Tuesday 24 July 2012

ဆေးရုံထိမရောက်ပဲး တရုတ်နိုင်ငံမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် လမ်းမပေါ်တွင် ကလေးမွေးဖွား

                                                                                   
တရုတ်နိုင်ငံ၊ ဂွမ်ချိုပြည်နယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ သူ့အမျိုးသားဟာ ကလေးမွေးဖွားဖို့ ဆေးရုံအသွားလမ်းခရီးမှာ ရုတ်တရက်ဗိုက်နာတာကြောင့် လမ်းမပေါ်မှာပင် ကလေးမွေးဖွားလိုက်ရပါတယ်။ ကလေးငယ် ခေါင်းထွက်စပြုလာတာနဲ့ တစ်ပြိုင်နက် သူတို့အနေနဲ့ ဘာမှရွေးချယ်စရာ မရှိတော့တာကြောင့် သူမရဲ့အမျိုးသားကိုယ်တိုင် မွေးဖွားပေးခဲ့ ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့အမျိုးသားအနေနဲ့ အနီးအနားမှ သွားဆေးခန်းကို အကူအညီတောင်းခဲ့ပေမယ့်
သွားဆေးခန်းမှ သွားဆရာဝန်က သူ့မှာ ကလေးမွေးတဲ့ အတွေ့အကြုံမရှိကြောင်း၊ သူ့အနေနဲ့ မီးဖွားခြင်းဆိုင်ရာ ဆေးပညာကိုမသင်ယူခဲ့ကြောင်း ပြောကြားခဲ့တာမို့ ဆေးရုံကားကို စောင့်နေစဉ်အတွင်းမှာပင် သူမရဲ့အမျိုးသားဟာသူဝတ်ထားတဲ့ကုတ်အင်္ကျီကိုချွတ်ကာသားဖွားဆရာမတွေလို ပြုမူပြီး ဘေးမှကြည့်ရှုသူတွေရဲ့ အားပေးမှုနဲ့ မိမိကလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီးနောက် သူနဲ့ ကလေးအမေဟာ ဆေးရုံကို ကျန်းမာရေးစစ်ဆေးဖို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ရွှေမြန်မာဂျာနယ် မှ သိသမျှ ။

No comments:

Post a Comment