Thursday, 19 July 2012

ဂျပ်စတင်ဘီဘာရဲ့ ဆံပင်ပုံစံကို အတုခိုး ထား တယ်လို့ စွပ်စွဲခံရတဲ့ OneDirection


ဆယ်ကျော်သက် အရွယ် ပေါ့စတား အဆိုတော် ဂျပ်စတင်ဘီဘာက ဗြိတိသျှနှင့် အိုင်ယာလန် လူငယ်များဖြင့် ဖွဲ့စည်းထားသည့် One Direction အဖွဲ့မှာ သူ၏ ဆံပင်ပုံစံကို အတုခိုးပြီး ညှပ်ထားကြောင်း ပြောလိုက်သည်။ What Makes You Beautiful သီချင်းဖြင့် နာမည်ကျော်လာခဲ့သည့် One Direction အဖွဲ့မှ လူတိုင်းလိုလိုက သူ့ဆံပင်ပုံစံကို လိုက်ညှပ်လာကြသည့်အတွက် ဆံပင်အတိုပုံစံကို ပြောင်းညှပ်ခဲ့ကြောင်း Boy-friend သီချင်းပိုင်ရှင် ဂျပ်စတင်ဘီဘာက ဆိုသည်။
“အခုဆိုရင် လူတိုင်းက ကျွန်တော့်ဆံပင်ပုံစံ လိုက်ညှပ်ထားတယ်လို့ ထင်ရတယ်။ ကျွန်တော်
နည်းနည်းတော့ ပုံစံပြောင်းဖို့ လိုလာတာပေါ့” ဟု အသက် (၁၈) နှစ်အရွယ် ဘီဘာက ပြောရင်း ထိုအတွက်ကြောင့် သူဆံပင်ပုံစံကို ပြောင်းဖို့ရာ ဆုံးဖြတ်လိုက်သည်ဟု ဆိုသည်။ ထို့အပြင် ဂျပ်စတင်ဘီဘာက ODt အဖွဲ့ဝင် Liam Payne ၏ ဓာတ်ပုံတစ်ပုံကို ညွှန်ပြရင်းဖြင့်လည်း ဆံပင်ပုံစံ နည်းနည်းပါးပါး ဆင်တူနေခြင်း မဟုတ်ဟု ပြောသည်။ သူ၏ ဆံပင်ကိစ္စအကြောင်း ဂျပ်စတင်ဘီဘာက ပြောနေသော်လည်း Payne အပြင် Niall Horan, Harry Styles, Louis Tom-linson, Zayn Malik တို့လည်း ပါဝင်သော One Direction အဖွဲ့နှင့်အတူ
၎င်းတို့၏ ဒုတိယသီချင်းခွေကို အားတက်သရော စောင့်ဆိုင်းနေသည်ဟု ပြောသည်။


7 day news မှ သိသမျှ ။

1 comment:

  1. အင်း.. ဘယ်သူနဲ့မှ မတူချင်တဲ့..လူတစ်မျိုးရဲ့ စိတ်ပေါ့လေ.. :)

    ReplyDelete