Monday, 2 July 2012

ဦးကျော်သူ ပြည်ပခရီးစဉ်မှ ပြန်လည်၍့ရောက်ရှိရှိခြင်း နာရေးကိစ္စများအား မလစ်ဟင်းစေရန် တာဝန်ယူ သင်္ဂြိုလ်ပေး



နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ပြည်ပခရီးစဉ်မှ ပြန်လည်၍ ရန်ကုန်မြို့သို့ ရောက်ရှိပြီး ၃ဝ.၆.၂ဝ၁၂ (စနေနေ့)တွင် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ ကပ္ပတိန်(ဦး)အံ့ခိုင် (Cargo Superintendent ရဲတံခွန် FSO)၏ မိခင် ဒေါ်ခင်ဝင်း (AGNES) အသက် (၈၁) နှစ် ကွယ်လွန်သွား ကြောင်း သိရှိသည့်အတွက် ယင်းနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေဝေးသုဿန် အအေးခန်း သို့ ပို့ဆောင်ကူညီပေးခဲ့သည်။ ကျောင်းနေဖက်သူငယ်ချင်း ဦးအံ့ခိုင်သည် ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက် တို့အတွက် ဖူးစာဆုံစေခဲ့သည့် ပါရမီဖြည့်ဆည်းပေးခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် ပြည်ပ ခရီးစဉ်၏ ပင်ပန်းနွမ်းနယ်မှုများကို ဂရုမပြုဘဲ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည့် ၂၉.၆.၂ဝ၁၂ ရက်နေ့မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းစဉ်များဖြစ်သော အများပြည်သူတို့အပေါ် ပေးဆပ်မှုလုပ်ငန်းစဉ်များအား အင်တိုက်အားတိုက် ပြန်လည်၍ အတိုးချ ထမ်းဆောင်နေသည့်ကြားမှ မိခင်ကြီး ဒေါ်ခင်ဝင်း၏ နာရေးကိစ္စအားလည်း မလစ်ဟင်းစေရန် တာဝန်ယူ သင်္ဂြိုလ်ပေးခြင်း အခမ်းအနား အား ၂.၇.၂ဝ၁၂ (တနင်္လာနေ့) နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ခန်းမ၌ မီးသင်္ဂြိုလ်ခြင်း အစီအစဉ်ကို ကျင်းပခဲ့သည်။
ယင်း ဈာပနအခမ်းအနားတွင် ဆွေမျိုးမိတ်သင်္ဂဟများ၊ မိသားစုဝင်များ၊ သာသနာမိတ်ဆွေများနှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးအသင်းသား/သူများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ မိခင်ကြီး ဒေါ်ခင်ဝင်း၏ နောက်ဆုံးနှုတ်ဆက် ခရီးစဉ်အား ကျင်းပပေးခဲ့ပါသည်။ မိခင်ကြီး ဒေါ်ခင်ဝင်းသည် ဗုဒ္ဓမြတ်စွာဘုရား၏ လမ်းညွှန်ပြသခဲ့သော ဝိပဿနာတရားတော်နှင့်အညီ နေထိုင်ကျင့်ကြံသွားသော သူတစ်ဦး ဖြစ်ပါ၍ မိခင်ကြီး၏ လမ်းဆုံးခရီးသည် . . . . . . ။


"လမ်းဆုံးခရီး"

မပူခင်က အေးပြီးသား
မပြေးခင်က ရပ်ပြီးသား ဖြစ်လေတော့
မဆုံးသောခရီး ငါသွားခြင်းကြောင့်သာ
ဖြစ်တယ်လို့သိရင်
သဘာဝ (ဓမ္မသဘာဝ) သဘော အမှန်အရှိတိုင်းသိပြီး
လွယ်ကူပေါ့ပါး ချမ်းမြေ့စွာဖြင့် လမ်းဆုံးခရီးကို
လျှောက်လှမ်းနိုင်ပါစေ . . . . ။

(ဝဋ်ကြွေးတော်ပြေ ဆရာတော်ဘုရားကြီး)
ဦးကျော်သူ face book မှ သိသမျှ ။
 

No comments:

Post a Comment