Sunday, 5 August 2012

ဒေါ်လာ ၄ သန်းခန့်တန်ဖိုးရှိသော Bugatti Veyron ကား မြန်မာပြည်မှာလဲစီးနိုင်ပါတယ်


အလူမီနီယံနှင့် ကာဗွန်ဖရိန်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၄ သန်းခန့်တန်ဖိုးရှိသော Bugatti Veyron ကားကြီးကို ရန်ကုန်မြို့ တစ်နေရာ၌ တွေ့ရှိခဲ့စဉ် ရိုက်ကူးထားသည့်ပုံ ဖြစ်ပါသည်။
နောက်ဆုံး သိရှိရသည်မှာ အဆိုပါ Bugatti သည် မြန်မာစီးပွားရေးလုပ်ငန်းရှင် သူဋ္ဌေးကြီးတစ်ဦးဖြစ်သည့်
ဦးတေဇ၏ သားဖြစ်သူ ပြည့်ဖြိုးတေဇ ပိုင်ဆိုင်သည့် ကားဟု သတင်းထွက်နေပြီး ဒေါ်လာ ၅ သန်းခန့် ကျသင့်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါကားသည် Special Edition ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ၁ စီးသာရှိကြောင်း၊ ရွှေအစစ်အား ထည့်သွင်းပြုလုပ် ထားသည်ဟု လူပြောများသော်လည်း ယင်းအချက်များအား အတည်မပြုနိုင်သည်ဟု မဆိုပေ။
Bugatti Veyron ကားများသည် ပုံမှန်အားဖြင့် မော်ဒယ်ပေါ် မူတည်ကာ ဒေါ်လာ ၁.၇ မှ ၂.၇ သန်း တန်ဖိုးရှိသည့် မြင်းကောင်ရေ ၁၀၀၁ ကောင် အားဖြင့် အမြင့်ဆုံး ၂၅၃ မိုင်နှုန်း မောင်းနှင်နိုင်ပြီး ကမ္ဘာ့အမြန်ဆုံး ကားအဖြစ် ၆ နှစ် ဆက်တိုက် စံချိန်တင်ထားသည်။

face book စာမျက်နှာများ မှ သိသမျှ ။

No comments:

Post a Comment