Friday 10 August 2012

ကလေးအားလုံးကို နှာခေါင်းမှဖြန်းရသည့် တုပ်ကွေးကာကွယ်ဆေး ပေးနိုင်တော့မည်


ဗြိတိန်မှာ နှစ်နှစ်အရွယ်မှ ၁၇နှစ်အရွယ် ကလေးအားလုံးနှစ်စဉ် တုပ်ကွေးကာကွယ်ဆေးကို အခမဲ့ပေးဖို့ အဆိုပြုထားကြောင်း သတင်းရရှိပါတယ်။ ကလေးအားလုံးရဲ့ ၃၀ရာခိုင်နှုန်းဟာ တုပ်ကွေးကာကွယ်ဆေးထိုးခဲ့ရင် နှစ်စဉ်နှစ်တိုင်း ဆေးရုံတက်ရသူ ၁၁၀၀၀ယောက် နည်းပါးသွားပြီး သေဆုံးသူလည်း ၂၀၀၀ယောက် လျော့နည်းနိုင်တယ်လို့ အင်္ဂလန်မှ ဆေးကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။ ကလေးငယ်တွေအတွက် ကာကွယ်ဆေးကို ထိုးဆေးအစား နှာခေါင်းဖြန်းဆေးအဖြစ်
အသုံးပြုမည်ဖြစ်ပြီး အစောဆုံးအနေနဲ့ ၂၀၁၄ခုနှစ်မှာ စတင်နိုင်မယ်လို့ သိရပါတယ်။ တုပ်ကွေးကာကွယ်ဖို့ ထိုးဆေးကိုမူ အသက်၆၅နှစ်ကျော်သူ၊ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ပန်းနာရင်ကျပ်လိုမျိုး ရောဂါရှိသူတွေအတွက် ဆက်လက်အသုံးပြုသွားမယ် လို့ဆိုပါတယ်။ကာကွယ်ဆေးကို နှာခေါင်းဖြန်းဆေးအဖြစ် အသုံးပြုတာကြောင့် နှာရည်ယိုတာ ဒါမှမဟုတ် လည်ချောင်းနာတာ အပါအ၀င် တုပ်ကွေးလက္ခဏာ အပျော့စားလေးတွေလိုမျိုး ဆိုးကျိုးအနည်းငယ် ရရှိနိုင်တယ်လို့ ဆိုပါတယ်။
အသက်ကိုးနှစ်အောက် ကလေးငယ်တွေအနေနဲ့ သီးတင်းပတ်ခြားပြီး ကာကွယ်ဆေးနှစ်ကြိမ် ရယူဖို့လိုအပ်ပေမယ့် ကိုးနှစ်အထက် ကလေးတွေမှာမူ တစ်ကြိမ်သာ လိုအပ်တယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံဟာ မကြာမီမှာ ကလေးအားလုံးကို အခမဲ့တုပ်ကွေးကာကွယ်ဆေး ထိုးပေးနိုင်မယ့် ကမ္ဘာ့ပထမဆုံး တိုင်းပြည်ဖြစ်လာပါတော့မယ်။

shwemyanmar မှ သိသမျှ ။

1 comment: