Tuesday, 7 August 2012

ဖေ့စ်ဘွတ်ခ်အကောင့်မည်သည့်အကောင့်ကိုမဆိုအတုဟုယူဆပါက ၈၃ သန်းခန့်ကို ပိတ်ပစ်ရန် ဖေ့စ်ဘွတ် စီစဉ်


အမည်အတု(သို့မဟုတ်)အမည်ဝှက်ဖြင့်ပြုလုပ်ထားသည့်ဖေ့စ်ဘွတ်ခ်အကောင့်၊မိမိ၏ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်အတွက် ပြုလုပ်ထားသည့်အကောင့်၊ အခြားဆိုက်များကိုဝင်ရန်အတွက် သီးသန့်ဖန်တီးထားသည့်နောက်ထပ်အကောင့် များမှာ ခန့်မှန်းချေအားဖြင့် ၈၃ ဒသမ ၀၉ သန်းခန့် ရှိနေကြောင်း ဖေ့စ်ဘွတ်ခ်ကထုတ်ပြန်ထားသည်။သြဂုတ်လ၁ရက်နေ့တွင်အသစ်ပြင်ဆင်ခဲ့သည့်စည်းမျဉ်းများ
အရပုံမှန်ဖေ့စ်ဘွတ်ခ်သုံးစွဲသည့်အကောင့်ပေါင်း၉၉၅သန်းအနက်၈ဒသမ၇ရာခိုင်နှုန်းကိုပွားထားသည့်အကောင့်နှင့် အကောင့်အတုများအဖြစ် ဖေ့စ်ဘွတ်ခ်က သတ်မှတ်ခဲ့ပြီး ပိတ်ပစ်ရန် လိုလားနေကြောင်း သိရသည်။
''ဖေ့စ်ဘွတ်ခ်မှာအကောင့်အတုတွေကိုရှာဖွေပြီးဖျက်ပစ်ဖို့ကျွန်တော်တို့ယေဘုယျအားဖြင့်ရည် ရွယ်ထားပါတယ်။ကျွန်တော်တို့ဖေ့စ်ဘွတ်ခ်ကအမည်စစ်စစ်မှန်မှန်နဲ့သုံးတဲ့သူတွေအတွက်ဆိုတဲ့
အခြေခံမူနဲ့ဖန်တီးထားတာပါ''ဟုဖေ့စ်ဘွတ်ခ်လုံခြုံရေးအရာရှိချုပ်ဂျိုးဆူလေဗန်က စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။ယင်းသို့အကောင့်အတုဟုသတ်မှတ်ထားသည့်အကောင့်များ
ကိုဖေ့စ်ဘွတ်ခ်ကသုံးမျိုးခွဲခြား သတ်မှတ်ထားသည်။ 
ပွားထားသည့်အကောင့်များ၊ကဏ္ဍမှားပြီးဖွင့်ထားသည့်အကောင့်များနှင့်မလိုလားအပ်သော အကောင့်များဟူ၍ဖြစ်သည်။ ပွားထားသည့် အကောင့်အရေအတွက်မှာ ဖေ့စ်ဘွတ်ခ် ပုံမှန်သုံးစွဲသူအားလုံး၏ ၄ဒသမ၈ရာခိုင်နှုန်းရှိနေပြီး၄၅ဒသမ၈သန်းမျှရှိနေသည်။ပုံမှန်သုံးစွဲသူဆိုသူမှာလစဉ် အနည်းဆုံးတစ်ကြိမ်ထက်မနည်း ၀င်ရောက်သုံးစွဲသည့်အကောင့်များဖြစ်သည်။ ဖေ့စ်ဘွတ်ခ်၏ စည်းမျဉ်းအရ အသုံးပြုသူတစ်ဦးလျှင်ကိုယ်ရေးအကောင့်တစ်ခုထက်ပိုမရှိရသလိုအခြားသူများကိုယ်စားအကောင့် ဖန်တီးခြင်းကိုလည်း ခွင့်မပြုထားပေ။ ကလေးများအတွက် မိဘက လုပ်ပေးထားသော အကောင့်များသည် အသက် ၁၃ နှစ်အောက်များ သုံးစွဲခြင်းကို ခွင့်မပြုဆိုသော စည်းမျဉ်းကိုပါ ချိုးဖောက်ရာရောက်နေသည်။
ကဏ္ဍမှားပြီးဖွင့်ထားသောအကောင့်များဆိုသည်မှာကုမ္ပဏီများ၊အဖွဲ့များ၊တိရစ္ဆာန်များအတွက် အကောင့်ဖန်တီးရာတွင်ပုံမှန်သုံးစွဲသူအဖြစ်ကဏ္ဍမှားဖွင့်ထားခြင်းကိုဆိုလိုသည်။ယင်းသို့သော အကောင့်များကိုPagesဟုသတ်မှတ်ပြီးသီးခြားဖွင့်ခွင့်ပေးထားသည်။သို့ရာတွင်ပုံမှန်လူသုံး ကိုယ်ရေးစာမျက်နှာအဖြစ်ကဏ္ဍမှားဖွင့်ထားသည့်အကောင့်မှာ၂၂ဒသမ၉သန်းမျှရှိနေပြီးယင်းတို့ကို အချက်အလက်များ မဆုံးရှုံးစေဘဲ Pages အဖြစ် ပြောင်းဖွင့်ခွင့်ပြုထားသည်။
တတိယအုပ်စုမှာအနည်းဆုံးဖြစ်သော်လည်းပြဿနာအကြီးဆုံးဖြစ်သည်။၁၄ဒသမ၃သန်းမျှသော အကောင့်များသည်ကုမ္ပဏီ၏စည်းမျဉ်းများကိုချိုးဖောက်ပြီးတစ်စုံတစ်ရာရည်ရွယ်ချက်ရှိရှိဖြင့် အနှောင့်အယှက်ပေးရန် ဖွင့်ထား သည့်အကောင့်များဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်က တွေ့ရှိထားသည်။
ဖေ့စ်ဘွတ်ခ်သည်မည်သည့်အကောင့်ကိုမဆိုအတုဟုယူဆပါကဖျက်ပစ်မည်ဖြစ်ပြီးယင်းအကောင့်မှ အချက်အလက်များအားလုံးကိုအများမြင်တွေ့နိုင်ခြင်းမရှိတော့ရန်ဖယ်ရှားပစ်မည်ဖြစ်သည်။ဖေ့စ်ဘွတ်ခ် ဆာဗာများတွင်မူ ယင်းအချက်အ လက်များကို သိမ်းဆည်းထားမည်ဖြစ်သည်။


1 comment:

  1. သူတို့ မပိတ်ပဲကို ကျွန်တော့အကောင့်ဆိုရင်ခဏခဏပျက်တယ် ချိတ်ညစ်ဒယ်

    ReplyDelete