Friday, 6 July 2012

ကျောင်းတစ်ဖက်၊ အနုပညာတစ်ဖက်နဲ့ ယွန်းဝတီလွင်မိုး

 အမျိုးသမီးများနေ့ အထိမ်းအမှတ် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲရဲ့
အာဆီယံ- မြန်မာ ဖက်ရှင်ပြပွဲမှာ လာအိုဝတ်စုံနဲ့ ပထမဦးဆုံးအကြိမ် ပါဝင်ရှိုးလျှောက်ခဲ့တဲ့ ယွန်းဝတီ လွင်မိုးက မလျှောက်ခင်မှာ စိတ်လှုပ်ရှားပြီး ရင်ခုန်ခဲ့ရကြောင်း နဲ့ ဒီပွဲမှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံတွေကို “ရီဟာဇယ် လလုပ်တဲ့ နေ့တွေ တုန်းက စင်ပေါ်မှာထပ်ပြီး စင်မဆောက်သေး ဘူး။

                                                     
 သူတို့ဆွဲထားတဲ့ နေရာတွေမှာ သူတို့သင်ပြတဲ့ အတိုင်း လိုက်လျှောက်ခဲ့ ရတယ်။ အခုကျတော့ 
စင်တွေလည်းရှိနေတော့ အတက်အဆင်းတွေ သတိ ထားရတယ်။ ဝတ်စုံကလည်း တက်နင်းမိ စရာတွေရှိတော့ သတိထား ပြီးတော့ လျှောက်ခဲ့ရ တယ်။ အတွဲညီညီနဲ့ လျှောက်ရဖို့လည်း အရေးကြီးပါ
တယ်။ လျှောက်တာ မညီမှာစိုးလို့ ကိုယ့်ဘေးက လူကိုလည်း ကြည့်နေရ တယ်။ မလျှောက်ခင်လည်း ကြိုတင် တိုင်ပင်ထားရပါတယ်”လို့ ယွန်းဝတီ လွင်မိုးက ဆိုပါတယ်။ မော်ဒယ်ရှိုးလျှောက် ရတာလည်း ဝါသနာပါသ လို ကြော်ငြာတွေ၊ ဓာတ်ပုံရိုက်ရ တာတွေကိုလည်း ဝါသနာပါကြောင်း ၊ မော်ဒယ်လျှောက်တဲ့ လူတွေကိုလည်း သဘောကျကြောင်း ပြောပါတယ်။ အိမ်မှာလည်း ဖက်ရှင်တီဗီလိုင်းကို ကြည့်ပြီး လေ့လာဖြစ်ကြောင်းကို ယွန်းဝတီလွင်မိုးက ..”အိမ်မှာဆိုရင် ဖက်ရှင် တီဗီတွေအမြဲဖွင့်ပြီး လေ့ လာဖြစ်တယ်။ ဖက်ရှင်မဂ္ဂဇင်း စာအုပ်တွေလည်း ဖတ် ဖြစ်ပါ တယ် မော်ဒန်က



                                                                     
ခဏခဏတော့ လျှောက်ဖူးပါတယ်။ အန်တီတင်မိုး လွင် ဆီမှာတော့ သူငယ်ချင်းတွေနဲ့ သွားသင်ဖူးပါတယ်။ သင်တန်း တော့ ဆက်မတက် ဖြစ်တော့ဘူး”လို့ ပြောပါတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားပြီး ကျောင်းစာမေးပွဲနဲ့ အချိန်ညှိပြီး လုပ်ဖြစ်ကြောင်း၊ အားတဲ့ အချိန်မှာ စာတွေ ကြိုဖတ်ပြီးလုပ်ထားကြောင်း ယွန်းဝတီလွင်မိုး က ပြောပါ တယ်။


ko soe win face book မှ သိသမျှ ။


3 comments:

  1. အလွမ်းလည်း ကွန်ပျူတာတဖက် မီးဖိုချောင်တဖက်နဲ့
    အွန်လိုင်းတက်နေရကြောင်း။။။။။။အဟဲ....

    ReplyDelete
  2. ယွန်းကိုတော့ ချစ်တယ်

    ReplyDelete