Thursday 26 July 2012

ရန်ကုန်လေဆိပ်တွင် ထိုင်းနိုင်ငံသုံး ဆင်းကတ် အခမဲ့ပေး


ရန်ကုန် လေဆိပ်တွင် ယခု လဆန်းမှ စတင် ကာ ထိုင်းနိုင်ငံ သို့ သွားရောက်မည့် သူများအား ၄င်းနိုင်ငံတွင် အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်း ဆင်းကတ် များကို အခမဲ့ပေးနေကြောင်း ကိုယ် တိုင်ရယူခဲ့သူ တစ်ဦးက ပြောကြားသည်။

“True Move တံဆိပ်နဲ့ပါ။ ဘန်ကောက် လေဆိပ်ရောက်တာနဲ့ ပြောလို့ရတယ်။ သူက တစ်ခါသုံးမဟုတ်ဘူး။ နံပါတ်အသေနဲ့ပဲ။စတိုးဆိုင်တွေမှာ ငွေဖြည့်ပြီးသုံးလို့ရတယ်”ဟု၎င်းကဆိုသည်။မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့သွား
ရောက်သူများကိုဘန်ကောက်အဲဝေး၊အမ်အေအိုင်စသည့် လေ ကြောင်းလိုင်းများကလည်း ဈေးကွက်မြှင့်တင်သည့်

အနေဖြင့်မိုဘိုင်းဖုန်းဆင်းကတ်များအခမဲ့ပေးခြင်းများရှိကြောင်းရန်ကုန်အခြေစိုက် လေယာဉ်လက်မှတ်ရောင်းသူတစ်ဦး
ကဆိုသည်။“ဆင်းကတ်တစ်ခုက ဘတ် ၅၀ (မြန်မာငွေ ကျပ် ၁၃၀ဝ ခန့်)ပဲရှိတော့ ပေးနိုင်တယ်။ ကုမ္ပဏီတူတဲ့ ဆင်းကတ်အချင်းချင်းဆို အခမဲ့တောင်ပြောလို့ရတာရှိတယ်။ ငွေဖြည့်ကတ်ကလည်း ဘတ် ၅၀ ကနေ ကြိုက်သလောက် ဖြည့်လို့ရတယ်”ဟု ၄င်းကရှိသည်။ ထိုင်းနိုင်ငံတွင်Happy၊ Truemove၊12 call ၊Freedom စသည့်တံဆိပ်များမှ လူသုံးများပြီး မြန်မာ ဘာသာဖြင့် အသုံးပြုနည်းရေးသားထားသည့်တံဆိပ်များ ပါဝင်ကြောင်းသိရသည်။

ရဲရင့်မိုးအောင် မှ သိသမျှ ။

No comments:

Post a Comment