အမေရိကန်ပြည်ထောင်စုမှ သြဂုတ်လဆန်းပိုင်းက ပြန်လည်ရောက်ရှိနေသော ရုပ်ရှင်သရုပ်ဆောင် နိုင်းနိုင်း၏ဇနီးစန္ဒီချိုက
ယခုတစ်ခေါက် မြန်မာပြည် အပြန်ခရီးစဉ်တွင် ရန်ကုန်မြို့ပြင် ဒေသများရှိ လူငယ်လူရွယ်များအား အင်္ဂလိပ်စာ အခမဲ့သင်ကြားပေးရန်
စီစဉ်လျက်ရှိကြောင်း ပြောကြားသည် သူမ၏ တတိယမြောက်ရင်သွေးကို မွေးဖွားရန် ပြန်လာခြင်း ဖြစ်သော်လည်း တစ်ဖက်တွင်
အင်္ဂလိပ်ဘာသာစကား သင်ကြားရန် အခွင့်အလမ်း နည်းပါးနေသူများအတွက် ယခုအစီအစဉ်ကို ကြိုးစားဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သူမကပြောသည် ကျွန်မ မြန်မာနိုင်ငံကို ရောက်စဉ်ခဏမှာ ကျွန်မရဲ့ အားလပ်ချိန်တွေကို အင်္ဂလိပ်ဘာသာစကား
သင်ကြားဖို့ အခွင့်အရေး သိပ်မရှိဖြစ်နေတဲ့ သူတွေကို စာသင်ပေးရင်း ကုန်ဆုံးမယ်လို့ စဉ်းစားမိတယ်။ဒါကြောင့် ဒီမှာ ပရဟိတအဖြစ်
စာလိုက်သင်ပေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီနဲ့ အင်းစိန်၊ ဒါမှမဟုတ်သန်လျင်ဘက်မှာ တစ်ပတ်တစ်ရက်လောက်ဖြစ်ဖြစ်
သင်ဖို့စီစဉ်နေပါတယ် စန္ဒီချိုသည် အမေရိကန်နိုင်ငံ၊ Stony Brook တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ဘာသာဖြင့် ဘွဲ့ရရှိထားသူ
ဖြစ်သည်။သူ အမေရိကားမှာ ယူထားတဲ့ဘွဲ့ကလည်း နောက်ပိုင်းတောက်လျှောက် ယူအင်န်တို့ အင်န်ဂျီအိုတို့နဲ့ချိတ်ပြီး ဆက်လုပ်ဖို့
အစီအစဉ်ရှိတော့ သူ့လုပ်ရပ်လေးကို ကျွန်တော်က အားပေးပါတယ်ဟု နိုင်းနိုင်းကပြောသည်။ နိုင်းနိုင်းနှင့် စန္ဒီချိုတို့သည်
၂၀၀၇ နှစ်ကုန်ပိုင်းက လက်ထပ်ခဲ့ပြီး ယခုအခါ သမီးတစ်ယောက်နှင့်သားတစ်ယောက် မွေးဖွားခဲ့ပြီးဖြစ်သည်။ ယခုတတိယမြောက်
လွယ်ထားရသည့် ရင်သွေးမှာ လေးလခန့် ရှိပြီဖြစ်ကြောင်းနှင့် ပန်းလှိုင်အထူးကုဆေးရုံတွင် မွေးဖွားရန် စီစဉ်ထားကြောင်း
နိုင်းနိုင်းကပြောသည်။
7day news journal မှသိမျှ ။

No comments:
Post a Comment