Sunday 29 July 2012

သရုပ်ဆောင်ရဲတိုက်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုဝင်ရန် ဆုံးဖြတ်


သရုပ်ဆောင်ရဲတိုက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုဝင်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အနုပညာရှင်များတွင်လည်း တာဝန်ရှိသည်ဟူသည့် စကားအပေါ် အဆိုပါ တာဝန်ကို ကျေချင်ကြောင်း ၊ တာဝန်ယူလိုစိတ်ရှိကြောင်း၊ ပါတီမဝင်ဘဲ အားပေးခြင်းထက် ပါတီဝင်ပြီး အားပေးခြင်းက ပို၍ကောင်းမည်ဟု ယူဆသည့်အတွက် ပါတီဝင်ခြင်းဖြစ်ကြောင်း ရဲတိုက်က ပြောသည်။ ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တတ်နိုင်သည့်ဘက်၊ တတ်နိုင်သည့်နေရာမှ ကူညီသွားမည်ဖြစ်ပြီး မိမိအနေဖြင့်  နိုင်ငံရေးကို
စိတ်ဝင်စားခြင်းနှင့်ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုကြောင့်ပါတီဝင်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်များကို မိမိအနေဖြင့်ဝမ်းသာကြောင်း၊ ကျေနပ်ကြောင်း၊ အားတက်ကြောင်း၊ ယင်းကပြောကြားသည်။ ပါတီဝင်ခြင်းကြောင့် မိမိ၏ အနုပညာကို မထိခိုက်ပါကြောင်း၊ မိမိအနေနှင့် ပရဟိတကို လုပ်စဉ်ကလည်း ရောထွေးမှုမရှိခဲ့သည့် အတွက်အချိန်ပိုင်းခြား လုပ်နိုင်မည်ဟု ယုံကြည်ကြောင်းပြောသည်။



face book မှ သိသမျှ။

No comments:

Post a Comment