြားမှ နိုင်ငံ့ခေါင်းဆောင်များ စာရင်း။
၅ဦးမြောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ
7 April 1960 Charles de Gaulle President of France
11 July 1996 Nelson Mandela President of South Africa
17 September 2010 Benedict XVI Pope (state Visit)
25 May 2011 Barack Obama President of the United States
21 June 2012 Dr. Aung San Suu Kyi Union of Myanmar
ဗြိတိသျှအထက်အောက်လွှတ်တော်ရဲ့ကြီးကျယ်ခန်းနားလှတဲ့WestminsterHallမှာအရှေ့တောင် အာရှတိုင်းပြည်မြန်မာနိုင်ငံမှမြန်မာပြည်သူများရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းဗြိတိန်နိုင်ငံသို့ရောက်ရှိလာကြတဲ့နိုင်ငံခေါင်းဆောင်များထဲမှ
ဗြိတိန်ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကြားမှ မြန်မာပြည်သူလူထုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
ဗြိတိသျှ အထက်အောက် လွှတ်တော်ရဲ့ ကြီးကျယ်ခန်းနားလှတဲ့ Westminster Hallမှာ ဒီလို ဝိုင်းဝိုင်းလည် ဂုဏ်ပြုကြတာပါ(ဝဲမှညာ) လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ဝဲအစွန်)၊ လေဘာပါတီ ခေါင်းဆောင် Ed Miliband (ဒုဝဲ) ယခင်ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲရဲ့ဇနီးရှေ့နေCherieBlair(အဖြူဝတ်အမျိုးသမီး)၊ယခင်ဗြိတိန်
ဝန်ကြီးချုပ်ဟောင်ဂေါ်ဒွင်ဘရောင်း၊အလယ်ကတော့မြန်မာပြည်ရဲ့အနာဂတ်ခေါင်းဆောင်မြန်မာပြည်ရဲ့ မီးရှုးတန်ဆောင်ကျွန်တော်တို့အားလုံးရဲ့အမေဒေါ်အောင်ဆန်းစုကြည်..။ပတ္တမြားကိုရွှေကွပ်ထားတဲ့ အလားမြင်တွေ့ရပါတယ်ဗျ ။
Westminster Hall မြင်ကွင်း..
အမှတ်(၁၀) ဒေါင်းနင်းလမ်း မှအပြန်
ခွပ်ဒေါင်းမိခင် နင်းလျှောက်ခဲ့တဲ့ အမှတ်(၁၀)ဒေါင်းနင်းလမ်းမှအပြန်...
မြန်မာပြည်လူထုခေါင်းဆောင် ၂နှစ်သမီးအရွယ် လောက်ကပေါ့ မြန်မာပြည် လွတ်လပ်ရေးအတွက် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဒီဒေါင်းနင်းလမ်း အမှတ် ...၁၀ မှာပဲ အောင်ဆန်း အက်တလီ စာချုပ်ကို ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီတို့ လက်မှတ် ရေးထိုးခဲ့ကြတယ်။
ထိုမှ နှစ်ပေါင်း (၆၅)နှစ်အကြာမှာတော့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါ ဒေါင်းနင်းလမ်း အမှတ်၁၀မှာဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းမှနေ့လည်စာနဲ့တည်ခင်းခဲ့သလိုဗြိတိန်နိုင်ငံရဲ့ အထက်အောက်လွှတ်တော်မှဒုတိယကမ္ဘာစစ်နောက်ပိုင်းနိုင်ငံခေါင်းဆောင်အဆင့်တွေဂုဏ်ပြုတဲ့ အနေနဲ့ပြောခွင့်ပြုတဲ့ဗာတီကန်မှပုပ်ရဟန်းမင်းကြီး၊အမေရိကန်သမ္မတအိုဘားမားနဲ့ယခု မြန်မာပြည်က
ဒေါ်အောင်ဆန်းစုကြည်မှ၅ဦးမြောက်အနေနဲ့ဟောပြောခွင့်ရခဲ့ပါတယ်.ရွှေမြန်မာတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်သတင်းတပုဒ်ပါ..။ကျင်းပတော့မယ့်လန်ဒန်အိုလံပစ်ကရွှေတံဆိပ်ဆုထက် ဆုတံဆိပ်တွေကို ကမ္ဘာ့အလယ်မှာ မော်ကြွားနိုင်အောင် အမေစု ဂုဏ်ဆောင်ပေးခဲ့ပါပြီ။
သမိုင်းလိုအပ်ချက်အတွက်နှစ်ပေါင်းများစွာမှပေါ်ပေါက်ပေးရတဲ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခွပ်ဒေါင်းမိခင် ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ ကျေးဇူးတရားများကား အင်မတန်မှပင် ကြီးမားလှပါပေသည်...။
အမေစုကျန်းကျန်းမာမာဘေးဘယာကင်းရှင်းစွာဖြင့်အနာဂတ်မြန်မာနိုင်ငံအကျိုးကို ဆက်လက်သယ်ပိုး နိုင်ပါစေလို့ ဆုတောင်း မေတ္တာပို့သ အပ်ပါတယ်..။
ဒီမိုဝေယံ မှ သိသမျှ ။
ရောက်ခဲ့ပါတယ်ရှင့်
ReplyDeleteအရမ်းကို ဂုဏ်ယူကောင်းတဲ့ ဖြစ်ရပ်လေးပါပဲ
ReplyDelete