Friday, 24 August 2012

ကျင့်သုံးမှုနှင့် သတိတရား


" ကိုးကွယ်ရာအမှန်ကား အကျင့်တရား(စရဏ) ပင် ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။
ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို
ရှောင်ရမည်။ ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည်
ဖြစ်၏။ မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊
မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါသည်။

ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏။ ဒုက္ခလည်း
ပေးတတ်သည်။ သုစရိုက်ဟူသည် အပြစ်လည်း ကင်း၏။
သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင်

သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင်
ဒုစရိုက်ကို ရှောင်ရှားရုံသာ ဖြစ်၏။

" တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ "
(ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ )

ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။
ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ)
ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။

ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်း
ရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်း
ကိုလည်း သိရမည်။ "

- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး


No comments:

Post a Comment