Saturday, 11 August 2012

တိရစ္ဆာန်တွေရဲ့ မိခင်မေတ္တာပြယုဂ်


လွန်ခဲ့တဲ့ကြာသပတေးနေ့က ချီလီနိုင်ငံ Santa Rosa de Temuco မှာ မီးလောင်မှုဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်တဲ့ ... ။ အခုပုံမှာမြင်တွေ့နေရတာကတော့ Amanda လို့ခေါ်တဲ့ ဂျာမန်သိုးထိန်းခွေးမလေးဖြစ်ပါတယ်။ မီးလောင်နေတဲ့ နေရာကနေ သူမရဲ့၁ဝ ရက်သားသာရှိသေးတဲ့ သားပေါက်လေးတွေကို စွန့်စွန့်စားစား မီးထဲကနေဖြတ်ပြီး လုံခြုံမယ်လို့ထင်ရတဲ့ မီးသတ်ကားတစ်စီးပေါ်ကို
တစ်ကောင်ပြီးတစ်ကောင်ကယ်တင်နေတာဖြစ်ပါတယ်။ အားလုံးကို ကယ်တင်ပြီး စိတ်ချရမှ သူမဟာ သူမရဲ့ကလေးတွေဘေးမှာ လှဲအိပ်ချလိုက်ပြီး သူမရဲ့ခန္ဓာကိုယ်နဲ့ ကာကွယ်ပေးထားပါတယ်။ တစ်ကောင်ပဲ ပြင်းပြင်းထန်ထန် မီးလောင်ဒဏ်ရာရပြီး ကျန်တဲ့သားပေါက်လေးတွေအားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။


ဟာသကမ္ဘာ မှ သိသမျှ ။

No comments:

Post a Comment