ပုသိမ်-ရန်ုကန်ကားလမ်း ရေကျော်နေမှုအားတွေ့ရစဉ်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် အတွင်း ရေကြီးရေလျှံမှုများကြောင့် အိမ်ခြေ ၈၀၀၀၀ ကျော် ရေလုံးဝ နစ်မြုပ်သွားခဲ့ပြီး အိမ်ခြေ ၆၀၀၀၀ ကျော်မှာလည်း အိမ်များတွင် ဆင်များထိုး၍ နေနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာရင်းကောက်ခံမှုအရ သိရှိရသည်။ ရေဘေးဒုက္ခသည်များအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သြဂုတ်လ ၁၇ ရက်နေ့တွင် ဆန်အိတ် ၁၀၀၀ သွားရောက်ပေးအပ်မည်ဖြစ်ပြီး
အသင်းမှလည်း ဆေးဝါးများကုသမှုပေးရန် သွားရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် သာပေါင်းမြို့နယ်အတွင်း၌ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများ ရှိနေပြီး ယာယီနေထိုင်ရန်အတွက် အိမ်များဆောက်လုပ်ရန် ၀ါးများအရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။
Eleven Media Group မှ သိသမျှ ။
No comments:
Post a Comment