ဓာတ်ပုံများ- Bangkok Post
အဆိုပါ မူးယစ်ဆေးသယ်ဆောင်သူအဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရခြင်းကလည်း မူးယစ်ဂိုဏ်း သား တွေကို ပိတ်ဆို့ကာ အဖမ်းခံရန် ပြောကြားခဲ့ကြောင်း၊ သို့သော် ၄င်းတို့က ငြင်းဆန်ခဲ့ပြီးနောက် မိနစ် အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ The Nation နှင့် The Bangkok Post သတင်းတွေမှာလည်း ဖေါ်ပြထားပါတယ်။
အသေ ဖမ်းဆီးမိခဲ့တဲ့ မူးယစ်သယ်ဆောင်သူ ၈ ဦးရဲ့ အနီးအနားမှာ ICE ခေါ် ခရစ်စတယ်အမှုန့် ကီလို ၇၀ ကျော်၊ မက်သာဖက်တမင်းဆေးပြား ၅ သိန်းခွဲကျော်၊ ၉ မီလီမီတာ ပစ္စတို တလက်၊ ပွိုင့် ၂၂ ပစ္စတို တလက်၊ AKA မောင်းပြန် ရိုက်ဖယ် ၃ လက်တို့ကို အတူတကွ ဖမ်းဆီးမိကြောင်း သတင်းများ
မှာ ဖေါ်ပြထားပါတယ်။
ကျန် မူးယစ်သမားများဟာ တိုက်ပွဲဖြစ်ပွားစဉ်မှာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေး လွတ်မြောက်သွားကြောင်း လည်း ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတန်ဘိုးဟာ ကာလပေါက်ဈေး ထိုင်းဘတ်ငွေ သန်း ၅၀၀ ကျော်ဖိုးရှိတယ်လို့ သိရပါတယ်။
ဆုံနေကြ မှ သိသမျှ ။
လောဘတွေ ကြောက်ဖို့ကောင်းတယ်နော်......
ReplyDeleteသတင်းလေးလာဖတ်သွားပါတယ်အကိုရေ...
ReplyDeleteမူးယစ်ဆေးဝါးဆိုရင်ဘာမှမကောင်းဘူးအကိုရေ...
အခုလိုတင်သွင်းဖြန့်ချီတဲ့သူတွေကြောင့် လူငယ်တွေပျက်
ဆီးနေကြတာပါ... သတင်းလေးတွေအတွက်ကျေးဇူးတင်ပါတယ် အကိုရေ..
ခင်မင်စွာဖြင့်
ရာဇာထွေး
သတင်းလေးလာဖတ်သွားပါတယ်အကိုရေ...
ReplyDeleteမြန်မာနိုင်ငံထဲ ထွက်ပြေးလွတ်မြောက်သွားသတဲ့လား
ReplyDeleteအစကတည်းက မြန်မာနဲ့ ထိုင်း ညှိနိုင်းပြီး ပိတ်ဖမ်းရင် ရတာပဲကို
အဲလိုမျိုး နယ်စပ်မှာ နှစ်နိုင်ငံမညီညွှတ်လို့ ကတော့
အခုလိုမူးယစ်ဂိုဏ်းတွေက ဟိုဖက်ကူးလိုက်ဒီဖက်ကူးလိုက်နဲ့ 
နှစ်နိုင်ငံက ရဲတွေစစ်သားတွေကို စိန်ပြေးတန်းကစားနေမှာပဲလေ
အင်း.....
အဲဒါကြောင့်လဲ ကျွန်တော်တို့ တွေ နိုင်ငံဟာ
ကမ္ဘာမှာ နာမည်ကျော်ကြားနေတာပေါ့(နာမည်ဆိုး)
တော်ပါပြီဗျာ ပြောရင် အလွန်အကျွံတွေဖြစ်တော့မယ်
လာလည်သွားပါတယ် နော်
ခင်တဲ့
မိုးသူ(တောင်ကြီး)