Sunday, 26 August 2012
စတူဒီယိုရှားပါးမှုပြဿနာအပေါ် ဒါရိုက်တာကိုပေါက်ရဲ့ သဘောထား အမြင်
ဒါရိုက်တာကိုပေါက်နဲ့ ဆုံဖြစ် ခိုက် ရုပ်ရှင် လောကရဲ့လိုအပ်ချက် များ၊စတူဒီယို ရှားပါးမှုစတဲ့အကြောင်း
အရာများ အပေါ်မူတည်ပြီး ယခုလို မေးဖြစ်ခဲ့ပါတယ်။
လူငယ်ဒါရိုက်တာတချို့ဆိုရင် Short Film ၊ Documentry တွေ ကို လုပ်လာ ကြတာ အစ်ကိုလည်း ကြားရမှာပဲ။ အဲဒီလိုရောလုပ်ဖို့ အစီ အစဉ်ရှိလား။
အမှန်က ဒီလိုဗျ။ လွန်ခဲ့တဲ့ နှစ် နှစ်ကျော်ကပေါ့။ ကျွန်တော် ဒါရိုက် တာလုပ်ခါစ အဲဒီတုန်းကဒီလောက ထဲက Short Film နဲ့ စဝင်မယ်ဆို ပြီး လုပ်ခဲ့တာပါ။ ပရိုဂျူဆာလည်းရှိ တယ်။ ပရိုဂျူဆာက ကိုလွင်မိုးလေ။ ကျွန်တော်တစ်ကား၊ မင်းထင်ကိုကို ကြီးတစ်ကား၊ နောက် သူကိုယ်တိုင် တစ်ကား သုံးကားတစ်ခွေလုပ်ဖို့ စီ စဉ်ကြတယ်။ ဒါပေမဲ့ စီစဉ်ခဲ့တာပဲ အဖတ်တင်သွားတယ်။ တကယ် မလုပ်ဖြစ်ခဲ့ပါဘူး။ အဲဒါကြောင့်
ကျွန် တော် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ဆုံး ဖြတ်ချက်ချလိုက်ပြီဗျာ။ မကြာခင် အကောင်အထည်ဖော်ဖြစ်အောင် ကြိုးစားပါမယ်။
မြန်မာပြည်မှာ စတူဒီယို ရှားပါး မှု၊ ဆက်တင်တွေ နည်းပါးမှုဟာ ဒါရိုက်တာတွေအတွက် ဘယ်လို အခက်အခဲတွေရှိနေမလဲ။
အမှန်တော့ဗျာ မြေနေရာတစ် ခုခုစီစဉ်ပြီး လုပ်ပေးရင် ပိုအဆင်ပြေ ပါတယ်။ လုပ်ငန်းရှင်တွေကိုလည်း အကူအညီတောင်းပြီး စတူဒီယို ဆောက်လုပ်သင့်ပါတယ်။ ဘယ်သူ တွေက ဘယ်ကဏ္ဍတွေကို တာဝန် ယူ စသဖြင့် ခွဲခြမ်းပေးလိုက်ရင် အဆင်ပြေသွားမှာ ပါ။ အဲဒါဆိုရင် ကျွန်တော်တို့လို ဒါရိုက်တာတွေ ရော၊ ရုပ်ရှင်လောကသားအားလုံး အဆင်ပြေသွားမှာပါ။ တချို့ကိစ္စ တွေဆိုရင် စတူဒီယိုမရှိတဲ့အတွက် ပရိသတ်အလယ်မှာ ရိုက်ခဲ့ရတယ်။ တချို့ဟာတွေဆိုရင် လိမ်ရိုက်ရ တာတွေရှိတယ်လေ။ ကိုရီးယားမှာ ဆိုရင် ဘယ်ရုပ်ရှင်ကုမ္ပဏီကပဲ လာရိုက်ရိုက် အဲဒီစတူဒီယိုကြီးထဲ မှာပဲ။ ရိုက်ပြီးသွားရင် အသုံး ပြုခဲ့တဲ့ Instruments တွေကို အဲဒီ စတူဒီ ယိုကို ပြန်လှူခဲ့ရတယ်။ အဲဒီ စတူဒီ ယိုထဲက ပစ္စည်းတွေကို ယူသုံးရင် လည်း ပိုက်ဆံပေးစရာ မလိုဘူး။ ဘယ်ခေတ်ကပစ္စည်းကိုလိုချင် သလဲ အကုန်သုံးလို့ရတယ်။ အဲဒါကြောင့် ကိုရီးယားရုပ်ရှင်ဟာအချိန်တိုအတွင်း မှာ အရမ်းအောင်မြင်ခဲ့တာလေ။
'ကြိုးအော်သံ' ဇာတ်ကားမှာ ပရိသတ်တွေဘက်က အသံနှစ်မျိုး ကြားရတယ်။ တချို့ကလည်း သိပ် ကောင်းတယ်၊ တချို့ကလည်း သိပ် နားမလည်ဘူးလို့ ပြောကြတယ်။ အခု နောက်ပိုင်း ဇာတ်ကား တစ်ကား ကြည့် တော့မယ်ဆိုရင် ဒါရိုက်တာဘယ်သူ လဲဆို တာ ကြည့်ပြီး ရွေးလာကြပြီဆို တော့
ဒါရိုက်တာတစ်ယောက်အနေ နဲ့ တာဝန် ပိုကြီးလာပြီလား။
ပိုပြီးတာဝန်ကြီးလာတာဟာ သိပ်ကောင်းတဲ့လက္ခဏာတစ်ခုလို့ မြင်တယ်။ ဒါမှသာ ကိုယ့်ကားကို ကိုယ်ဂရုစိုက်မှု ပိုတော့မှာပါ။ ဒါရိုက် တာနာမည်မေးပြီး ကြည့်လာတဲ့ ခေတ်ဆိုတော့ အားလုံးဟာ ပေါ့လို့ မရတော့ဘူးဆိုတာ သတိထားကြ လိမ့်မယ်။ နောက် ကြိုးအော်သံ ဇာတ်ကားက တစ်ခန်းနဲ့ တစ်ခန်း ချိတ်ထားတာလေ။ ကြည့်နေရင်းနဲ့ ခဏရေသွား သောက်လိုက်တာနဲ့ ဘာမှနားလည်မှာ မဟုတ်တော့ဘူး။ ဇာတ်ကားတစ်ကားလုံးကို ပြီး အောင် ကြည့်မှ ဇာတ်ရဲ့သဘောကို နားလည်မှာပါ။
ပေါ်ပြူလာ မြန်မာ မှ သိမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment