ရန်ကုန်မြို့က နာရေးကူညီမှု အသင်းခေါင်းဆောင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေမြို့ကိုလေကြောင်းခရီးနဲ့ ရောက်ရှိခဲ့ပါတယ်။ဦးကျော်သူနဲ့အဖွဲ့ဟာပထမဆုံးစစ်တွေမြို့ ဆေးရုံကြီးကို သွားရောက်ခဲ့ပြီးနောက်၊ ဘောလုံးကွင်းရပ်ကွက် ဒုက္ခသည်စခန်း၊ မင်းဂံဒုက္ခသည်စခန်း၊ ဓညဝတီ ဒုက္ခသည် စခန်းတွေကိုသွားရောက်ပြီးဆန်နဲ့တခြားအကူအညီတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။အဲဒီနောက်စစ်တွေမြို့က
နာမည်ကျော် ရွှေစေတီကျောင်းတိုက်ဆရာတော်ကို သွားရောက် ဖူးမြော် တွေ့ဆုံခဲ့ပါတယ်။
ရွှေစေတီ ကျောင်းထိုင်ဆရာတော် ဦးအရိယဝံသက ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋ္ဋိပက္ခတွေနဲ့ ပတ်သက်လို့ ဦးကျော်သူနဲ့ အဖွဲ့ကို ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။ဦးကျော်သူနဲ့ အဖွဲ့ဟာ စစ်တွေမြို့ကတဆင့် ဘူးသီးတောင်နဲ့မောင်တောမြို့တွေကိုလည်း သွားရောက်မှာ ဖြစ်ပြီး၊ ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည်တွေ အတွက် ဆန်အိတ် စုစုပေါင်း ၁ ထောင် ပေးအပ် လှူဒါန်းမယ်လို့လည်း သိရပါတယ်။
ko soe win face book မှ သိသမျှ ။
ပရဟိတ သတင်းလေး ဖတ်ပြီး မုဒိတာပွားသွားပါတယ်ဗျာ....:-)
ReplyDelete