Thursday 26 July 2012

အင်တာနက်ဖုန်းများမှ အခမဲ့ဖုန်းခေါ်နိုင် ခြင်းကြောင့် အင်တာနက်ဆိုင်မှ ဖုန်းခေါ်ဆိုမှု လျော့ကျ

အင်တာနက် ရရှိသည့် အချိန် တွင် မိုဘိုင်းဖုန်း ပေါ်မှ အခမဲ့ဖုန်း ခေါ်နိုင်ခြင်း၊ မိုဘိုင်းဖုန်း များတွင် အင်တာနက် အသုံးပြုမှု များလာ ခြင်းကြောင့် အင်တာနက် ဆိုင်များမှ တဆင့် ဖုန်းခေါ်ဆိုမှုများလျော့ကျ လာကြောင်း၊ အင်တာနက် အသုံး ပြုမှုများ နည်းလာကြောင်း အင် တာနက်ဆိုင်တချို့မှ စုံစမ်းသိရှိရ သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကမိုဘိုင်းဖုန်းများတွင် အင်တာနက် အသုံးပြုခွင့်ကို ဂျီအက်စ်အမ်ဖုန်း များ၊WCDMA ဖုန်းများ၊ စီဒီအမ် အေ ၈၀ဝ မဂ္ဂါဟဇ်ဖုန်းများတွင် အသုံးပြုခွင့်ပေးပြီး နောက်ပိုင်းမို ဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု များစွာတက်လာရာ အင်တာနက် ဆိုင်များတွင် လာရောက်သုံးစွဲသူ နည်းလာပြီး အင်တာနက်ဆိုင်များ ဝင်ငွေလျှော့ကျလာကြောင်း အင် တာနက်ဆိုင်အများစုက ဆိုသည်။

မြို့တွင်းရှိ အင်တာနက် ဆိုင် တစ်ဆိုင်က “ဖုန်းနဲ့အင်တာနက်သုံး တဲ့ သူများလာတဲ့အတွက် အင်တာ နက်သုံးတဲ့သူကျလာပါတယ်။ နောက်တစ်ချက်က မိုဘိုင်းဖုန်းပေါ် application တွေများလာတဲ့အ တွက် ကျွန်တော်တို့ ဆိုင်တွေမှာ နိုင်ငံခြားကိုဖုန်းလာခေါ်တာကျ လာပါတယ်။ ဆိုင်တိုင်းလိုလို လည်း အဲဒီလို
ဖုန်းလာခေါ်တဲ့ နှုန်း ကျသွားတယ်လို့ သိရပါတယ်။ ဒါကတော့ နည်းပညာ တိုးတက် လာတဲ့အတွက် ဖြစ်လာတာပါပဲ။ တချို့လည်း တော်ရုံအင်တာနက် သုံးချင်တာလောက်ဆို ဆိုင်ကို မလာတော့ပါဘူး။ အိမ်မှာပဲ ကိုယ့် ဖုန်းက အင်တာနက်နဲ့ သုံးတာပါပဲ။ အဲဒီလိုပဲ ရှိပါတော့တယ်။ ဒါကြောင့် ဆိုင်တွေဘက်က ဝင်ငွေတော့ လျော့ကျပါတယ်”ဟု ပြောသည်။

ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ အင်တာနက်ဆိုင်တစ်ဆိုင်ကလည်း “ကျွန်တော်တို့ဆီမှာ အခုဆိုရင် အင်တာနက်လာသုံးတဲ့သူ နည်း သွားပါပြီ။ အများဆုံး လာသုံးတာ က လူငယ်တွေ ဂိမ်းကစားတာ၊ အွန်လိုင်းဂိမ်းတွေ ကစားတာပါပဲ။ အခုက အရင်လိုfacebook သုံး ချင်လို့လာတာ။ မေးလ်စစ်ချင်လို့ လာတာ။ ဂျီတော့ခ် သုံးချင်လို့ လာတာ မရှိသလောက် ရှားသွားပါ ပြီ။ အင်တာနက်ကနေ ဖုန်းခေါ် တာလည်း အရင်တုန်းက တော် တော် တွင်ကျယ်ပါတယ်။ အခုဆိုမရှိတော့ပါဘူး။ မရှိသလောက် ဖြစ်သွားပြီလို့ပဲ ပြောရမလားပဲ။ အ ရင်တုန်းက လူဆယ်ယောက် လာတယ်ဆိုရင် အင်တာနက်သုံး တာ၊ ဖုန်းခေါ်တာက ကိုးယောက် လောက်ရှိတယ်။ အခုတော့ လူ ဆယ်ယောက်လာတယ်ဆိုရင် အင် တာနက်သုံးတာက တစ်ယောက် လောက်ပဲ ရှိပါတယ်။ အဲဒီလို ဖြစ်သွားပါပြီ။ ဒါတွေက ဖုန်းတွေ မှာ အင်တာနက်သုံးလာကြလို့ပါ။ အများအားဖြင့်တော့ ဆိုင်တိုင်း အဲလိုပဲ ဖြစ်နေပါတယ်” ဟု လက် ရှိ အခြေအနေကို ပြောသည်။

အိုင်တီပညာရှင် တစ်ဦးက “မိုဘိုင်းဖုန်းပေါ်မှာ အင်တာနက် ပေးတယ်ဆိုတာ အရမ်းကောင်းတဲ့ အချက်ပါ။ အရမ်းအဆင်ပြေပါ တယ်။ တိုးတက်မှုလည်း မြန်ပါ တယ်။ မိုဘိုင်းဖုန်းတွေပေါ်မှာ အင် တာနက်ပေးလို့ အင်တာနက်ဆိုင် တွေ ဝင်ငွေလျော့ကျမှာတော့ သေ ချာပါတယ်။ ဒါတွေက နည်းပညာ ရဲ့ အကျိုးကျေးဇူးတွေပါ။ ဒါတွေကို ရင်ဆိုင်ရမှာပါပဲ။ ဘာမှလည်း လုပ် လို့ မရပါဘူး” ဟု ပြောသည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူတစ်ဦးက“အရင် တုန်းက အင်တာနက်သုံးချင်တယ်ဆိုရင်ဆိုင်ပဲ သွားသုံးရတာပါပဲ။ ဒါ ပေမယ့် အခုတော့ တော်ရုံသုံးချင် တာလောက်ဆိုရင် အိမ်မှာပဲ ကိုယ့် ဖုန်းနဲ့ သုံးလိုက်ပါတယ်။ အဲဒါက အဆင်ပြေပါတယ်။ ကိုယ် ကအင် တာနက်သုံးရုံ၊ မေးလ် စစ်ရုံ လောက်ဆိုတော့ အဆင်ပြေပါတယ်။ အင်တာနက်သုံးခကလည်း သက်သာပါတယ်။ တစ်မိနစ်မှ နှစ်ကျပ်ပဲ ကျတာပါ။ 3G ဖုန်းတွေ မှ လေးကျပ်ကျတာပါ။ အဲဒါ ကြောင့် အိမ်မှာပဲ သုံးဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံး ပြုခွင့်ပေးရတာတွင် ဂျီအက်စ်အမ် ဖုန်းများတွင် တစ်မိနစ်လျှင် နှစ် ကျပ်၊WCDMA နှင့် စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟဇ် ဖုန်းများတွင် တစ် မိနစ်လျှင် လေးကျပ်ဖြစ်သည်။


တင်ဇာအောင် မှ သိသမျှ ။

No comments:

Post a Comment