Sunday, 26 August 2012

၁၉၃၃ခုနှစ်က ကမ္ဘာစစ်ကာလမှာ ဆိုဗီယက်လေတပ် မှ ပါဝင်ဆင်နွဲ ခဲ့တဲ့ စစ်လေယဉ်ကြီး K-7 (သတင်/ဓါတ်ပုံ)


Heavy Bomber ဆိုတဲ့အတိုင်း ကမ္ဘာစစ်ကာလမှာ အသုံးပြုဖို့ ရည်ရွယ်တဲ့အတွက် စစ်လက်နက်ကြီးများ တပ်ဆင်ထားပါတယ်။ ဗုံးပေါင်း မြောက်များစွာ သယ်ဆောင်ပြီး တိုက်ပွဲတိုင်းမှာ ရွတ်ရွတ်ချွန်ချွန် ပါဝင်ဆင်နွဲ ခဲ့ပါတယ်။ သို့ပေမယ့် ၁၉၃၈ ခုနှစ်အရောက်မှ အတိုက်ခိုက် ဖျက်ဆီးခံလိုက်ရပါတယ်။

ရှားရှားပါးပါး တစ်ခုတည်းသာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး သူ
့ခေတ်သူ့ခါမှာ အံ့မခမ်း စွမ်းရည်တွေ ရှိပါတယ်။ စစ်သားပေါင်း ၁၂၀ ကို သယ်ဆောင်နိုင်ပြီး ၁၁ ဦးက ထိန်းကျောင်းမောင်းနှင် ပေးရတဲ့ လေယာဉ်ဖြစ်ပါတယ်။ အင်ဂျင် အနေနဲ့ ပါဝါ Plant ၇လုံး ပါဝင်ပါတယ်။ အမြင့်ဆုံး လေထဲ ပေ ၁၃၁၂၃ ပျံသန်းနိုင်ပြီး အမြန်ဆုံး Speed ကတော့ တစ်နာရီ မိုင် ၁၄၀ သာ ရှိပါတယ်။ အရှည် ၂၈မီတာ၊ တောင်ပံပါ ဗျက် ၅၃ မီတာ အတိုင်းရှိပါတယ်။ အလေးချိန်အားဖြင့် လူမပါ ၅၃၇၉၃ ပေါင်၊
ခံနိုင်ရည်ဝန်ပါ လေယာဉ်အလေးချိန်ကတော့ ၈၃၇၇၆ပေါင် ရှိပါ တယ်။

အစီးရေတွေ ဆက်လက်ထုတ်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကမ္ဘာစစ်ကာလဖြစ်တဲ့အတွက် တစ်ဝတ်တစ်ပျက်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒါကြောင့် စစ်ပြီးကာလမှာ ရုရှားတို့ဟာ ယင်းလေယာဉ် K-7 ကိုပြန်လည် ဆန်းသစ် နေပါပြီ။ ခရီးသွားလုပ်ငန်းအတွက်အသုံးပြုပြီး လေယာဉ်အပျော်စီး ခရီးအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ စစ်လက်နက် တပ်ဆင်ထားတဲ့ K-7 မျိုးလည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံဟောင်းများကတော့ ယခင် ပျက်ဆီးသွားသော K-7 ဖြစ်ပြီး ပုံသစ်များကတော့ ဒီဇိုင်းရေးဆွဲထားမှုများ ဖြစ်ပါတယ်။















 intemational new myanmar မှ သိသမျှ

No comments:

Post a Comment