Tuesday, 14 August 2012
ဇာတ်ကားတစ်ကားမှာ အရေးကြီးဆုံးသူတွေကို စာရင်းချပြတဲ့ ခင်လှိုင်
ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးနေတဲ့ ‘ဆွဲစားပစ်လိုက်တော့’ ဇာတ်ကားမှာ ခင်လှိုင်က ရန်အောင်၊ စိုးမြတ်သူဇာ၊ ပိုင်ဇေရဲထွန်း၊ သူရိယ၊အလင်းရောင်၊ ချမ်းမီမီကို တို့နဲ့ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား ထဲမှာ ခင်လှိုင်က ဒေးဗစ်ချမ်းစားဖိုမှူး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ရိုက်ကွင်းပေါ်မှာလည်း ခင်လှိုင်က သူ ပါဝင်ရတဲ့ နေရာကနေပြီးတော့ ပီပီပြင်ပြင်
သရုပ်ဆောင်နေတာကို တွေ့ရပါတယ်။ အခု ဆိုရင် မင်းသားသစ်တွေလည်း ပေါ်ထွက်လာ တဲ့အတွက် မင်းသားငယ်တွေနဲ့ တွဲရိုက်ရတဲ့ အခါ ပြင်ဆင်မှုလေးတွေလည်း လုပ်လာရ သလို အသက်အရွယ်အရ တချို့ကာရိုက်တာ လေးတွေဆိုရင် ဇာတ်ပို့ တစ်ယောက်အနေနဲ့ အခက်အခဲတွေလည်း ရှိလာတယ်လို့ဆိုတဲ့ ခင်လှိုင်က”မင်းသားငယ်တွေနဲ့တွဲရိုက်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ငယ်အောင် ဘယ်လိုပဲလုပ်လုပ်၊
ရုပ်ကနုပါတယ် ပဲပြောပြေ တက္ကသိုလ် ကျောင်းသားလို ကာရိုက်တာ မျိုးကျတော့ ကျွန်တော်တို့နဲ့ မလိုက်တော့ဘူး။ သူငယ်ချင်း လုပ်လို့မရဘူးလား ဆိုတော့ လုပ်လို့တော့ရတယ်။ ဒါပေမဲ့ မင်းနဲ့ ငါနဲ့ ပြောလို့ရတဲ့ သူငယ်ချင်းမျိုး မဟုတ်ဘဲနဲ့ တိုင်ပင်ဖော်၊ တိုင်ပင်ဖက် လိုမျိုးနေတဲ့ သူငယ်ချင်းမျိုးပဲ လုပ်ရတာ ကောင်းတော့တယ်။ ကိုယ့်အသက်အရွယ်နဲ့ က ကျောင်း သားကာရိုက်တာတွေနဲ့ သိပ်မ လိုက်တော့ဘူး”လို့ ခင်လှိုင်က ဆိုပါတယ်။ ဇာတ်ကားတစ်ကားမှာလည်း ဇာတ်ပို့၊ဇာတ်ရံ တွေကလည်း သူ့နေရာနဲ့သူ အရေးကြီးပါတယ် ဆိုတဲ့ ခင်လှိုင်က”ဇာတ်ကား တစ်ကား မှာ ဇာတ်ပို့၊ဇာတ်ရံက အသက်လို့ပြောလို့ ရပါ တယ်။ ဘယ်လောက် အရေးကြီးလဲဆိုတော့ ဇာတ်ကား တစ်ကားလုံးမှာ ဒါရိုက်တာ က ပထမ အရေးကြီးဆုံး၊ ဒုတိယက ဝတ္ထုဇာတ်ညွှန်း၊ဝတ္ထု ဇာတ်ညွှန်းကောင်းမှလည်း
ဇာတ်ကားက ကောင်းမှာလေ။ ပြီးရင်တော့ မင်းသား၊ မင်းသမီး၊ အဲဒါပြီးရင် နံပါတ် လေးနေရာလောက် မှာ ဇာတ်ပို့၊ဇာတ်ရံဆိုတာက ရှိတာပေါ့။ ဒီ ဇာတ်လမ်းတစ်ခုလုံးကို ပံ့ပိုးပေးရတာဆိုတော့ အသက်လောက် အရေးကြီးပါတယ်။ အဲဒီ တော့ မင်းသား၊ မင်းသမီးကို ပို့ပေးတဲ့ ဇာတ်ပို့ ဇာတ်ရံရဲ့ ပါဝါက ဘယ်လောက်ရှိတာလဲ ၊သူကတကယ်ကို ဘယ်လောက်ထိ ပံပိုးပေးမှာလဲ ဆိုတဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်” လို့ ပြောပါတယ်။ ခင်လှိုင်က ဇာတ်ကားတွေကိုလည်းရိုက် ကူးနေရင်းနဲ့ တစ်ဖက်မှာလည်း ပရိသတ်တွေ အတွက် ထူးထူးခြားခြားလေးဖြစ်အောင် Silence ဟာသလေး ကိုလည်း မြဝတီ Mail Box ကနေလွှင့်ဖို့အတွက် ဒိန်းဒေါင်နဲ့ တွဲပြီး တော့ စီစဉ်ဖြစ်နေပါတယ်။ Silenceဟာသ အစီအစဉ်လေးနဲ့ ပတ်သက်ပြီးတော့ ခင်လှိုင်က..
”Silence ဟာသဆိုတာက အပြော နည်းပြီးတော့ အပြများတဲ့ ဟာသလေး လို့ပြောလို့ရတယ်။ ဥပမာ-မစ္စတာဘင်းတို့လို၊ ချာလီချက်ပလင်တို့လို ပုံစံမျိုးလေးပါပဲ။ အပိုင်း လိုက်၊အပိုင်းလိုက်လေးကိုမိနစ်၂ဝတစ်ပိုင်း ဆိုပြီးတော့ ရုပ်သံကနေလွှင့်မှာ၊၊ အမှန်ကတော့ အခွေဆိုရင်တော့ နံပါတ်၁၊နံပါတ်၂နဲ့ သွားမှာ ပေါ့။အခုက ခိုးကူးခွေတွေက တအားများတဲ့ အခါကျတော့ ဘယ်ပရိုဂျူဆာမှ မထုတ်ရဲကြ ဘူးလေ။ အဲဒါကြောင့် အခုလိုအပိုင်းလေးနဲ့ပဲ လွှင့်ဖို့စိတ်ကူးဖြစ်မိတယ်။ အစ်ကိုတို့ အခု လောလောဆယ် မှာတော့ မစ္စတာဘင်းတို့ လို ဟာသလေးတွေကိုတော့ ပြန်ကြည့်ဖြစ် တယ်။ ဒါပေမဲ့ သူတို့ဆီက ကော်ပီကို လုံးဝ မခိုးချဘဲနဲ့ ကိုယ့်တို့ဘာသာပဲ ကိုယ်ပိုင်စိတ်ကူး လေးနဲ့ပဲ လုပ်မယ်။ဒါပေမဲ့ သူတို့ရဲ့ ရိုက်ပုံရိုက် နည်းလေးတွေ၊ ပြီးတော့ သူတို့ Silence ဟာသကို ဘယ်လို မျိုးရိုက်တာလဲဆိုတဲ့ နည်းလေးတွေကိုတော့ လေ့လာဖြစ်တယ်။ အခုလော လောဆယ် အစ်ကိုတို့ရေးပြီးသား အပိုင်း၂ဝ အထိတော့ ပြီးသွားပြီး။ အဲဒီအပိုင်း ၂ဝ အထိကို အစ်ကိုတို့အနေနဲ့ ရေးထားတာကို အားရကျေနပ်တယ်။ ဒါပေမဲ့ အစ်ကိုတို့ဆီမှာ က ဆင်ဆာမူဝါဒနဲ့ ဇာတ်လမ်းလွတ်လပ်ခွင့် က နိုင်ငံခြားလောက် မလွတ်လပ်တော့ ဇာတ်လမ်းရှားပါးမှုကတော့ ဖြစ်နိုင်တယ်။ အဲဒီ အတွက် အပြ ကတော့ နည်းနည်းလေးခက်မယ်။ အဲဒါကို ကြိုတင်စဉ်းစားမိတော့ ကိုယ်တိုင်လည်း ဇာတ်လမ်းကိုရေးမယ်။ ဒီ ဟာသလေးနဲ့ ပတ်သက်ပြီးတော့ စာမူပို့နိုင် တယ်လို့လည်း ကြော်ငြာမယ်။ အခုက အစ်ကို တို့က မစရသေးလို့။ စပြီးလွှင့်ဖြစ်တာနဲ့ ကိုယ် တို့ဆီကို စာမူ ပို့နိုင်တယ်ဆိုပြီးတော့ စာမူခ ကိုလည်း အနုပညာ ဥာဏ်ပူဇော်ခ အနေနဲ့ ပေးသွားမယ်လို့ ပြောပါတယ်။
လွင်လွင်ထွန်း popular myanmar မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment