Sunday, 22 July 2012

ထိုင်းနိုင်ငံမှာ ဗိသုကာပညာ ပထမဆု မြန်မာ ကျောင်းသူ တစ်ဦးရရှိ

ထိုင်းနိုင်ငံတ၀ှမ်းလုံးကဗိသုကာဒီဇိုင်းပြိုင်ပွဲဝင်သူတေအားလုံးထဲမှာ"IncredibleFacadeWinner"လို့ ခေါ်တဲ့
ပထမဆုကိုရရှိသွားသူက မြန်မာ ကျောင်းသူလေးတစ်ဦးဖြစ်တဲ့မခိုင်မိုးပြည့် ဆိုသူပါ။သူကတော့ ထိုင်းနိုင်ငံ ရှင်နာဝပ် တက္ကသိုလ်မှာ ဗိသုကာ ပညာအထူးပြု လေ့လာသင်ယူနေသူဖြစ်ပြီး ရန်ကုန်ပညာရေး တက္ကသိုလ် ၊ဆရာများလေ့ကျင့်သင်တန်းကျောင်းTTCရဲ့၂၀၀၉ခုနှစ်အပတ်စဉ် ကျောင်းသူ ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်

ပြိုင်ပွဲ ကို အကဲဖြတ် အမှတ်ပေး ဒိုင်လူကြီးတွေထဲမှာ Cambridge University ကဲ့သို့ ကမ္ဘာတ၀ှမ်းက နံမည်ကြီးဗိသုကာ ပညာရှင်ကြီးတွေလည်းတွေလည်းဖြစ်ပါတယ်။ အခုလို မြန်မာ ကျောင်းသူတဦးရဲ့ ထိုင်း တနိုင်ငံလုံးကပြိုင်ပွဲဝင်တွေကို ကျော်လွှားပြီးပထမဆုရခဲ့တာကို တော့ မြန်မာများအတွက်ဂုဏ်ယူစရာ
တခုလည်းဖြစ်ပါတယ်။

face book စာမျက်နှာများ မှ သိသမျှ ။

2 comments:

  1. ဂုဏ်ယူဖို့ကောင်းတဲ့သတင်းလေးအတွက်ကျေးဇူးပါရှင်

    ReplyDelete
  2. Bravo !!!
    ဂုဏ်ယူဝမ်းမြောက်ပါတယ်

    ReplyDelete