Wednesday, 18 July 2012

နိဗ္ဗာန်ယဉ် အမှတ် ( နိဗ္ဗာန် / ၁ဝ၁ )

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ရာသက်ပန်အသင်းသားဖြစ်သူ ကိုဆောင်းဦးလှိုင်နှင့် ကိုဥက္ကာဦးသာ တို့သည် ၁၃.၇.၂ဝ၁၂ ရက်နေ့မှ ၁၇.၇.၂ဝ၁၂ ရက်နေ့အထိ စင်ကာပူနိုင်ငံရှိ မြန်မာလူမျိုးတို့ ဖွဲ့စည်းထားသော ရနံ့ သစ်အဖွဲ့မှဦးဘိုဘိုဝင်းနှင့်မိတ်ဆွေများ၏ဖိတ်ကြားချက်အရလူမှုရေးလုပ်ဆောင်ချက်များအား ပြည်ပရှိ မြန်မာလူမျိုး မိဘပြည်သူ ညီအစ်ကို မောင်နှမများအားသွားရောက်၍ ဗြဟ္မစိုရ်ခြေလှမ်းများ ဟူသော လူမှုရေးဟောပြောပွဲနှင့် လူမှုရေးဂီတဖျော်ဖြေပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၁၇.၇.၂ဝ၁၂ ရက်နေ့ ည(၈း၃ဝ) နာရီအချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။


   ပြည်ပနိုင်ငံများတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ဆောင်ချက်များကို ရုပ်ပုံလွှာ များဖြင့် ရှင်းလင်းပြသ ဟောပြောခဲ့ပြီးသည့်နောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်သည်နှင့် ၁၈.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် အာရှတော်ဝင်ဆေးရုံကြီး၌ ပါမောက္ခသမားတော်ကြီး ဒေါက်တာ သီဝတင်၏ ဖခင်ကြီးဖြစ်သူ ဦးကောင်းတင် အသက် (၈၉) နှစ်သည် ကွယ်လွန်သွားခြင်းကို အကြောင်း ကြားလာသည့်အတွက် ဥက္ကဋ္ဌ ဦးကျော်သူ၊ ဇနီးဒေါ်ရွှေဇီးကွက်နှင့် အသင်းသားများတို့ သွားရောက်၍
ရုပ်ကလာပ်အား အာရှတော်ဝင်ဆေးရုံကြီးမှ သယ်ဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်၍ ဆွေမျိုး မိတ်သင်္ဂဟများ စုံညီစွာဖြင့် မီးသင်္ဂြိုလ်ပေးခဲ့သည်။
          ထိုကဲ့သို့ ဖခင်ကြီး ဦးကောင်းတင်၏ ရုပ်ကလာပ်အား သွားရောက်သယ်ဆောင်ရာတွင် ဂျပန်နိုင်ငံမှ အလှူရှင် ကိုဗညား (မိသားစု)တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းထားသော မာစီးဒီးအမျိုး အစားနိဗ္ဗာန်ယာဉ်ဖြင့် ပထမဦးဆုံး သွားရောက်ကူညီဖေးမပေးသော နာရေးကူညီမှုလမ်းကြောင်း ဖြစ်သည်။ ထို့ပြင် ယင်း မာစီးဒီးနိဗ္ဗာန်ယာဉ်သည် မြန်မာနိုင်ငံတွင် က.ည.န ဋ္ဌာနမှ ပထမဦးဆုံးသော တရားဝင် ထုတ်ပေးလိုက်သည့် နိဗ္ဗာန်ယာဉ်နံပါတ် “နိဗ္ဗာန်/၁ဝ၁” ဖြစ်သည်။ ထို့ကြောင့် ပြည်ပမှလူမှုရေး လုပ်ဆောင်ချက်များကို ပြောကြားခဲ့ပြီးသည့်နောက် ပထမဦးဆုံး နာရေးလမ်းကြောင်းအား ပြန်လည် မောင်းနှင် ကုသိုလ်ယူပေးခဲ့သော ဥက္ကဌ ဦးကျော်သူသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိဗ္ဗာန်ယာဉ် နံပါတ်ရရှိသော မာစီးဒီးနိဗ္ဗာန်ယာဉ်အမှတ် “နိဗ္ဗာန်/၁ဝ၁” ဖြင့် မောင်းနှင်ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ရသူ ကွယ်လွန်သူ ဖခင်ကြီး ဦးကောင်းတင်အဖို့ ထူးခြားသော ဘဝတစ်ပါးသို့ ရောက်ရှိသွားသော ပုဂ္ဂိုလ်တစ်ဦး ပင်ဖြစ်ပေလိမ့်မည်။
မသေဆေး မရှိ





















ဦးကျော်သူ ဖေးဘုတ် မှ သိသမျှ ။

No comments:

Post a Comment