ကလေးဘ၀ကနေမကောင်းဖြစ်တဲ့အခါတိုင်းဆေးခန်းသွားရတာတို့၊ဆရာဝန်နဲပြရတာတို့ကိုကလေးတိုင်း အနည်းနဲ့ အများ ကြောက်တတ်ကြပါတယ်။
နေမကောင်းလို့ဆေးခန်းသွားပြရတာမျိုး မဟုတ်ရင်တောင်၊ လူကြီးတွေက ကလေး တွေကို ပြောမရတဲ့ အခါ ဆရာဝန်ကြီး ဆေးထိုး အပ်နဲ့ ထိုးလိမ့်မယ်နော် ဆိုပြီး ခြောက်လှန့်တာမျိုးတွေကိုလည်း ကြားရဖူးပါတယ်။ ဒါဆိုရင် ကလေးတွေ အတွက် ဆရာဝန်တွေက ကြောက်စရာ ကောင်းတဲ့ ဇာတ် လိုက်ကြီးတွေပေါ့နော်။
အင်း...အဲဒီလိုလည်း မဟုတ်သေးပါဘူး။ ဆရာဝန်တွေကို ချစ်လာအောင်၊ ရောဂါ ဝေဒနာ ခံစားနေရတဲ့ ကလေးလေးတွေရဲ့ စိတ်တွေလည်း ခဏတာ ဖြစ်ဖြစ်ပေါ့ပါးလန်းဆန်း သွားအောင် လုပ်ပေးနိုင်တဲ့ ရုပ်ပြောင် ဆရာဝန်လေးတွေ ဆိုရင် ရောကလေးတွေက မချစ်ကြဘူးလား။ ရုပ် ပြောင် ဆရာဝန်လေးတေ(Clown Doctors)တစ်နည်းအားဖြင့် လူရွှင်တော် ဆရာဝန်လေး တွေဆိုတာ ဖူးငုံတို့ ကြားဖူးကြလား။ ကိုယ် ကတော့ ငယ်ငယ်တုန်းက အင်္ဂလိပ်စာ သင်တဲ့ Headway ဆိုတဲ့ စာအုပ်ထဲမှာ ပထမဆုံးရင်း နှီးခဲ့ဖူးပါတယ်။
ရုပ်ပြောင်ဆရာဝန်လေး တွေဆိုတာက ဂျူတီကုတ် ကြောင်ကြောင် ကြားကြားတွေ ၀တ်တယ်၊ မျက်နှာမှာ ရယ် စရာကောင်းအောင် အရုပ် နှာခေါင်းကြီးတွေ၊ ရောင်စုံမျက်မှန်တွေ၊ အရောင်တွေ စုံတဲ့ ဆံပင် အတုတွေ၊ အရုပ်တွေ အမျိုးမျိုး သုံးပြီး ကလေးတွေ စိတ်ဝင်စားပြီး ပျော်လာအောင်၊ ခံစား နေရတဲ့ ဝေဒနာတွေဆီကနေ
ခဏဖြစ် ဖြစ် ဝေးကွာ သွားအောင် လုပ်ပေးကြတဲ့ သူတွေပါ။ သူတို့တွေက တကယ့်ဆရာဝန်တွေ တော့ မဟုတ်ကြပါဘူး။ ဒါပေမဲ့လည်း ခန္ဓာ ကိုယ်မှာ ခံစားနေရတဲ့ ရောဂါတွေကို ကုသ ပေးတာမျိုး မဟုတ်ပေမဲ့ စိတ်မှာ ခံစားနေ ရတဲ့ ခံစားချက်တွေကို သက်သာအောင်တော့ အနည်းနဲ့အများ လုပ်ပေးနိုင်ကြတဲ့ ထူးခြား တဲ့သူတွေပါ။အင်း...အဲဒီလိုလည်း မဟုတ်သေးပါဘူး။ ဆရာဝန်တွေကို ချစ်လာအောင်၊ ရောဂါ ဝေဒနာ ခံစားနေရတဲ့ ကလေးလေးတွေရဲ့ စိတ်တွေလည်း ခဏတာ ဖြစ်ဖြစ်ပေါ့ပါးလန်းဆန်း သွားအောင် လုပ်ပေးနိုင်တဲ့ ရုပ်ပြောင် ဆရာဝန်လေးတွေ ဆိုရင် ရောကလေးတွေက မချစ်ကြဘူးလား။ ရုပ် ပြောင် ဆရာဝန်လေးတေ(Clown Doctors)တစ်နည်းအားဖြင့် လူရွှင်တော် ဆရာဝန်လေး တွေဆိုတာ ဖူးငုံတို့ ကြားဖူးကြလား။ ကိုယ် ကတော့ ငယ်ငယ်တုန်းက အင်္ဂလိပ်စာ သင်တဲ့ Headway ဆိုတဲ့ စာအုပ်ထဲမှာ ပထမဆုံးရင်း နှီးခဲ့ဖူးပါတယ်။
ရုပ်ပြောင်ဆရာဝန်လေး တွေဆိုတာက ဂျူတီကုတ် ကြောင်ကြောင် ကြားကြားတွေ ၀တ်တယ်၊ မျက်နှာမှာ ရယ် စရာကောင်းအောင် အရုပ် နှာခေါင်းကြီးတွေ၊ ရောင်စုံမျက်မှန်တွေ၊ အရောင်တွေ စုံတဲ့ ဆံပင် အတုတွေ၊ အရုပ်တွေ အမျိုးမျိုး သုံးပြီး ကလေးတွေ စိတ်ဝင်စားပြီး ပျော်လာအောင်၊ ခံစား နေရတဲ့ ဝေဒနာတွေဆီကနေ
ဖူးငုံတို့ စိတ်ဝင်စားကြတယ် ဟုတ်။ ဒီတစ်ပတ်တော့ မြန်မာနိုင်ငံက ရုပ်ပြောင် ဆရာဝန်လေးတွေ အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။ လူတစ်ယောက်ဟာ ရယ်လိုက်ခြင်းအားဖြင့်၊ ပြုံးပျော်လိုက်ခြင်းအားဖြင့် ခံစားနေရတဲ့ ရောဂါ၊ ဝေဒနာတွေ သက်သာ သွားစေတယ်လို့ အယူအဆ ရှိပါတယ်။ ဒါကြောင့် လည်း Clown Doctors လို့ခေါ်တဲ့ ရုပ်ပြောင် ဆရာဝန်လေးတွေ ဖြစ်လာခဲ့တာပါ။ နိုင်ငံ တော်တော်များများ ဒီရုပ်ပြောင် ဆရာဝန်လေးတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံမှ ရုပ်ပြောင် ဆရာဝန်လေးတွေရဲ့ လှုပ်ရှားမှုဟာ သိပ်မကြာသေးပါဘူး။
အခုလက်ရှိ ရုပ်ပြောင် ဆရာဝန်လေးများ အဖွဲ့မှာ ကိုယ်တိုင်ပါဝင် လှုပ်ရှား နေကြတဲ့ လူငယ်တွေ ကိုယ်တိုင် အရင်က ရုပ်ပြောင်ဆရာဝန်တွေဆိုတာ ဘာ တွေမှန်း၊ ဘာအလုပ်တွေ လုပ်ကြမှန်း မသိခဲ့ကြပါဘူး။ မြန်မာနိုင်ငံက ရုပ်ပြောင် ဆရာဝန်အဖွဲ့လေးကို အမေရိကန် နိုင်ငံသား Edward Wayne Jr. ဦးဆောင်တဲ့ The bridge of Life လူမှုရေး အဖွဲ့အစည်းကနေ စတင်ဖြစ်ပေါ် လာစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ရုပ်ပြောင် ဆရာဝန်များနဲ့ စတင်မိတ် ဆက်ပေးတာ ဖြစ်ပြီး၊ ငွေကြေး တစ်စုံတစ်ရာ ပံ့ပိုးပေးတာမျိုးတော့ မဟုတ်ပါ ဘူး။
The bridge of Life အဖွဲ့ တည်ထောင်သူ Edward ဟာ ရုပ်ပြောင် ဆရာဝန်လေးများ အဖွဲ့မတိုင်မီကလည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တစ်ခုအတွက် တစ်ထပ်ကျောင်းဆောင် တစ်ခုကိုလည်း တည်ဆောက် ပေးခဲ့ သေးတယ်လို့သိရပါတယ်။ ရုပ်ပြောင် ဆရာဝန်လေးများအဖွဲ့မှာ ကိုဟိန်းထက် အောင်(ဒေါက်တာ နှာခေါင်း)၊ ကိုထက်ပိုင်ဦး (ဒေါက်တာ အရှည်ကြီး)၊ မကြည်ငြိမ်းချမ်းကျော် (ဒေါက်တာ ပိစိ)၊ မချစ်ဖြိုးဝေ (ဒေါက်တာဖက်တီး)နဲ့ မထက်ထက်နိုင် (ဒေါက်တာ အပုလေး)တို့ ပါဝင် ကြပါတယ်။
ရုပ်ပြောင်ဆရာဝန်လေးတွေ ဖြစ် တာကြောင့် နာမည်တွေကိုလည်း နာမည်ပြောင်တွေ သုံးပြီး ကလေးတွေကို မိတ်ဆက်ပါတယ်။ ရုပ်ပြောင် ဆရာဝန်လေးများ အဖွဲ့ လှုပ်ရှားမှု မတိုင် ခင်မှာတော့ တော်တော်လေး ကြိုးစား အားထုတ်ခဲ့ ရတာတွေ ရှိပါတယ်။ ဒီလို ရုပ်ပြောင် ဆရာဝန် လေးများအဖွဲ့ ဖြစ်ပေါ်လာအောင် Edward ကိုယ် တိုင်ကလည်း ကျန်းမာရေး ၀န်ကြီးဌာနလို တာဝန်ရှိတဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့ တွေ့ဆုံဆွေး နွေးမှုတွေ လုပ်ခဲ့ပြီး၊ သဘောတူချက် ရယူကာ စတင်ခဲ့တာ ဖြစ်ပါတယ်။ Edward ကတော့ အဓိက ပါဝင် လှုပ်ရှားမယ့်သူ မဟုတ်ပါဘူး။ ရုပ်ပြောင်ဆရာဝန်များ (Clown Doctors) ဆိုတာကို မိတ်ဆက်ပေးရုံသက်သက် ဖြစ်ပါတယ်။ နောက် ပိုင်းမှာလည်း သူလုံးဝ ပြန်လှည့် မကြည့်တော့ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဦးဆောင် တဲ့ ရုပ်ပြောင် ဆရာဝန် အဖွဲ့ကိုဆက်လက် ရပ်တည် သွားစေချင်တာ သူ့ရဲ့ ဆန္ဒတစ်ခု ဖြစ်ပါတယ်။
ရုပ်ပြောင် ဆရာဝန်လေးများ အဖွဲ့ရဲ့ လှုပ် ရှားမှု မတိုင်မီ ရုပ်ပြောင်ဆရာဝန်များရဲ့ သဘော သဘာဝနဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်း လင်းသိစေဖို့ Training သဘောမျိုး ၂ လလောက် လုပ်ဖြစ်ခဲ့တယ်လို့ ကိုဟိန်းထက်အောင်က ဆိုပါတယ်။ ပါဝင်ကြတဲ့သူတွေဟာ စေတနာ့ ၀န် ထမ်း လူငယ်များ ဖြစ်တာကြောင့် ၂ လဆက် တိုက် နေ့စဉ် ပေးတာမျိုး မဟုတ်ပေမဲ့ အားလုံး အားနိုင်မယ့် အချိန်တစ်ခုကို ယူပြီး လုပ်ခဲ့ကြရ တာ ဖြစ်ပါတယ်။ “ရုပ်ပြောင် ဆရာဝန်ရဲ့ သဘောက အငြိမ်နေလို့၊ ရှက်နေလို့ မရဘူး။ လူကြား ထဲလည်း မရှက်မကြောက် ဟာသတွေ လုပ်ရဲရပါတယ်။
ဒါကြောင့် Training ပေးတုန်းက ဆိုရင် အခန်းတစ်ခုထဲမှာ စာသင်သလိုမျိုး မဟုတ်ဘဲ၊ ဆိုင်တစ်ခုမှာသွားပြီး လုပ်ဖြစ်ရင်လည်း လုပ်ဖြစ် ကြတယ်။ လူတစ်ယောက် ယောက်က ဟိုလို လုပ်ပါလား၊ ဒီလိုလုပ်ပါလားလို့လည်း ပြောပေး လို့မရဘူး။ ကိုယ်တိုင်က အဲဒီလို လူနာတွေရှေ့မှာ၊ ကလေးတွေ ရှေ့မှာ ချက်ချင်း ကလေးတွေရဲ့စိတ်ကို ပြုံးပျော်လာအောင် လုပ်ရ တာပါ။ကျွန်တော်တို့က ကလေးတွေကို အဓိကထားတယ်။ ဟာသ ပညာဟာ ရောဂါ ဝေဒနာ ခံစားနေရတဲ့ လူနာကို အဲဒီ ရောဂါတွေထဲကနေ ဆွဲယူသွား စေနိုင်စွမ်း ရှိတယ်လို့ သူတို့ဆီမှာ ယူဆထားတယ်။ Edward ကိုယ်တိုင်ကလည်း ရုပ်ပြောင်ဆရာဝန်ပါ။
သူက စိတ်ပညာကိုလည်း တော်တော်လေးနား လည်ထားတယ်။ ယိုးဒယား၊ လာအို၊ ဆားဘီးယားနဲ့ နိုင်ငံ တော်တော်များ များကိုလည်း သူကိုယ်တိုင် သွားရောက် လေ့လာ အကောင်အထည် ဖော်ခဲ့ပါ တယ်။ ကလေးတွေကို အဓိကထားတာက ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးတွေ အပြင် မပြည့်စုံတဲ့ ကလေးတွေ၊ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့ ကလေးတွေ အတွက်လည်း ပျော်စရာ ရွှင် စရာ ကလေးကစား ကွင်းတွေ ဆောက်ပေးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို လှုပ်ရှားမှုလေးတွေ ရှိပါတယ်”လို့ ကိုဟိန်းထက်အောင် က ဆိုပါတယ်။
ရောဂါ ဝေဒနာ ခံစားနေရတဲ့ ကလေးတွေရှေ့မှာ ဒီကလေး တစ်ယောက် ဆီကနေ အပြုံးတစ်ချက်ရဖို့ ချက်ချင်း လုပ်ရတယ်ဆိုတဲ့ ကိစ္စက သိပ်တော့ မလွယ်လှပါဘူး။ တခြား နိုင်ငံတွေမှာတော့ ရုပ်ပြောင် ဆရာဝန်တွေဟာ စေတနာ့ ၀န်ထမ်းတွေလိုမျိုး အားလပ်ချိန်တွေထဲက အချိန် တစ်ခုကို သတ်မှတ်ပြီး လုပ်ကြတာမျိုးထက် တကယ့်ကို ရက်အပြည့် နေ့စဉ်နေ့တိုင်း လုပ်ဆောင် နေကြတာပါ။ အခု မြန်မာနိုင်ငံက ရုပ်ပြောင် ဆရာဝန်လေးများ အဖွဲ့ကတော့ အပတ်စဉ် စနေနေ့တိုင်း မနက် ၁၀နာရီကနေ နေ့လယ်၁ နာရီပတ်ဝန်းကျင် အထိ ရန်ကုန်ကလေး ဆေးရုံကြီးမှာ ကလေးများနဲ့ သွား ရောက် တွေ့ဆုံလေ့ ရှိပါတယ်။ ဒီလှုပ်ရှားမှုလေးဟာ အချိန် ကန့်သတ်ချက်နဲ့ လုပ်ဆောင်နေတာမျိုး မဟုတ်ဘဲ တတ်နိုင်သရွေ့ ဆက်လက် လုပ်ဆောင်သွား မယ့် အစီအစဉ် တစ်ခုပြီး ဆက်လက်တိုးချဲ့ သွားနိုင်အောင်လည်း စီစဉ်နေ တယ်လို့ သိရပါတယ်။
တကယ်တော့ လူတွေရှေ့မှာ မရှက်မကြောက် ကလေးတွေရဲ့ ပျော်ရွှင်မှုကို ရဖို့ လုပ်ရတယ်ဆိုတာ တကယ့် ဟာသ သရုပ် ဆောင်ကြီးတွေက လွဲလို့ အစိမ်းသက်သက် သာမန်လူ တစ်ယောက် အဖို့ဟာ ဘယ်လောက်အထိ ခက်ခဲလိမ့် ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ရုပ် ပြောင်ဆရာဝန်လေးများအဖွဲ့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ပထမဆုံး အတွေ့အကြုံကတော့ ဘယ်လို ပြောရမှန်းတောင် မသိပါဘူး။ကျွန်တော်တို့ က ဒါကို စီးပွားဖြစ် လုပ်တာလည်း မဟုတ်ဘူး။ စေတနာ တစ်ခုတည်းနဲ့ သွားလုပ်ရတာလေ။ တကယ့် လူရွှင်တော်တွေလည်း မဟုတ်ဘဲနဲ့ လူတွေရှေ့ မှာ ဟာသ လုပ်ရတယ် ဆိုတာက ကျွန်တော်တို့နဲ့ ကျင့်သား မရသေးဘူးလေ။ ဘေးနားမှာ တကယ့် ဆရာဝန် စစ်စစ်တွေ၊ သူနာပြုတွေ ၀ိုင်းဝိုင်းလည်နေ တဲ့ကြားမှာ ကိုယ်က လူ ၄၊ ၅ ယောက်လောက်ပဲ ရှိပြီး၊ တကယ့် ဆရာဝန်တွေ လည်း မဟုတ်ဘဲ ဂျူတီကုတ်တွေနဲ့ ဆိုတော့ တော်တော် ခက်ခဲပါတယ်။
ဒီလို ရုပ်ပြောင် ဆရာဝန်တွေဆိုတာ မြန်မာနိုင်ငံနဲ့လည်း မရင်းနှီးသေးတော့ လေ စစချင်း ဆေးရုံမှာ ရှိတဲ့ တချို့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ အမြင်တွေက တစ်မျိုးပဲ။ ဘယ်သူတွေလဲ၊ ဘယ်ကလဲ ဆိုတဲ့ မေးခွန်းတွေလည်း ကြုံရတယ်။ နောက်ပြီး ရယ်ဖို့သိပ်စိတ်မပါဘူး ဆိုတဲ့ လူမျိုး တွေပေါ့။ တချို့ကြတော့လည်း ငါတို့ မရယ်ချင် ဘူးပေါ့။ ရယ်ဖို့ စိတ်မပါဘူး။ ငါတို့ အလုပ် များနေတယ်။ မရယ်ချင်ဘူးဆိုတာ မျိုးပေါ့ အဲဒီလို ပုံစံမျိုးလေးတွေကြုံတွေ့ရတဲ့ အခက်အခဲပေါ့။ ကလေးတွေနဲ့ပတ်သက်တဲ့ အခက်အခဲကတော့ ကလေးတွေရှေ့ ရောက်တော့မှ ချက်ချင်း စဉ်းစား ရတာလေးတွေပေါ့”လို့ ကို ဟိန်းထက်အောင်က သူရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။
ဆက်လက်ပြီး မကြည်ငြိမ်းချမ်းကျော်က လည်း “ပထမဆုံးကတော့လေ သူတို့လည်းတစ် ခါမှ မမြင်ဘူးတော့ ကြောက်ကြတယ်။ ဒီလို မျက် နှာတွေကို မြင်ရတာကို သူတို့က ကြောက်နေတော့ ထအော်ကြတယ်။ တစ်ခါတလေ အရုပ်နဲ့ ဗန်းပြရတာ ရှိတယ်။ တစ်ပတ်၊ နှစ်ပတ်လောက် ကြာတော့မှသာ တဖြည်းဖြည်း ရင်းနှီးလာပြီး မကြောက်တော့တာ။ ကိုယ်တိုင် ခံစားချက်ကတော့ တစ်ခါမှ လူကြား ထဲမှာ အခုလို မနေဖူး တော့လေ။ အ၀တ်အစားလဲ ခန်းထဲကနေ အ၀တ် အစားတွေ လဲပြီး အခန်းထဲကနေ ထွက်ကြတဲ့ အခါ ကြတော့လည်း အကုန်လုံးက မျောက်ပွဲ ကြည့်သလို ၀ိုင်းကြည့်ကြတာ။ နည်း နည်းလေးတော့ လန့်တာ ရှိတာပေါ့။ နောက်ပိုင်းကြတော့လည်း အဆင်ပြေသွားပါတယ်။ ပထမဆုံးနေ့မှာက အဲဒီ The Bridge of Life အဖွဲ့ကို တည်ထောင်တဲ့သူ ၂ ယောက်ရယ်၊ ကျွန်မရယ်၊ ကိုဟိန်းထက်အောင် ရယ်ပေါ့။
သူတို့ကတော့ နိုင်ငံခြားသားတွေဆို တော့ တခြားသူတွေ ပြောသမျှ ဘာမှသိတာ မဟုတ်ဘူး။ ရှေ့ကနေ ဟာသတွေ လုပ်ပြ သွားနေတယ်။ ကိုယ်တွေကတော့ ဘေးပတ်ဝန်းကျင်က ပြောသမျှကို နားနဲ့ မဆံ့အောင် ကြားနေရ တယ်။ အဲဒီတုန်းကတော့ ပြောရမယ်ဆိုရင် ၇၀ ရာခိုင်နှုန်း လောက် အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ၃၀ ရာခိုင်နှုန်းလောက်ကတော့ ကျွန်မတို့နောက် မပါ ကြဘူး။ သူတို့ စိတ်ထဲက စကားလေးတွေ မထင် မှတ်ဘဲ ထွက်လာတာကိုလည်း ကြားရတယ်။ ကိုယ့်ရဲ့ ခံစားချက်ကပဲ သိပ်ကြီးသွား သလား မပြောတတ်ပါဘူး။ ဒါပေမယ့် အဲဒါတွေ အခု နောက်ပိုင်းတော့ သိပ်မရှိတော့ပါဘူး။ ကလေးနဲ့ ကလေး မိဘတွေကတော့ ပြောင်းပြောင်း သွားတာပေါ့။ ပတ်ဝန်းကျင်နဲ့ကတော့ အသားကျလာနေ ပါပြီ။
ဆရာဝန်တွေကျတော့လည်း အလုပ်တွေ သိပ်များတော့ ဒီလှုပ်ရှားမှုတွေမှာ သိပ်ဝင်မပါနိုင် သေးဘူး”လို့ ဆိုပါတယ်။ “နေ့တိုင်းကတော့ ကျွန်တော်တို့ အတွက် ပထမဆုံး နေ့တွေချည်းပါပဲ။ အစိမ်းသက်သက် မျက်လုံးတွေနဲ့ပေါ့။ ဂျူတီကုတ်လည်း ၀တ်ထားတယ်။ နှာခေါင်းအနီကြီးတွေနဲ့။ ကျွန်တော်ဆို မျက်နှာမှာ ဆေးတွေလည်း ခြယ်တော့လေ။ ဘယ်လိုတွေလဲပေါ့။ အဲဒီလို မြင်ကြတယ်။
အဓိကကတော့ တချို့ဆရာဝန်တွေရဲ့ အမြင်ပေါ့။ သူတို့ကြည့်လိုက်တဲ့ မျက်လုံးက ကျွန်တော်တို့ အဓိပ္ပာယ် ဖော်ကြည့်တဲ့ အခါ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မလုံမလဲ ဖြစ်မိတယ်။ သိပ်လိုလိုလားလား မရှိသလိုဘဲ။ အားလုံးလို့ကျွန်တော် မဆိုလိုပါ ဘူး။ တချို့ပါ။ ကျွန်တော်တို့ကလည်း နေ့တိုင်း မသွားနိုင်တာ ပါတာပေါ့။ ကျွန်တော့် သူငယ်ချင်းကြည် ငြိမ်းချမ်းကျော် ခေါ်လို့ ကျွန်တော်ရယ်၊ နောက် ထပ် သူငယ်ချင်း တစ်ယောက်ရယ် ပါဖြစ်တာပါ။အခြေအနေက သိပ်ဆိုးဆိုးဝါးဝါးကြီးတော့တွေ့စရာ အကြောင်းမရှိပါဘူး။
ကိုယ့်သူငယ်ချင်းတွေလည်း ရှိတော့လေ။ သူတို့ကလည်း အများကြီး အကူအညီ ပေးပါတယ်။ ပထမဆုံးနေ့တုန်းကတော့ စစချင်းထွက်တုန်းက နည်းနည်းတော့ ရှက်တာပေါ့။ သူတို့ နောက်ကနေလိုက်လုပ်သွားလိုက် တာပါပဲ။ ကလေးတစ်ယောက်ကို ရုပ်ပြောင်ဆရာဝန် ၂ ယောက် ပေါ့တာဝန်ယူပြီးကလေးတွေကို ပြုံးပျော်လာအောင် ကြိုးစားပေးကြပါတယ်။ ပုံမှန်မဟုတ်တဲ့ နှာခေါင်းရယ်၊ ဆရာဝန် မဟုတ်ဘဲ ၀တ်ထားရတဲ့ ဂျူတီကုတ် ရယ်၊ ပြီးတော့ အဲဒီ ၂ ခုပေါင်းပြီး မြင်တဲ့ ဆရာဝန်တွေရဲ့ အမြင်တွေရယ်ပေါ့။ ကျွန်တော်တို့ကပဲ သိပ်ကြောက်အား ကြီးနေလို့လား မသိဘူး။ တစ်ပတ်မှာ တစ်ရက်ပဲ လုပ်ရပေမဲ့။ နေ့တိုင်းက နေ့သစ်တွေပါပဲ”လို့ ကိုထက်ပိုင်ဦးက သူ့ရဲ့ အတွေ့အကြုံနဲ့ ခံစားချက်တွေကို ပြောပြပါတယ်။
နိုင်ငံရဲ့ အနာဂတ်လို့ ဆိုကြတဲ့ ကလေးတွေဟာ အရေးကြီးပါတယ်။ ဒါကြောင့်လည်း ကလေးတွေ ခဏတာဆေးရုံတက်ပြီး ဆေးကုသမှု ခံယူရတဲ့ အချိန်ခဏလေးမှာ ကြောက်ရွံ့မှုဆိုတဲ့ ခံစားမှုမျိုးတွေ မခံစားရအောင်တစ် နည်းအားဖြင့် ခံစားနေရတဲ့ရောဂါဝေဒနာတွေ လျော့ပါးသက်သာသွားအောင် ကြိုးစားပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ ကိုဟိန်းထက်အောင်၊ မကြည် ငြိမ်းချမ်းကျော်၊ ကိုထက်ပိုင်ဦးတို့က အရင်ကရော အခုလက်ရှိအချိန် အထိ လည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ်ကြောင့် သူတစ်ပါးမှာ အမှတ်တရ ဖြစ်သွားစေချင်တယ်။ ကိုယ်မသေ ခင်အချိန်မှာလည်း တတ်နိုင်သလောက် ပရဟိတ အလုပ်တွေကို လုပ်သွားချင် တယ်လို့ဆိုတဲ့ ထူးခြားတဲ့ အလုပ်တွေကို လူငယ် ပီပီ လုပ်ဆောင်နေကြတဲ့ လူငယ်တွေပါပဲ။
ရုပ် ပြောင် ဆရာဝန်လေးများအဖွဲ့ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ပြီး လက် တွေ့လုပ်ဆောင် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ အထက်မှာဖော်ပြခဲ့သလိုပဲ အစပိုင်းမှာ အခက်အခဲ ရှိပေမဲ့ အချိန်ရလာတာနဲ့အမျှ ကလေးတွေရော၊ မိဘတွေရော အပါအ၀င် ဆေးရုံတစ်ခုလုံးကိုပါ စိတ်သက် သာရာရလာအောင် ဆောင်ရွက်နိုင်လာ သလို တချို့တွေကလည်း အပျော်သက်သက် ဖျော်ဖြေနေကြတာလို့လည်းနားလည်မှု လွဲနေတာ လေးတွေ ရှိပါတယ်။ ရယ်မောခြင်းသည် အကောင်းဆုံး ဆေးဝါးဖြစ်သည် ဆိုတဲ့ ကုထုံးကို The Rosenthal Institute အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ အကုန်အကျ ခံကာ ပြုလုပ်ခဲ့ပြီးတဲ့ နောက် ရုပ်ပြောင် ဆရာဝန်များ အဖွဲ့တွေ နိုင်ငံ အသီးသီးမှာ ထွက်ပေါ်လာတယ်လို့ မှတ်သားရ ဖူးပါတယ်။
“တစ်ချက်ပြုံးရင် တစ်ရက်အသက် ပိုရှည်တယ် ဆိုပြီး မြန်မာ စကားပုံမှာလည်း ရှိပါတယ်။ကျွန်တော်တို့က လူနာတွေနဲ့ ဆရာဝန်တွေကြားမှာ ပေါင်းကူး သဘောမျိုးပါပဲ။ ကျွန်တော်တို့ကို လည်း လူနာတွေက ဆရာဝန်တွေလို့ မြင်ကြတာ လေ။ ဆရာဝန်တွေဆိုရင် မရယ်မပြုံးတတ်ကြဘူး လို့ ထင်ပေမဲ့။ကျွန်တော်တို့ကို မြင်တဲ့ အခါ ဆရာဝန်တွေလည်း ပြုံးရယ်တတ်ပါလား ဆိုပြီး မြင်သွားမယ်။ ကျွန်တော်တို့ကတစ်ရက်ပဲ ရှိမှာ လေ။ ဆရာဝန်တွေနဲ့လူနာတွေက ကျန်နေခဲ့မှာ လေ။ သူတို့ကြားမှာ ဆက်ဆံရေးတွေ ပိုကောင်း သွားနိုင်တာပေါ့။ ဆရာဝန်တွေ၊ သူနာပြုတွေ အပေါ်အမြင်တွေလည်း ပြောင်းသွားတာ ရှိပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေ ဆိုရင် အမြဲ တမ်း ဟောက်နေတာပဲတို့၊ ဆရာဝန်တွေကို ကြောက်တဲ့ ကလေးတို့ အတွက်ကျွန်တော်တို့က ပေါင်းကူးတံတားသဘောမျိုးပေါ့။ အဲဒီအပြုံး တစ်ချက်ကို ရလိုက်ရင်ပဲကျွန်တော်တို့ လုပ်ရတာ တွေအမောပြေသွားပါတယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့ ၅ယောက်အားနဲ့ ဆိုရင်တော့ အင် အားတွေ အများကြီးလိုပါသေးတယ်။ကျွန်တော် တို့ကြိုးစားပြီး လုပ်ဆောင်သွားမှာပါ”လို့ကို ထက်ပိုင်ဦး သူ့ရဲ့ခံယူချက်နဲ့ အတွေ့အကြုံတွေကို ဆက်လက် ပြောပြခဲ့ပါတယ်။
ရုပ်ပြောင်ဆရာဝန်လေးများရဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်ကတခြား ဆေး ရုံကြီးများနဲ့ မန္တလေးမြို့တို့မှာ ဆက်လက် လုပ်ဆောင်သွားဖို့ အစီအစဉ် တွေရှိပြီး၊ လူအင်အားရော စိတ်ဓာတ်ခွန်အားတွေပါလိုကြောင်း ကိုဟိန်း ထက်အောင်က ဆိုပါတယ်။ ရုပ်ပြောင် ဆရာဝန်များ အဖွဲ့မှာ ပါဝင်လှုပ်ရှား ချင်တဲ့သူ မည်သူမဆို ပါဝင်နိုင်ကြောင်း သိရပါတယ်။ သို့ပေမယ့်လည်း ကလေးတွေကို ချစ်လို့၊ ရုပ်ပြောင်ဆရာဝန်များအဖွဲ့ကို စိတ်ဝင်စားလို့ ပါဝင် လှုပ်ရှားချင်သူတွေဟာ (လိုအပ်တဲ့ Accessories)ကလေးတွေကို ပြုံးပျော် အောင်လုပ်ရာမှာ လိုအပ်မယ် ထင်တဲ့ ပစ္စည်းလေးတွေကိုတော့ ကိုယ်တိုင်က ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ ရုပ်ပြောင် ဆရာဝန်လေးများ အဖွဲ့နဲ့ဆက်သွယ်ချင် ရင် ကိုဟိန်းထက်အောင်၊ ဖုန်း-၀၉ ၇၃၁၄၄၁၁၇နဲ့ အီးမေးလ်- heinhtike. aung1993@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။ နိုင်ငံအတွက်၊ မိမိတို့ရဲ့ လူ့အဖွဲ့အစည်း အတွက် လိုအပ်တဲ့ နေရာကနေ အခုလို အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကြတဲ့ လူငယ်တွေရဲ့ စိတ်ဓါတ်ကတော့ မပြောင်းမလဲ အမြဲ တည်ရှိနေ မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို လူငယ် အဖွဲ့အစည်းများ များစွာ ပေါ်ထွက် လာနိုင်ဖို့လည်း တိုက်တွန်းလိုပါတယ်။
ရွှေအမြုတေး မှ သိသမျှ ။
ဆောင်းပါးလေးလာေ၇ာက်ဖတ်ရှုသွားပါတယ်ခင်ဗျာ
ReplyDelete