ဖွေးဖွေး လို့ဆိုလိုက်ရင် ချစ်စရာကောင်းတဲ့၊ ငယ်ရွယ်တဲ့၊ သွက်လက်မြူးကြွနေတဲ့ ကောင် မလေး တစ်ယောက်ကို မြင်လာမှာပဲနော်။ သ ရုပ်ဆောင်တဲ့နေရာမှာ ထူးချွန်ထက်မြက်ပြီး ဇာတ်ရုပ်နဲ့ အလိုက် ဖက်ဆုံးဖြစ်အောင် သရုပ် ဆောင်နိုင်တဲ့အပြင် သူများနဲ့မတူတဲ့အမူအရာ လေးတွေ၊ ဖက်ရှင် စတိုင်လေးတွေက သူမကို အောင်မြင်မှု ဆိုတဲ့ပန်းတိုင်ဆီကို ပို့ဆောင်ပေး နေပါတယ်။ သူမနဲ့တွေ့ဆုံခိုက် မေးမြန်းခဲ့ သမျှ ကတော
ဖွေးဖွေး အခုနောက်ပိုင်း ဇာတ်ကားတွေ စီမံလာတယ်။ ဘယ် လိုဇာတ်ရုပ်မျိုးတွေ သရုပ်ဆောင်ထားလဲ။
ဟုတ်ပါတယ်။ အခုတလော မှာ ဇာတ် ကားလေးတွေ တော်တော်ရိုက်ဖြစ်ပါတယ်။ ဇာတ်ရုပ်ကတော့ အစုံ ပါပဲ။ ဇာတ်လမ်း ကောင်း တယ်ဆိုရင် ရိုက်ဖြစ်ပါ တယ်။ ကိုယ်ကြိုက် တဲ့ ဇာတ်လမ်းကိုတော့ရွေး တာပေါ့။
ဖွေးဖွေးက ဖက်ရှင် ကို ကိုယ် တိုင်ဆန်းသစ်တီထွင်ဝတ်ရတာ ကြိုက်တယ်ဆိုတော့ ဘယ်လို ဖက်ရှင်မျိုး တွေကို နှစ်သက်လဲ။
အဓိက ထားပြီးနှစ် သက်တဲ့ ဖက်ရှင်ရယ်လို့ တော့မရှိပါဘူး။ စိတ်ကူးထဲမှာပေါ်လာတဲ့အ တိုင်း ၀တ်လိုက် တာပါ။ ဒါပေမဲ့ အဲဒီလိုဝတ် လိုက်တာက ဆန်းနေရမယ်ပေါ့။ သူများမလုပ် သေးတဲ့ပုံစံလေးတွေ၊ အဓိက ကတော့ အမြဲ တမ်းပြောင်းလဲပြီးဝတ်ဖြစ်ပါတယ်။ ပုံသေ ဒီဖက် ရှင်ပဲဝတ်မယ်ဆိုတာမျိုးတော့ မရှိပါဘူး။
မိန်းကလေး တစ်ယောက်ဖြစ်ရတဲ့အပေါ် ဖွေးဖွေးရဲ့ခံစားချက် လေးကို ပြောပြပါဦး။
မိန်းကလေး ရယ်၊ ယောက်ျားလေး ရယ်လို့ တော့ အဲဒီလိုခွဲခွဲခြားခြားစိတ်ကြီးတော့မရှိပါဘူး။ လူဖြစ်ရ တာကိုပဲ ကျေနပ် မိပါတယ်။
ယုံကြည်ချက် ခိုင်မာ ရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကိုရော လက် ခံရဲ့လား။
လက်ခံပါ တယ်။ ယုံကြည် ချက်သာခိုင်မာရင် ဘာမဆိုဖြစ်နိုင်ပါတယ်။
အနုပညာရှင် တစ်ယောက်အတွက် အရေးကြီးဆုံးဟာဘာဖြစ်မလဲ။
အရင်ဆုံး ကိုယ့် အလုပ်ကို ကိုယ်တန်ဖိုးထား ရမယ်။ နောက်ပြီးတော့ စိတ်ထားကောင်းရမယ် လို့ထင် ပါတယ်။
အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အခါ လွတ် လပ်မှုတွေ ဆုံးရှုံးသွားတယ်လို့ ခံစားမိလား။
အဲလိုတော့ မခံ စားရပါဘူး။ကိုယ် ၀ါသနာ ပါတဲ့အလုပ် ကို ကိုယ်ရွေးချယ် ထားတဲ့အလုပ်မို့ အ ပြည့်အ၀ ကျေနပ်ပါ တယ်။
အနုပညာ လောကမှာ အခက်အခဲ၊ အတားအဆီးတွေကြုံရမှာပဲ လေ။ အဲဒီအခါ ဘယ်လို မျိုးအားတင်းထားလဲ။
ဖွေးဖွေး ကတော့ ဘာအကြောင်း နဲ့မှ ကိုယ့် ရဲ့ခံယူချက်တွေ၊ ယုံကြည်ချက်တွေ မပြောင်းလဲ ဘူး။ ရဲရဲတင်းတင်း ပဲ အရာရာ တိုင်းကို ရင်ဆိုင် ကျော်လွှား သွားမှာပါ။
ပရိသတ်ကြီး အတွက် စကားလက်ဆောင်
ပရိသတ်ကြီး အားလုံးလည်း ကျန်းမာချမ်း သာကြပါစေလို့ ဆုတောင်းပေးပါတယ်။
the myanmar post ကောင်းကင်ထူး မှ သိသမျှ ။
No comments:
Post a Comment