Thursday, 9 August 2012

နှစ်ပေါင်း၂၃၄နှစ် သက်တမ်းရှိသော ရွှေတိဂုံစေတီတော် ပေါ်က စဥ့်ကူးမင်း ခေါင်းလောင်းကြီး ကိုထိုး ခွင့်မပြုတော့


ရွှေတိဂုံစေတီတော် ရာဟုထောင့်ချမ်းသာကြီး တန်ဆောင်းရှိ နှစ်ပေါင်း၂၃၄နှစ် သက်တမ်းရှိသော စဥ့်ကူးမင်း ခေါင်းလောင်းကြီး၏ အစိတ်အပိုင်းအခိျု့ ယိုယွင်းမှုများရှိလာသဖြင့် ယခုသြဂုတ်လမှစ၍ ခေါင်းလောင်းထိုး ပူဇော်ခွင့်မပြုတော့ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ ထုတ်ပြန်ကြေညာထားကြောင်း ၁-၈-၂၀၁၂ရက်က သိရသည်။ ''ခေါင်းလောင်းကြီးက နှစ်လကြာနေပြီ။ ခေါင်းလောင်းရဲ့ အစိတ်အပိုင်း အခိျု့ကလည်း ပျက်စီးနေပြီ။ ဒါကြောင့်
ဒီသြဂုတ်လဆန်းပိုင်းကစပြီး ထိုးခွင့်မပြုတော့ဘူး။ ခေါင်းလောင်းမထိုးရဆိုတဲ့ စာတန်းကိုလည်း ချိတ်ဆွဲထားမယ်။ နောက်ပြီသံပန်း အနိမ့်တွေနဲ့လည်း

ကာရံမှုလုပ်သွားမယ်။ဆက်ပြီး ခေါင်းလောင်းထိုးခွင့် ပေးလိုက်လို့ပျက်စီးသွားရင် သက်တမ်းရှည်ကြာပြီဖြစ်တဲ့ ရှေးဟောင်းခေါင်းလောင်းကြီးကို နောက်ပိုင်းလူတွေ မတွေ့ရတော့မှာစိုးလို့ပါ'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ဦးဝင်းကြိုင်ကပြောသည်။
အဆိုပါ  စဥ့်ကူးမင်း ခေါင်းလောင်းကြီးမှာ ရွှေတိဂုံစေတီတော်ပေါ်၌ သက်တမ်းအရှည်ဆုံး ခေါင်းလောင်းဖြစ်ပြီး အလေးချိန်မှာ ကြေး၂၄တန်၊ အချင်း ငါးတောင်အရပ် ခုနစ်တောင်နှစ်မိုက်၊ လုံးပတ် ၁၅တောင်၊ အထူနှစ်မိုက် ငါးသစ်ရှိကြောင်းသိရသည်။ ထို့ပြင်ရွှေတိဂုံ စေတီတော်တွင် လက်ရှိခေါင်းလောင်းစုစုပေါင်း ၃၅လုံးရှိပြီး စဥ့်ကူးမင်းခေါင်းလောင်းကြီးမှာ ဒုတိယအကြီးဆုံးဖြစ်ပြီး သာယာဝတီမင်း ခေါင်းလောင်းကြီးမှာ ပထမအကြီးဆုံး ဖြစ်ကြောင်းသိရသည်။


shwe myanmar မှ သိသမျှ ။

No comments:

Post a Comment