Tuesday 28 August 2012

ကမ္ဘာ့ ပေါ်မှာတည်ရှိသမျှ ထူးဆန်းအံ့ဖွယ်တွေထဲကအထင်ကရ ပိရမစ်များ


ပိရမစ် ကြီးတွေဟာ လက်ရှိကမ္ဘာ့ ပေါ်မှာတည်ရှိသမျှ ထူးဆန်းအံ့ဖွယ်တွေထဲက အထင်ကရကြီး တစ်ခုပေါ့..။ ယနေ့တိုင်လည်း သိပွံပညာရှင်တွေ..သုတေသီတွေ အတွက် ဘယ်လိုတည်ဆောက် ခဲ့တယ်ဆိုတာ.. တိတိကျကျလေ့လာမဖော်ထုတ်နိုင်သေးတဲ့.. ပုစ္ဆာတစ်ပုဒ်အဖြစ် ရှိနေတုန်းပါပဲ တစ်ချို့တွေကလည်း လူသားတွေတည်ဆောက်ခဲ့တာမဖြစ်နိုင်ဘူး တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ လာပြီးတည်ဆောက်ခဲ့တာ..စသဖြင့်.. အမျိုးမျိုးပြောကြတယ် ထားပါ..ဒါတွေဟာကျနော်တို့လဲ လက်လမ်းမှီနိုင်တာမဟုတ်တော့.. စိတ်ဝင်စားစရာ အဖြစ်ပဲထားလိုက်ရအောင်ပါ
အခုမြင်တွေ့ရတဲ့ ပိရမစ်ကြီး Giza ရဲ့သက်တမ်းဟာ နှစ်ပေါင်း 5,000 years
ရှိပြီဖြစ်ပါတယ်ထူးခြားတာကတော့.. လာမယ့် Dec 3, 2012, Egypt နိုင်ငံရဲ့ ညကောင်းကင်ယံ မှာ ဒေသအချိန် မနက်ရောင်နီ မလာခင် အဲ့ဒီ Giza ပိရမစ်ကြီးရဲ့ အပေါ်မှာ ဂြိုလ်ကြီးသုံးလုံးဖြစ်တဲ့ Mercury / Venus / Saturn တို့ဟာ မျဉ်းဖြောင့်တစ်ကြောင်းတည်းအပေါ်မှာ တန်းနေတာကိုမြင်တွေ့ကြရမယ်လို့ NASA သိပွံပညာရှင်တွေက ပြောထားပါတယ်..။ အဲ့ဒီဂြိုလ်ကြီး သုံးလုံး ဒီလိုတန်းနေတာကို ထင်ထင်ရှားရှားနဲ့ တွေ့မြင်ခွင့် ရဖို့ဆိုတာ နှစ်ပေါင်း 2,737 နှစ်မှာ တစ်ကြိမ်သာ ဖြစ်ပေါ်မှာမို့ သာမန်လူ့သက်တမ်း အတွင်းမှာ ဘယ်လိုမှဒီအခွင့်အရေးမျိုးမရနိုင်ဘူးလေ ဒါကြောင့် နိုင်ငံတကာမှ စိတ်ပါဝင်စားတဲ့ ခရီးသွားတွေဟာ ဒီဖြစ်ရပ်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ဖို့အတွက် အီဂျစ် နိုင်ငံကို သွားဖို့ပြင်ဆင်နေကြပါတယ်။

face book စာမျက်နှာ မှ သိသမျှ ။

No comments:

Post a Comment