Saturday, 25 August 2012

ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်မှရေခဲများ ပျောက်ကွယ်သွားနိုင်


ဥရောပအာကာသအေဂျင်စီမှရိုက်ယူထားသောအာကာသဓာတ်ပုံများအရ ပြီးခဲ့သည့်နှစ်က ရေခဲကုဗကီလိုမီတာ ၉၀၀ခန့်မှာ အရည်ပျော်သွားပြီ ဟုသိရသည်။ ယင်းသို့ ကမ္ဘာ့ရေခဲများ အရည်ပျော်လာမှုမှာ သဘာဝပတ်ဝန်းကျင် ပညာရှင်များ ခန့်မှန်းထားသည်ထက် ၅၀ရာခိုင်နှုန်းမက များပြားနေသည်ဟု ယင်းသို့ရေခဲများ အရည်ပျော်လာရခြင်းမှာ ပညာရှင်များ
သတိပေးထားသည့်ကြားက စက်မှုလုပ်ငန်းများမှ ကာဗွန်ဒိုင်အောက်ဆိုက်များကို အလွန်အကျွံ စွန့်ထုတ်နေကြ၍ဖြစ်သည်။ယင်းသို့ ရေခဲများ အရည်ပျော်လာမှု၏ နောက်ဆက်တွဲဆိုးကျိုးမှာ ကမ္ဘာကြီး ပိုမိုပူနွေးလာပြီးရာသီဥတုများပိုမိုဖောက်ပြန်လာမည်ဖြစ်သည်။ယင်းနှုန်းအတိုင်းသာ ရေခဲများအရည်ပျော်
လာပါက လာမည့်၁၀နှစ်အတွင်း ဂရင်းလန်ကျွန်းအနီးရှိ ပင်လယ်ရေမျက်နှာပြင်မှာ ၇မီတာ(၂၃ ပေခန့်)မြင့် တက်လာမည်ဖြစ်သည်။

pye myanmar မှ သိသမျှ ။

No comments:

Post a Comment