Wednesday 15 August 2012

သီချင်းဘက်ကို အာရုံမစိုက်နိုင်တဲ့ အကြောင်း မင်းမော်ကွန်း ဖွင့်ဟ


‘ကြယ်ခိုး၊ ကြယ်ငွေ့မှတ်တမ်း’ ဆိုတဲ့ ဇာတ်ကားမှာ သက်မွန်မြင့်နဲ့ အတူ သရုပ်ဆောင်နေ တဲ့ မင်းမော်ကွန်းကို အခုလက်ရှိ မြန်မာ့ရုပ်ရှင် အရည်အသွေး မြင့်မားလာစေဖို့ ရည်ရွယ်ပြီး ရုပ်ရှင်လောကက လုပ်ဆောင်နေကြ တဲ့အပေါ်အမြင် ကိုမေးကြည့်တော့ ”အရင်က ထက်စာရင် အခုလို ရိုက်ရက် ရှည်ရှည် သတ်မှတ်လိုက်တဲ့ အတွက် ပိုပြီး အချိန်ရလာတယ်။

အရင်ကလည်း ကျွန်တော်တို့က ဗီဒီယို တစ်ကားကို ၁ဝ ရက်လောက် ၁၂ ဂျူတီလောက် ရိုက်ကြတာပါပဲ။ တချို့တချို့တွေကျတော့ ဘယ်လိုရိုက် ကြလဲမသိဘူး။ ဒါကလည်း သူတို့အခြေအနေ အရပဲဖြစ်မှာပါ။ ကျွန်တော်တို့က ၁ဝ ရက် ပတ်ဝန်းကျင်တော့ မဖြစ်မနေ ရိုက်တာပါပဲ။ အဲဒီ ထက်စောလည်း အလွန့်အကျွံ တစ်ရက်ပဲ။ တချို့ကားတွေဆိုရင် ၁ဝ ရက်နဲ့တောင် မပြီးတဲ့ကားတွေရှိပါတယ်”လို့ပြောတာကြောင့် သူ အကယ်ဒမီရခဲ့တဲ့ ‘နှလုံးလှလူမိုက်’ လို ရုပ်ရှင် ဇာတ်ကားမျိုးဆိုရင် အခုအချိန်ထိ ပရိသတ်
ရင်ထဲကျန်နေခဲ့တဲ့ ဇာတ်လမ်းမျိုး ဖြစ်တာကြောင့် အဲဒီဇာတ်ကားကြီးကို အချိန်ဘယ်လောက် ယူပြီး ရိုက်ခဲ့တယ်ဆိုတာကို မင်းမော်ကွန်းက ”အဲဒီကားက ကြာတယ်။ ဘယ်လိုမှလည်း မြန်မြန်ဆန်ဆန် ရိုက်လို့မရတဲ့ကား မျိုးဖြစ်တဲ့အတွက် တစ်လခွဲကျော်ကျော် လောက် ကြာပါတယ်” လို့ပြောပါတယ်။

အခုလို အချိန်ယူပြီး ရိုက်ကူးရင် ဇာတ်ကားကောင်းတွေ ပြန်ထွက်လာမယ်လို့ ပြောနေကြတဲ့ အပေါ်ကိုလည်း ”ကားကောင်းတွေကတော့ ပြန်ထွက်မှာပါပဲ။ ဒါပေမဲ့ ကားကောင်း တွေတင်ဖို့ ရုံရက်က ရှားပါးသွားပြီ။ ရှိတဲ့ရုံရက်တွေကလည်း ကားကြီး တစ်ကားရိုက်မယ် ဆိုရင် ရုံတင်ဖို့ နှစ်နှစ် ခွဲလောက်စောင့်ရတယ်။ အဲဒီအခါကျတော့ ရိုက်တုန်း က ခေတ်ကာလနဲ့ ရုံတင်တဲ့ခေတ်ကာလ မှာ နောက်ကျသွားတဲ့သဘောမျိုးဖြစ်သွားတယ်။ နောက်တစ်ခုက ဈေးကွက်အရပေါ့။ ဘယ်လောက် ပဲ အနုပညာ အားကောင်း အောင် ရိုက်ထား ရိုက်ထား ဟာသမှကြိုက်တဲ့ခေတ် ဖြစ်နေတယ်။ အဲဒီတော့ တကယ်ကောင်းအောင်ရိုက်ထား တဲ့ ကားလေးတွေ ရုံပေါ်ရောက်သွားတဲ့အခါ ခွက်ခွက် လန်အောင်ရှုံးသွားတာလည်း ရှိ တယ်။

ပရိုဂျူဆာတွေအနေနဲ့ကျတော့လည်း အနုပညာအရ ကျန်ဖို့ထက်ကို ငွေရေးကြေး ရေးကိုကြည့်ရတဲ့ အပိုင်းတွေဖြစ် လာတယ်။ အနုပညာသမားဆိုတာ အနုပညာသမားပီပီ ပရိသတ်ရင်ထဲကျန်ခဲ့အောင် လုပ်ပြချင်တာ တွေ အများကြီးပါပဲ။ ကျွန်တော်ကိုယ်တိုင် လည်း တကယ်အနှစ်သာ ရရှိတဲ့ ဇာတ်လမ်းမျိုး ကို ရိုက်ချင်တဲ့ဆန္ဒတွေရှိပါတယ်။အခုက ရုပ်ရှင်၊ ဗီဒီယိုဟာ တော်တော်ကို ခေတ်ပျက်ထဲ ရောက် နေတဲ့အချိန်တွေပါ။ တော်တော်ကိုလည်း ဆိုးတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီလော ကလေးရေရှည် ဘယ်လိုပြန်လုပ်လို့ရ မလဲဆိုတာ ကို အာရုံစိုက်နေတဲ့အတွက် သီချင်းဘက်ကိုတောင် မလှည့်နိုင်သေး ဘူးဖြစ်နေတယ်” လို့ လက်ရှိ အခြေအနေအပေါ် သူ့ရဲ့အမြင်ကို
လင်းစွာသုံးသပ်ပြပါတယ်။

 ဝဿန်, popular new မှ သိသမျှ ။

No comments:

Post a Comment