ယူကရိန်းနိုင်ငံမှ တီထွင်ရေး အဖွဲ့တစ်ဖွဲ့သည် ဆွံ့အနားမကြားသူတို့၏ ခန္ဓာကိုယ် ဘာသာစကားကို အသံထွက်စကားသံအဖြစ် ပြောင်းပေးနိုင်သော လက်အိတ်တစ်မျိုးကို တီထွင်လိုက်ကြောင်း သိရသည်။ ယင်းလက်အိတ်ကို Enable Talkဟု အမည်ပေးထားပြီး လက်ဖြင့်ပြုလုပ်ပြသော သင်္ကေတများကို စကားသံထွက်အောင် ပြုလုပ်ပေးသည်။ အဆိုပါလက်အိတ်၌ အာရုံခံကိရိယာများပါဝင်ပြီး လက်လှုပ်ရှားမှုများကို မှတ်မိကာ ယင်းကို သင်္ကေတများအဖြစ် ပြောင်းပေးသည်။ အဆိုပါ သင်္ကေတများအား
စမတ်ဖုန်းမှ Applicationကို အသုံးပြုကာ စကားသံများအဖြစ် ပြောင်းပေးသည်။ကမ္ဘာတစ်ဝန်းလုံးရှိ ဆွံ့အနားမကြားသူ သန်းပေါင်းများစွာအတွက် အဆိုပါ လက်အိတ်များက ဘ၀၏အရည်အသွေးများ ပိုမိုတိုးတက်အောင် ပြုလုပ်ပေးနိုင်သောကြောင့် ယူကရိန်းပညာရှင်များသည် အဆိုပါဒီဇိုင်းအတွက် သြစတြေးလျနိုင်ငံတွင် ပြုလုပ်သော Microsoft Imagine Cupပြိုင်ပွဲ၌ ဆုရရှိခဲ့ပြီး သူတို့သည် အဆိုပါလက်အိတ်များ ကို အမေရိကန်ဒေါ်လာ ၇၅ဒေါ်လာခန့်ဖြင့် ရောင်းချပေးနိုင်လိမ့်မည် ဖြစ်ကြောင်းသိရသည်။
ပြည်မြန်မာ မှ သိသမျှ ။
No comments:
Post a Comment