Monday, 27 August 2012
ယာမဟာ ကုမ္ပဏီမှ ဆိုင်ကယ်များ ရောင်းချရန် မြန်မာပြည်တွင် အရောင်းစင်တာ ဖွင့်မည်
ဂျပန်နိုင်ငံမှ ယာမဟာ မော်တော်ကုမဏီ (Yamaha Motor Co.) သည် မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်များ ရောင်းချရန် အရောင်းကုမ္ပဏီ တစ်ခုလာရောက် ဖွင့်လှစ်မည်ဟု ကြေညာလိုက်ကြောင်း Yomiuri Shimbun သတင်းစာတွင် ဖော်ပြထားသည်။
ယာမဟာကုမ္ပဏီမှ အရောင်း ကုမ္ပဏီလာရောက် ဖွင့်လှစ်လျင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်အပြီးတွင် လာရောက်ဖွင့်လှစ်သော ပထမဆုံး ဆိုင်ကယ်ကုမ္ပဏီဖြစ်လာမည် ဖြစ်သည်။အာရှဖွံ့ဖြိုးရေးဘဏ်၏ ခန့် မှန်းချက်အရ မြန်မာနိုင်ငံ၏စီးပွားရေး
ဖွံ့ဖြိုးမှုမှာ အနာဂတ်တွင် ၇% မှ ၈% တိုးတက်လာနိုင်ပြီး ၂၀၃၀ မတိုင်မီတွင် ၀င်ငွေအလယ်လတ် အဆင့်ရှိ နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည်ဟုဆိုထားသည်။အဆိုပါခန့်မှန်းချက်များကြောင့် နိုင်ငံအတွင်း
ဆိုင်ကယ်လို အပ်ချက်များမှာ လျင်မြန်စွာမြင့်တက် လာနိုင်သည်ဟု ယာမဟာကုမ္ပဏီက ခန့်မှန်းထားသည်။
၎င်းတို့က မြန်မာနိုင်ငံအတွင်း အရောင်းကုမ္ပဏီ ဖွင့်လှစ်နိုင်ရန် ကိုယ်စားလှယ်ရုံးခွဲ အကြို လာရောက် ဖွင့်လှစ်ရန် မြန်မာအစိုးရကို တောင်းဆိုသွားမည်ဟု ပြောကြားခဲ့သည်။
ယာမဟာကုမ္ပဏီက ထိုင်းနိုင် ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ထုတ်လုပ်သော ဆိုင်ကယ်များကို လာ မည့်အောက်တိုဘာလတွင် မြန်မာ နိုင်ငံ၌ အရောင်းဆိုင်များ ဖွင့်လှစ်ကာရောင်းချသွားမည်ဟု ပြော သည်။ ယာမဟာကုမ္ပဏီက ဆိုင် ကယ်များရောင်းချရာတွင် မြန်မာနိုင်ငံအတွင်း ၄င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ထူထောင်နိုင်ရန် ကိုယ်ပိုင်ကွန်ယက်ကိုသာ အသုံးပြုရန် ဆန္ဒရှိနေသည်ဟု ဆိုသည်။
ယာမဟာကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် ၄င်းတို့၏ ဆိုင်ကယ်စီးရေ ၁၀ သန်းခန့် ရောင်းချနိုင်မည်ဟု မျှော်မှန်းထားပြီး အဆိုပါနှုန်းတား မှာ လက်ရှိအရောင်း၏ ၁.၆ ဆ ဖြစ်သည်။ ၄င်းတို့က မျှော်မှန်း ရောင်းအားပြည့်မီစေရန် အတွက် ဖွံ့ ဖြိုးဆဲ၊ ပေါ်ထွန်းဆဲနိုင်ငံများမှ အရှိန်အဟုန်မြင့် ဈေးကွက်များ အပေါ်အာရုံစိုက်ထားသည်ဟု သိရသည်။
Elevel Media မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment