Friday, 31 August 2012

မြန်မာနိုင်ငံတွင် ခေတ်တစ်ခေတ် ဖြစ်ခဲ့သော ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီမှ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးနေပြီ


မြန်မာနိုင်ငံတွင် ခေတ်တစ်ခေတ် ဖြစ်ခဲ့သည်အထိ လူကြိုက်များခဲ့သော ဗောက်စ်ဝက်ဂွန် ကားကုမ္မဏီမှ တာဝန်ရှိသူများ မြန်မာတွင် ဈေးကွက်ချဲ့ထွင် ရင်းနှီးမြှုပ်နှံရန်အတွက် လက်တွဲဖော်စီးပွားရေးလုပ်ငန်း ရှာဖွေနေကြောင်း ၂၂-၈-၂၀၁၂ရက်က နိုင်ငံခြားသတင်း
ဌာနများတွင် ရေးသားဖော်ပြသည်။ အဆိုပါ ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီသည် ဂျာမနီနိုင်ငံ အခြေစိုက်ကမ္ဘာ့တတိယ အကြီးဆုံးကား ကုမ္မဏီကြီး တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ကားအရောင်း စင်တာလာရောက် ဖွင့်လှစ်ခြင်းဖြင့် ဈေးကွက်ချဲ့ထွင်ရန် ထိပ်တန်းမြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိကြောင်း
သိရသည်။ ဗောက်စ်ဂွန်ကုမ္ပဏီကို ၁၉၃၇ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး Beetle, Gofl, Passat ကားမော်ဒယ်များဖြင့် လူကြိုက်များပြီး နှစ်စဉ်ပျမ်းမျှ ကားစီးရေ လေးသန်းရောင်းချ နေရကြောင်း သိရသည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်းက ဗောက်စ်ဝက်ဂွန်ကားများကို မြန်မာနိုင်ငံတွင် အထူးလူကြိုက်များခဲ့ကာ ဈေးနှုန်းလည်း သင့်တင့်သော ကားအမျိုးအစားဖြစ်ကြောင်း၊ ယင်းကုမ္ပဏီနှင့် မြန်မာလုပ်ငန်းရှင်ကြီးများ၏ ဆွေးနွေးမှုအရ မြန်မာနိုင်ငံတွင် စူပါမားကက်လုပ်ငန်းများ၊ ဈေးဝယ်စင်တာကြီးများ၊ ကားအရောင်းပြခန်းများ၊ သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းနိုင်ဖွယ်ရှိကြောင်း လည်းသိရသည်။

 SMG မှ သိသမျှ ။

No comments:

Post a Comment